Sales Hotline : 09448001653       Download App



ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်မြင့်တက်လာတဲ့ ရန်ကုန်တက္ကသိုလ်

ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်မြင့်တက်လာတဲ့ ရန်ကုန်တက္ကသိုလ်

ရန္ကုန္တကၠသုိလ္သည္ ကမ႓ာ႔တကၠသုိလ္ သတ္မွတ္ခ်က္တြင္ ၂၀၁၆ ခုႏွစ္က အဆင့္ (၁၃၀၇၂)ဆင့္ ရွိခဲ့ရာမွ ၂၀၁၉ ခုႏွစ္တြင္ အဆင့္ (၇၂၂၁) သို႔ျမင့္တက္လာခဲ့ပါတယ္။

ကမ႓ာ႔အဆင့္တကၠသိုလ္သတ္မွတ္ခ်က္မ်ား ထုတ္ျပန္သည့္ Webometrics အဖြဲ႔အစည္း၏ ၂၀၁၉ ခုႏွစ္ ဇူလိုင္အထိ ဆန္းစစ္မႈအရ ရန္ကုန္တကၠသုိလ္သည္ ျမန္မာႏိုင္ငံတကၠသုိလ္မ်ား အဆင့္တြင္ နံပါတ္ () ေနရာတြင္ ရွိေနၿပီး ကမ႓ာ႔အဆင့္တြင္ (၇၂၂၁) တြင္ ရွိေနပါတယ္။

 

ကမ႓ာ႔အဆင့္ တစ္ေသာင္းေက်ာ္ရွိတာကေန အခု ၂၀၁၉ ခုႏွစ္မွာ အဆင့္ခုနစ္ေထာင္ေက်ာ္ ျဖစ္လာတယ္။ ႏုိင္ငံတကာက အသိအမွတ္ျပဳလာတယ္။ လာမယ့္ (၁၀) ႏွစ္အတြင္းမွာ ႏိုင္ငံတကာတန္းဝင္တကၠသုိလ္၊ ေဒသအတြင္းမွာထိပ္တန္းတကၠသုိလ္ တစ္ခုျဖစ္လာဖို႔ ေမ်ွာ္မွန္းထားပါတယ္ ဟုရန္ကုန္တကၠသုိလ္ ပါေမာကၡခ်ဳပ္ေဒါက္တာဖိုးေကာင္းကေျပာပါတယ္။

 

Webometrics အဖြဲ႔အစည္းစာရင္းအရ မႏၱေလးတကၠသုိလ္သည္ ကမ႓ာ႔အဆင့္ (၁၁၂၅၇)၊ ရန္ကုန္ကြန္ပ်ဴတာတကၠသုိလ္သည္ အဆင့္ (၁၂၂၃၃)၊ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္သည္ အဆင့္ (၁၅၂၁၆)၊ ၿမိတ္တကၠသုိလ္က အဆင့္ (၁၇၆၂၃) ရရွိထားၿပီး ထိုတကၠသုိလ္မ်ားသည္ ျမန္မာႏိုင္ငံရွိတကၠသုိလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္ (၁၇၆) ခုရွိသည့္အနက္ ကမ႓ာ႔အဆင့္တြင္ အျမင့္ဆံုး စာရင္းဝင္တကၠသုိလ္မ်ား ျဖစ္ပါတယ္။

 

Webometrics အဖြဲ႔အစည္းသည္ ကမ႓ာေပၚရွိ တကၠသုိလ္ (၂၈၀၀၀) ေက်ာ္ကို တစ္ႏွစ္လ်ွင္ ႏွစ္ႀကိမ္ ဇန္နဝါရီႏွင့္ ဇူလိုင္တြင္ ဆန္းစစ္ကာ ကမ႓ာ႔တကၠသိုလ္ အဆင့္သတ္မွတ္ခ်က္ကို တစ္ႏွစ္လ်ွင္ ႏွစ္ႀကိမ္ ေၾကညာေပးပါတယ္။

လုပ္ငန္းခြင္ လိုအပ္ခ်က္ ျဖည့္ဆည္းႏုိင္သည့္ ဘြဲ႔ရအရည္အေသြးမီ ေက်ာင္းသားေမြးထုတ္ႏိုင္မႈ ပမာဏ၊ ေက်ာင္းသား၊ ဆရာအခ်ိဳး၊ ႏိုင္ငံတကာေက်ာင္းသားဦးေရ၊ အမ်ိဳးသား၊ အမ်ိဳးသမီးဦးေရ အခ်ိဳးတို႔ေပၚမူတည္၍ ကမ႓ာ႔အဆင့္တကၠသုိလ္စာရင္း သတ္မွတ္ျခင္းျဖစ္ၿပီး တရားဝင္ Website ဖြင့္ထားသည့္ တကၠသုိလ္မ်ားကုိသာ ကမ႓ာ႔တကၠသုိလ္သတ္မွတ္ခ်က္တြင္ ထည့္သြင္းစဥ္းစားျခင္းျဖစ္ပါတယ္။

 

Catering (11) ဧည္ခံေကၽြးေမြးျခင္းသင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

 

ကမ႓ာ႔အဆင့္တကၠသုိလ္ သတ္မွတ္ခ်က္တြင္ ဟားဗက္ တကၠသုိလ္က အဆင့္ ()၊ စတမ္းဖို႔ဒ္ တကၠသုိလ္က အဆင့္ ()၊ မန္းခ်ဴးဆက္ နည္းပညာတကၠသုိလ္က အဆင့္ ()တြင္ ရွိေနၿပီး အာရွႏိုင္ငံမ်ားရွိ တကၠသုိလ္မ်ားအနက္ တရုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕ရွိ Tsinghua တကၠသုိလ္က ကမ႓ာ႔အဆင့္ (၃၃) ေနရာတြင္ ရွိေနပါတယ္။

 

အာရွႏိုင္ငံမ်ားတြင္ ေဟာင္ေကာင္တကၠသိုလ္က ဒုတိယအဆင့္တြင္ ရွိေနၿပီး ကမ႓ာ႔အဆင့္ (၄၅) ျဖစ္ပါတယ္။ စင္ကာပူအမ်ိဳးသား တကၠသုိလ္က ကမ႓ာ႔အဆင့္ (၅၀) ေနရာတြင္ ရွိေနၿပီး အာရွတြင္ တတိယအဆင့္ ရပ္တည္ေနပါတယ္။

 

Source: 7Day Daily

 

**Unicode**

 

ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့တက္ကသိုလ် သတ်မှတ်ချက်တွင် ၂၀၁၆ ခုနှစ်က အဆင့် (၁၃၀၇၂)ဆင့် ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အဆင့် (၇၂၂၁) သို့မြင့်တက်လာခဲ့ပါတယ်။

ကမ္ဘာ့အဆင့်တက္ကသိုလ်သတ်မှတ်ချက်များ ထုတ်ပြန်သည့် Webometrics အဖွဲ့အစည်း၏ ၂၀၁၉ ခုနှစ် ဇူလိုင်အထိ ဆန်းစစ်မှုအရ ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံတက္ကသိုလ်များ အဆင့်တွင် နံပါတ် (၁) နေရာတွင် ရှိနေပြီး ကမ္ဘာ့အဆင့်တွင် (၇၂၂၁) တွင် ရှိနေပါတယ်။


ကမ္ဘာ့အဆင့် တစ်သောင်းကျော်ရှိတာကနေ အခု ၂၀၁၉ ခုနှစ်မှာ အဆင့်ခုနစ်ထောင်ကျော် ဖြစ်လာတယ်။ နိုင်ငံတကာက အသိအမှတ်ပြုလာတယ်။ လာမယ့် (၁၀) နှစ်အတွင်းမှာ နိုင်ငံတကာတန်းဝင်တက္ကသိုလ်၊ ဒေသအတွင်းမှာထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်လာဖို့ မျှော်မှန်းထားပါတယ် ဟုရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာဖိုးကောင်းကပြောပါတယ်။


Webometrics အဖွဲ့အစည်းစာရင်းအရ မန္တလေးတက္ကသိုလ်သည် ကမ္ဘာ့အဆင့် (၁၁၂၅၇)၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် အဆင့် (၁၂၂၃၃)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် အဆင့် (၁၅၂၁၆)၊ မြိတ်တက္ကသိုလ်က အဆင့် (၁၇၆၂၃) ရရှိထားပြီး ထိုတက္ကသိုလ်များသည် မြန်မာနိုင်ငံရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၁၇၆) ခုရှိသည့်အနက် ကမ္ဘာ့အဆင့်တွင် အမြင့်ဆုံး စာရင်းဝင်တက္ကသိုလ်များ ဖြစ်ပါတယ်။


Webometrics အဖွဲ့အစည်းသည် ကမ္ဘာပေါ်ရှိ တက္ကသိုလ် (၂၈၀၀၀) ကျော်ကို တစ်နှစ်လျှင် နှစ်ကြိမ် ဇန်နဝါရီနှင့် ဇူလိုင်တွင် ဆန်းစစ်ကာ ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်ကို တစ်နှစ်လျှင် နှစ်ကြိမ် ကြေညာပေးပါတယ်။

လုပ်ငန်းခွင် လိုအပ်ချက် ဖြည့်ဆည်းနိုင်သည့် ဘွဲ့ရအရည်အသွေးမီ ကျောင်းသားမွေးထုတ်နိုင်မှု ပမာဏ၊ ကျောင်းသား၊ ဆရာအချိုး၊ နိုင်ငံတကာကျောင်းသားဦးရေ၊ အမျိုးသား၊ အမျိုးသမီးဦးရေ အချိုးတို့ပေါ်မူတည်၍ ကမ္ဘာ့အဆင့်တက္ကသိုလ်စာရင်း သတ်မှတ်ခြင်းဖြစ်ပြီး တရားဝင် Website ဖွင့်ထားသည့် တက္ကသိုလ်များကိုသာ ကမ္ဘာ့တက္ကသိုလ်သတ်မှတ်ချက်တွင် ထည့်သွင်းစဉ်းစားခြင်းဖြစ်ပါတယ်။


Catering (11) ဧည်ခံကျွေးမွေးခြင်းသင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


ကမ္ဘာ့အဆင့်တက္ကသိုလ် သတ်မှတ်ချက်တွင် ဟားဗက် တက္ကသိုလ်က အဆင့် (၁)၊ စတမ်းဖို့ဒ် တက္ကသိုလ်က အဆင့် (၂)၊ မန်းချူးဆက် နည်းပညာတက္ကသိုလ်က အဆင့် (၃)တွင် ရှိနေပြီး အာရှနိုင်ငံများရှိ တက္ကသိုလ်များအနက် တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ Tsinghua တက္ကသိုလ်က ကမ္ဘာ့အဆင့် (၃၃) နေရာတွင် ရှိနေပါတယ်။


အာရှနိုင်ငံများတွင် ဟောင်ကောင်တက္ကသိုလ်က ဒုတိယအဆင့်တွင် ရှိနေပြီး ကမ္ဘာ့အဆင့် (၄၅) ဖြစ်ပါတယ်။ စင်ကာပူအမျိုးသား တက္ကသိုလ်က ကမ္ဘာ့အဆင့် (၅၀) နေရာတွင် ရှိနေပြီး အာရှတွင် တတိယအဆင့် ရပ်တည်နေပါတယ်။


Source: 7Day Daily

 

Tips Read 10522 times