Sales Hotline : 09448001653       Download App



ရောဂါအခြေအနေကြောင့် ကျောင်းဖွင့်ရက်နောက်ကျပါက ကျောင်းပိတ်ရက်လည်းနောက်ကျနိုင်

** Unicode **

မေလအတွင်း COVID-19 ရောဂါအခြေအနေတည်ငြိမ်မှသာ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ဇွန်လ (၁) ရက်နေ့တွင် ပုံမှန်အတိုင်းဖွင့်လှစ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

နိုင်ငံတော်အကြီးအကဲများက COVID-19 ရောဂါထိန်းချုပ်ရန် ညွှန်ကြားထားသဖြင့် ကျောင်းဖွင့်မည့် ကိစ္စများမှာလည်း ပညာရေးဝန်ကြီးဌာန တစ်ခုတည်း၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်၍ မရသောကြောင့် နိုင်ငံတော်အကြီးအကဲများက ညွှန်ကြားမှသာ ကျောင်းပြန်ဖွင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။

ရောဂါအခြေအနေပြန်ကောင်းလာပါက ပုံမှန်အတိုင်း ကျောင်းများပြန်ဖွင့်မည်ဖြစ်ပါတယ်။ အခြေအနေမှာကျောင်းဖွင့်ကာလအထိ ပြန်ကောင်းခြင်းမရှိပါက ကျောင်းဖွင့်ချိန်နောက်ကျသွားမည်ဖြစ်ပါတယ်။

ယခုလို အချိန်အခါမျိုးတွင် မည်သည့်ကိုမှ အတိအကျပြောပြ၍ မရပါ။ ရောဂါထိန်းချုပ်နိုင်သည့် ကာလရောက်ရှိမှသာလျှင် ကျောင်းဖွင့်နိုင်မည်ဖြစ်ပါတယ်။

English (819) အင်္ဂလိပ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၈၁၉) ခုရှာရန်နှိပ်ပါ။

ပြည်တွင်းတွင် ရောဂါအခြေအနေဆက်ရှိနေပါကကျောင်းဖွင့်ရက်မှာ နောက်ကျနိုင်ခြေရှိပြီး ဇွန်လအတွင်းကျောင်းဖွင့်နိုင်ခြင်းမရှိဟု မီဒီယာတစ်ချို့ဖော်ပြမှုမှာ နည်းလည်မှု လွှဲမှားခြင်းသာဖြစ်ကြောင်းလည်း သိရပါတယ်။

ကျောင်းသား/သူများ၏ ကျန်းမာရေးသည်လည်း အဓိက ကျပါတယ်။ ၎င်းအခြေအနေများကြောင့် နှစ်စဉ် ဇွန်လ (၁) ရက်နေ့ကို အခြေခံပညာကျောင်းများ၏ ပုံမှန်ကျောင်းဖွင့်ရက်အဖြစ်သတ်မှတ်ထားပြီး ကျောင်းဖွင့်ရက်နောက်ကျပါက ကျောင်းပိတ်ရက်သည်လည်း နောက်ကျနိုင်ကြောင်း သိရပါတယ်။

Credit:ပညာရေး(Education)
(www.edge.com.mm)
 

** Zawgyi **








(www.edge.com.mm)
 

Tips News News News Latest Post Read 4149 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176