Sales Hotline : 09448001653       Download App
ကျောင်းသားလူငယ်များအတွက် လွယ်ကူရိုးရှင်းသော စာစီစာကုံးရေးသားနည်း
**Unicode**
ကျောင်းသားလူငယ်များ လွယ်ကူသော အတွေးအခေါ်ဖြင့် ရိုးရှင်းသော စာ(၁၀) ကြောင်း၊ စာစီစာကုံးတစ်ပုဒ် ရေးသားနိုင်စေရန် ပထမဦးစွာ စာဖတ်အားကောင်းရန်လိုအပ်ပါတယ်။
မိဘများအနေဖြင့်လည်း မိမိတို့၏ သား/သမီးများကို စာအုပ်စာပေများ ဖတ်သည့်အလေ့အထများရှိအောင် တိုက်တွန်းရန်မှာ အထူးပင်လိုအပ်ပါတယ်။
စာအုပ်စာပေဖတ်သည့် ကျောင်းသားများနဲ့ စာဖတ်အားနည်းတဲ့ ကျောင်းသားများတွင် ကွာခြားချက်က ကျောင်းနေအရွယ် ကျောင်းများတွင် စာ (၁၀) ကြောင်း၊ စာစီစာကုံးရေးရာတွင် အလွန်ပင်သိသာပါတယ်။
စာဖတ်အားကောင်းသောသူမှာ ၎င်း၏အရေးအသားမှာ ကွန့်မြူးလှပအောင်ရေးပြီး စာဖတ်အားနည်းသောသူမှာ အရေးအသားပုံမှန်သာရှိပြီး မူရင်းလိုရင်းကိုပင် အကြောင်းအရာကိုမရောက်ဖြစ်နေတတ်ပါတယ်။
ဒါဆိုရင် စာစီစာကုံးကောင်းတစ်ပုဒ်ဖြစ်ဖို့ ကျောင်းသား/သူတွေ ဘယ်လိုရေးသားမလဲ….
စတုတ္ထတန်းကနေ အထက်တန်းကျောင်းသားတွေအထိပါမက တက္ကသိုလ်ကျောင်းသားများပါမကျန် တွေးခေါ်ပြီးရေးသားနိုင်ရန် စာအုပ်စာပေများများဖတ်ပေးရန်မှာ လိုအပ်ပါတယ်။
စာစီစာကုံးရေနည်း၊ အတွေးအခေါ်ပိုင်းဆိုင်ရာကို အနည်းငယ်တင်ပြပေးပါမယ်…
**ဦးစွာစာစီစာကုံးတစ်ပုဒ်ရေးသားတော့မယ်ဆိုရင် အရင်သိထားသင့်တာက ကိုယ့်ရေးမယ့် စာစီစာကုံးက ဘယ်လိုအရေးအသားနဲ့ ရေးမလဲဆိုတာကို စတင်စဉ်းစားလိုက်ပါ။
အကြမ်းအားဖြင့် ရေးသားနည်းက (၄) နည်းရှိပါတယ်။
(၁) သရုပ်ဖော်ရေးနည်း
(၂) ဖြစ်စဉ်ပြရေးနည်း
(၃) ဖွင့်ဆိုရှင်းပြရေးနည်း
(၄) ကျိုးကြောင်းပြရေးနည်း တို့ပဲဖြစ်ပါတယ်။
ဒီရေးနည်း (၄) နည်းဟာဆိုရင် ပုံမှန်ကျောင်းသား/သူတွေ မကွဲပြားနိုင်ပါဘူး။ ကျောင်းသား/သူတွေဟာ ပုံမှန်လောက်ပဲတွေးမယ်၊ ရေးမယ် အဲ့ဒီလောက်ပဲ သိတာပါ။ အထက်တန်း ကျောင်းသား/သူတွေတော့ သိကောင်းသိနိုင်ပါလိမ့်မယ်။ ဒါကလဲ အင်မတန်မြန်မာစာပေကို ချစ်မြတ်နိုးပြီး လိုက်စားစတဲ့သူတွေမို့ပါ။
ဒီရေးနည်း (၄) နည်းကို ဝေခွဲမရဖြစ်နေတတ်တဲ့ ကျောင်းသား/သူလူငယ်များအတွက် အဓိကရေးသားလို့ရတဲ့ နည်း (၂) နည်းရှိပါသေးတယ်။
“သုတ" နဲ့ "ရသ" ဆိုတဲ့ရေးနည်းပါ။
ဗဟုသုတ အကြောင်းအရာများကို အလေးပေးရေးသားလိုရင် "သုတ" နဲ့ရေးမယ်။ ခံစားချက်ေတွေကို အလေးပေးဖော်ပြရေးသားလိုရင် "ရသ" နဲ့ရေးမယ်။
စာမေးပွဲဖြေမယ့် ကျောင်းသား/သူတွေဆိုရင် ကိုယ်ကဘယ်အရေးအသားကို ပိုင်နိုင်မလဲအရင်ရွေးပါ ပြီးမှသာ တွေးခေါ်ရေးသားပါ။ ဒါဆိုရင်ပိုပြီးအဆင်ပြေလွယ်ကူစေပါလိမ့်မယ်။
အဓိက အထက်ကျောင်သား/သူတွေမှာဆိုရင် နောက်ထပ်အဓိကကျသော အချက်က သဒ္ဒါနည်းမှန်ကန်ပြီး ရှင်းလင်းပြေပြစ် ကျစ်လစ်သော စာစီစာကုံးအရေးသား တစ်ခုဖြစ်ရန် လိုအပ်ပါတယ်။
သာမန်ကျောင်းသား/သူတစ်ယောက်အနေနဲ့ လေ့လာမယ်၊ စာအုပ်စာပေလဲဖတ်မယ်ဆိုရင် သူအတွက် ကောင်းမွန်တဲ့စာစီစာကုံး တစ်ပုဒ်ရရှိလာမှာ အခက်အခဲမရှိလောက်ပါဘူး။
စတုတ္ထတန်းနဲ့ အလယ်တန်းကျောင်းသား/သူတွေကို ဆရာ/ဆရာမများက စာစီစာကုံးရေးခိုင်းရင် သီးသန့် (Note) အနေနဲ့ အောက်မှာပေးထားတဲ့ အချက်အလက်တွေ့ပါလိမ့်မယ်။
ဒါဆိုရင် ပေးထားချက်တွေကို ချဲ့ထွင်ပြီး အတွေးအမြင်နဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ရေးသားရင် လွယ်ကူနိုင်ပါတယ်။
အဲ့ဒီလို ရေးသားနိုင်ဖို့အတွက်လည်း စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါမှာ…
(က) ဗဟုသုတ
(ခ) အတွေးအမြင်
(ဂ) ခံစားမှုနဲ့ သေချာနားလည်အောင် ဖတ်ပေးထားရပါမယ်။
၎င်း (၃) ချက်ကိုရပြီဆိုရင် ရေးသားတဲ့နေရာမှာ (က) စာတွေ့၊ (ခ) ကိုယ်တွေ့၊ (ဂ) ပြဌာန်းစာ အစရှိတာတွေနဲ့ တွဲဖက်ရေးသားနိုင်ပါတယ်။
နောက်ဆုံးအချက်အနေနဲ့ ပေးထားတဲ့ အချက်အလက်ကို ချဲ့ထွင်မယ်ရေးသားမယ်၊ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ရေးမယ်ဆိုရင် ကောင်းမွန်တဲ့ စာစီစာကုံးတစ်ပုဒ်ကို လွယ်ကူစွာရရှိလာနိုင်ပါတယ်။
ဥပမာ။ ကျောင်းသားတစ်ယောက်ဟာ သူခရီးလုံးဝကိုမထွက်ဘူးပါဘူး။ ဒါပေမဲ့စာစီစာကုံးရေးရမှာက " တစ်ခါကဘုရားဖူးတစ်ခေါက်" ၊ "သာယာလှပသော ကျေးရွာသို့အလည်တစ်ခေါက်" အဲ့ဒီလို စာစီစာကုံးမျိုးဆို စာဖတ်ထားမှသာ ခံစားချက်ထည့်ပြီး တွေးခေါ်ရေးသားနိုင်မှာပါ။
Read More:>>>> "In, On, At ဆိုတဲ့စကားလုံးတွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုမလဲ?
ဒါကြောင့် ကျောင်းသားလူငယ်များအနေဖြင့် စာအုပ်စာပေ များများဖတ်ပါရန် တိုက်တွန်းအပ်ပါတယ်။ မိမိတို့၏ အချိန်များကို အကျိုးရှိစွာအသုံးချရန် ဂရုဏာမေတ္တာဖြင့် တိုက်တွန်းလိုပါတယ်။
(မိမိ၏ အထက်တန်းကျောင်းသားဘဝ အတွေ့အကြုံနှင့် ဆရာသမားများ၏ ပြောကြားခဲ့သော စကားများ၊ သင်ကြားခဲ့သော အကြောင်းအရာများ အစရှိသည်များကို မိမိ၏ အတွေ့အကြုံတို့ဖြင့် ပေါင်းစပ်ရေးသားခြင်းဖြစ်ပါတယ်။ ကျောင်းသားလူငယ်များအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။)
Authoress: Phyoe Thazin Shwe
**Zawgyi**
စာဖတ်အားကောင်းသောသူမှာ ၄င်း၏အရေးအသားမှာ ကွန့်မြူးလှပအောင်ရေးပြီး စာဖတ်အားနည်းသောသူမှာ အရေးအသားပုံမှန်သာရှိပြီး မူရင်းလိုရင်းကိုပင် အကြောင်းအရာကိုမရောက်ဖြစ်နေတတ်ပါတယ်။
(၁) သရုပ်ဖော်ရေးနည်း
(၂) ဖြစ်စဉ်ပြရေးနည်း
(က) ဗဟုသုတ
(ခ) အတွေးအမြင်
Tips Tips Tips Tips Latest Post Read 15339 times
Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176