Sales Hotline : 09448001653       Download App



IMCEITS Advanced ICT Engineering သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

** Unicode **

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာနနဲ့ အိန္ဒိယနိုင်ငံ C-DAC တို့ပူးပေါင်းဖွင့်လှစ်သည့် အိန္ဒိယမြန်မာသတင်းအချက်အလက်နှင့်နည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းဌာန India-Myanmar Centre for Enhancement of IT Skills (IMCEITS) သင်တန်းဌာနတို့မှ သင်တန်းလျှောက်လွှာခေါ်ယူနေပါတယ်။

Professional Diploma in Java Programming Course (DJP) သင်တန်းကို မေလ (၂၈) ရက်မှစတင်ကာ (၂၄) ပတ်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ (၈၀) လက်ခံမည်ဖြစ်ပါတယ်။

Professional Diploma in MS.Net Programming Course (D.Net) သင်တန်းကို မေလ (၂၈) ရက်မှ စတင်ကာ (၈) ပတ်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ (၄၀) လက်ခံမှာဖြစ်ပါတယ်။

Professional Certificate in Linux Course (Red Hat) သင်တန်းကို စက်တင်ဘာ (၉) ရက်မှစတင်ကာ (၈) ပတ်ကြာဖွင့်လှစ်မှာ ဖြစ်ပြီး သင်တန်းသားဦးရေ (၄၀) လက်ခံမှာဖြစ်ပါတယ်။

Professional Certificate in Android Programming Course အတွက် IMCEITS သင်တန်းဌာနမှ Professional Diploma in Java Programming Course (သို့) Professional Diploma in Wireless and Mobile Computing Course သင်တန်းအောင်မြင်ပြီးသူ (သို့) ICTTI သင်တန်းဌာန Professional Diploma in Software Engineering Course သင်တန်းအောင်မြင်ပြီးသူတွေလျှောက်ထားနိုင်ပြီး Professional Certificate in Linux Course (Red Hat) သင်တန်းအတွက် Linux အခြေခံရှိသူတွေလျှောက်ထားနိုင်ပါတယ်။

သင်တန်းချိန်မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အချိန်ပြည့်သင်တန်းများဖြစ်ပြီးအစိုးရရုံးပိတ်ရက်မှအပ ကျန်ရက်များတွင် တက်ရောက်ရမည်ဖြစ်ပါတယ်။

Read More:>>>> "စာမေးပွဲအဖြေလွှာများကို ဘာသာရပ်နှင့်ကိုက်ညီသူများအားတာဝန်ပေးအပ်မည်"

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းဝင်ခွင့်စာမေးပွဲကို ဧပြီ (၄) ရက်နံနက် (၁၀) နာရီတွင် IMCEITS သင်တန်းဌာနမှာ ဖြေဆိုရမည်ဖြစ်ပါတယ်။

Human Resources (98) လူ့စွမ်းအားအရင်းအမြစ် နှင့်ပက်သက်ပြီး သင်တန်း (၉၈) ခု ရှာရန်နှိပ်ပါ။

လျှောက်လွှာများကို ကျောင်းသားရေးရာဌာနမှာ ဧပြီလ (၁) ရက်နေ့နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်ကို ဖုန်းနံပါတ် ၀၁-၆၅၂၅၄၂၊ ၀၁-၆၅၂၅၂၉၊ ၀၁-၆၆၂၃၂၉ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Credit : Internet

 

** Zawgyi **











Credit : Internet

Latest Post News Tips Read 1024 times