Sales Hotline : 09448001653       Download App



ရက်ပေါင်း အနည်းငယ်သာလိုတော့တဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအတွက်

**Unicode**

အရေအတွက်အားဖြင့် ရက်ပေါင်းအနည်းငယ်သာလိုတော့တဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအားလုံးအား အနည်းငယ်အကြံပြုပေးလိုပါတယ်။
စာမေးပွဲကြီး ဖြေဆိုရန်အားလုံးအဆင့်သင့်ဖြစ်ကြပြီလား?
မိမိကိုယ်ကို မိမိပြန်လည်မေးကြည့်လိုက်ပါ။
ငါသည် ဘယ်လိုဘာသာရပ်ကို စိတ်အားထက်သန်နေလဲ
ဘယ်လိုဘာသာရပ်ကို အားနည်းနေလဲ
ပြန်လည်သုံးသပ်သင့်ပါပြီ။
အများအားဖြင့် ကျောင်းသား/သူများသည် စာလုပ်မယ်/စာကျက်တော့မယ် ဆိုတာနဲ့ မိမိတို့ အားသန်တဲ့ ဘာသာရပ်ကို ဦးစားပေးပြီးလုပ်တတ်ကြပါတယ်။ အားနည်းတဲ့ဘာသာရပ်ကို လုပ်တာနည်းကျတယ်။
အမှန်က မိမိအားနည်းတဲ့ ဘာသာရပ်ကို ပိုမိုလုပ်ပေးကြပါ၊ ကျက်မှတ်ပါ၊ လေ့လာပါ၊ ပိုမိုတွက်ချက်ပါ။
ဒါမှ အဆင်ပြေနိုင်မှာပါ။
ဘဝရဲ့ တစ်ဆစ်ချိုး အောင်မြင်မှုပန်းတိုင်ကို လွယ်လွယ်နဲ့တော့မရပါဘူး။ ပေးဆပ်မှုများမှ ရယူနိုင်မှုလဲ ကောင်းမွန်မှာပါ။
လူတိုင်းလူတိုင်း ဘဝမှာ လုပ်ချင်တာကိုပဲ လုပ်ကြတယ်။ မလုပ်ချင်တာဆို မလုပ်တတ်ကြဘူး။
ဆန့်ကျင်ဖက်နဲနဲလေး တွေးေခေါ်ပြီး ကိုယ်ပိုင်နိုင်မှု မရှိသေးတဲ့ ဘာသာရပ်ကို အရင်စလုပ်ကြပါ။
တခါတလေ ကိုယ်အောင်မြင်မှုအတွက် မလုပ်ချင်တာလေးကို လုပ်လိုက်ကြပါလို့ ပြောချင်ပါတယ်။
မလုပ်ချင်တဲ့အရာကို စွန့်စားပြီး လုပ်ကြည့်လိုက်ပါ ရလဒ်အလွန်ကောင်းမွန်လာပါလိမ့်မယ်။
စာကိုအကုန်ရမှ အောင်မယ်လို့ ပြောထားတာတွေမရှိပါဘူး။
တစ်အုပ်လုံးပိုင်နိုင်မှ အောင်မယ်လို့ ဆိုတာမျိုးတွေလုံးဝမရှိပါဘူး။
အဲ့ဒီနေရာမှာ အနည်းငယ်အတွေးခေါ်ကို မတိမ်စေချင်ပါဘူး။
မိမိကိုယ်တိုင်ရဲ့စိတ်ထဲမှာ ငါသည် အခုလောက်ဆို အောင်မှတ်လောက်တော့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်လိုက်ပါ။
အမှတ်များများရနိုင်နေပြီလို့ ယုံကြည်လိုက်ပါ။
ဂုဏ်ထူးတွေ ထွက်နိုင်နေပြီလို့ ယုံကြည့်လိုက်ပါ။
တချို့ကျောင်းသား/သူများသည် ဝေဝါးနေတတ်ပါတယ်။စာကရတာလား/ မရသေးတာလား။
လုံးဝတွေဝေမနေပါနဲ့။
ဒီအချိန်မှာ မရနိုင်တော့တဲ့စာကိုတော့ အတင်းဖိမကျက်ပါနဲ့။
ရပြီးစာတွေပါ ရောသွားနိုင်ပါတယ်။
ရထားတဲ့ စာများကို ပြန်လည်ထပ်ခါ ထပ်ခါ လေ့ကျင့်ပေးကြပါ။ လိုအပ်နေတဲ့ ဘာသာရပ်များကို ပြန်လည်ကျက်မှတ်ပေးပါ။
ကိုယ်ရဲ့အားနည်းချက်၊ အားသာချက်ကို ကိုယ်တိုင်သာ အသိဆုံးပါ။
အားနည်းချက်ရှိတာကို ပိုမိုလုပ်ဆောင်ပါ။
ခေါင်းအေးအေးထားကြပါ။
အားလုံအဆင်ပြေသွားပါလိမ့်မယ်။

(တက္ကသိုလ်ဝင်တန်း ကျောင်းသူဘဝ အတွေ့အကြုံအချို့ကို မျှဝေခြင်းဖြင့် အားပေးလိုစိတ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်ပါတယ်။)


Authoress Phyoe Thazin Shwe
(www.edge.com.mm)

**Zawgyi**

အေရအတြက္အားျဖင့္ ရက္ေပါင္းအနည္းငယ္သာလိုေတာ့တဲ့ တကၠသိုလ္ဝင္တန္းေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအားလုံးအား အနည္းငယ္အႀကံျပဳေပးလိုပါတယ္။
စာေမးပြဲႀကီး ေျဖဆိုရန္အားလုံးအဆင့္သင့္ျဖစ္ၾကၿပီလား?
မိမိကိုယ္ကို မိမိျပန္လည္ေမးၾကည့္လိုက္ပါ။
ငါသည္ ဘယ္လိုဘာသာရပ္ကို စိတ္အားထက္သန္ေနလဲ
ဘယ္လိုဘာသာရပ္ကို အားနည္းေနလဲ
ျပန္လည္သုံးသပ္သင့္ပါၿပီ။
အမ်ားအားျဖင့္ ေက်ာင္းသား/သူမ်ားသည္ စာလုပ္မယ္/စာက်က္ေတာ့မယ္ ဆိုတာနဲ႔ မိမိတို႔ အားသန္တဲ့ ဘာသာရပ္ကို ဦးစားေပးၿပီးလုပ္တတ္ၾကပါတယ္။ အားနည္းတဲ့ဘာသာရပ္ကို လုပ္တာနည္းက်တယ္။
အမွန္က မိမိအားနည္းတဲ့ ဘာသာရပ္ကို ပိုမိုလုပ္ေပးၾကပါ၊ က်က္မွတ္ပါ၊ ေလ့လာပါ၊ ပိုမိုတြက္ခ်က္ပါ။
ဒါမွ အဆင္ေျပႏိုင္မွာပါ။
ဘဝရဲ႕ တစ္ဆစ္ခ်ိဳး ေအာင္ျမင္မႈပန္းတိုင္ကို လြယ္လြယ္နဲ႔ေတာ့မရပါဘူး။ ေပးဆပ္မႈမ်ားမွ ရယူႏိုင္မႈလဲ ေကာင္းမြန္မွာပါ။
လူတိုင္းလူတိုင္း ဘဝမွာ လုပ္ခ်င္တာကိုပဲ လုပ္ၾကတယ္။ မလုပ္ခ်င္တာဆို မလုပ္တတ္ၾကဘူး။
ဆန႔္က်င္ဖက္နဲနဲေလး ေတြးေေခၚၿပီး ကိုယ္ပိုင္ႏိုင္မႈ မရွိေသးတဲ့ ဘာသာရပ္ကို အရင္စလုပ္ၾကပါ။
တခါတေလ ကိုယ္ေအာင္ျမင္မႈအတြက္ မလုပ္ခ်င္တာေလးကို လုပ္လိုက္ၾကပါလို႔ ေျပာခ်င္ပါတယ္။
မလုပ္ခ်င္တဲ့အရာကို စြန႔္စားၿပီး လုပ္ၾကည့္လိုက္ပါ ရလဒ္အလြန္ေကာင္းမြန္လာပါလိမ့္မယ္။
စာကိုအကုန္ရမွ ေအာင္မယ္လို႔ ေျပာထားတာေတြမရွိပါဘူး။
တစ္အုပ္လုံးပိုင္ႏိုင္မွ ေအာင္မယ္လို႔ ဆိုတာမ်ိဳးေတြလုံးဝမရွိပါဘူး။
အဲ့ဒီေနရာမွာ အနည္းငယ္အေတြးေခၚကို မတိမ္ေစခ်င္ပါဘူး။
မိမိကိုယ္တိုင္ရဲ႕စိတ္ထဲမွာ ငါသည္ အခုေလာက္ဆို ေအာင္မွတ္ေလာက္ေတာ့ အဆင္သင့္ျဖစ္ေနၿပီလို႔ ယုံၾကည္လိုက္ပါ။
အမွတ္မ်ားမ်ားရႏိုင္ေနၿပီလို႔ ယံုၾကည္လိုက္ပါ။
ဂုဏ္ထူးေတြ ထြက္ႏိုင္ေနၿပီလို႔ ယံုၾကည့္လိုက္ပါ။
တခ်ိဳ႕ေက်ာင္းသား/သူမ်ားသည္ ေဝဝါးေနတတ္ပါတယ္။စာကရတာလား/ မရေသးတာလား။
လံုးဝေတြေဝမေနပါနဲ႔။
ဒီအခ်ိန္မွာ မရႏိုင္ေတာ့တဲ့စာကိုေတာ့ အတင္းဖိမက်က္ပါနဲ႔။
ရၿပီးစာေတြပါ ေရာသြားႏိုင္ပါတယ္။
ရထားတဲ့ စာမ်ားကို ျပန္လည္ထပ္ခါ ထပ္ခါ ေလ့က်င့္ေပးၾကပါ။ လိုအပ္ေနတဲ့ ဘာသာရပ္မ်ားကို ျပန္လည္က်က္မွတ္ေပးပါ။
ကိုယ္ရဲ႕အားနည္းခ်က္၊ အားသာခ်က္ကို ကိုယ္တိုင္သာ အသိဆုံးပါ။
အားနည္းခ်က္ရွိတာကို ပိုမိုလုပ္ေဆာင္ပါ။
ေခါင္းေအးေအးထားၾကပါ။
အားလံုအဆင္ေျပသြားပါလိမ့္မယ္။

(တကၠသုိလ္ဝင္တန္း ေက်ာင္းသူဘဝ အေတြ႔အႀကံဳအခ်ိဳ႕ကို မ်ွေဝျခင္းျဖင့္ အားေပးလိုစိတ္ျဖင့္ ေရးသားခဲ့ျခင္းျဖစ္ပါတယ္။)


Authoress Phyoe Thazin Shwe
(www.edge.com.mm)
 

Tips Latest Post Read 1079 times