Sales Hotline : 09448001653       Download App



ကျွမ်းကျင်သူများ၏ အရည်အသွေးနှင့် အရည်အချင်းများ တိုးတက်စေရန် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးမှု ကွန်ဖရန့် (၂၀၁၉) အား ကျင်းပမည့်အစီအစဉ်

ကျွမ်းကျင်သူများ၏ အရည်အသွေးနှင့် အရည်အချင်းများ တိုးတက်စေရန် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးမှု ကွန်ဖရန့် (၂၀၁၉) အား ကျင်းပမည့်အစီအစဉ်

LEARN Education Group ၏ ကုမ္ပဏီအခွဲ တစ်ခုဖြစ်ပြီး တစ်ခုတည်းသော ကျွမ်းကျင်မှုအခြေခံကျောင်း တစ်ကျောင်းဖြစ်သည့် LEARN Myanmar သည် Yoma Strategic Holdings နှင့် စင်္ကာပူနိုင်ငံမှ Professionals Supremacy Corporation Pte. Ltd တို့ဖြင့် ပူးပေါင်းကာ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးမှု ကွန်ဖရန့် ၂၀၁၉ (Professional Development Conference, PDC 2019) အား ရန်ကုန်မြို့ရှိ Hotel Awei Metta တွင် စက်တင်ဘာလ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် မြန်မာနိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များ၊ မန်နေဂျာများ၊ အလုပ်အမှုဆောင်များနှင့် စွန့်ဦးတီထွင်သူများ၏ အနာဂါတ်အား မြှင့်တင်ပေးရန်နှင့် ကောင်းမွန်သော အနာဂါတ်များ ရရှိလာစေရန် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

 

ယခုတတိယအကြိမ်မြောက်ကျင်းပသည့်နှစ်တွင်လည်း PDC သည် စင်္ကာပူနှင့် မြန်မာနိုင်ငံမှ အရည်အချင်း၊ ဗဟုသုတနှင့် အတွေ့အကြုံရှိသော ပညာရှင်များဖြင့် မြန်မာနိုင်ငံရှိ အရည်အချင်းရင်းမြစ်များအား တိုးပွားစေရန် ဆက်လက်၍ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။


နှစ်ဖက်သော ကျွမ်းကျင်ပညာရှင်များ ဗဟုသုတ တတ်မြောက်မှုများဝေမျှမှုသည် မြန်မာနိုင်ငံရှိ ကျွမ်းကျင်သူများ ၄င်းတို့၏ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ပိုမိုတက်မြောက်ကျွမ်းကျင်လာစေပြီး မြန်မာနိုင်ငံရှိ ကုမ္ပဏီများကြား သင်တန်းများပေးမှုအား နှိုးဆော်စေကာ ထိုမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါသည်။

 

Professional Supremacy Company နှင့် ကွန့်ဖရန့်၏ ဥက္ကဌဖြစ်သူ Mr. FT Lui မှ “ဒီနှစ် PDC ပွဲကို ပုံမှန်ကနေ ကွဲထွက်သွားအောင် ခေတ်မှီဆွဲဆောင်မှုရှိပြီး အထက်တန်းကျတဲ့ အခန်းတွေမှာပြုလုပ်သွားမှာဖြစ်ပါတယ်” ဟုပြောကြားပါသည်။


ထို့ပြင် “မြန်မာနိုင်ငံမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ မန်နေဂျာတွေ၊ အလုပ်အမှုဆောင်တွေနဲ့ စွန့်ဦးတီထွင်သူတွေကတော့ ဒီကွန်ဖရန့် (၂) ရက်ပြီးရင် အလုပ်အသစ်တွေလုပ်ဖို့၊ လုပ်ငန်းတိုးတက်မှုတွေ လုပ်ဆောင်မှုအတွက် အားအင်တွေ စိတ်ခွန်အားတွေ ရရှိနေမှာဖြစ်ပါတယ်” ဟုထပ်လောင်းပြောကြားပါသည်။

 

LEARN Myanmar ၏ တည်ထောင်သူနှင့် CEO ဖြစ်သော Ms. Valerie Badilla မှ “LEARN က စတင်တည်ထောင်တဲ့ (၂၀၁၄) ခုနှစ်တည်းကစလို့ မြန်မာနိုင်ငံမှာ အရည်အသွေး ကောင်းမွန်တဲ့ ပညာရေးနဲ့ သင်ကြားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ပြည်တွင်း မိတ်ဖက်အဖွဲ့အစည်းတွေ၊ အလုပ်အပ်သူတွေနဲ့ နိုင်ငံတကာ ကုန်သည်များအသင်း၊ အသင်းအဖွဲ့တွေနဲ့တောက်လျှောက် လက်တွဲလုပ်ဆောင်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့သူတွေကလည်း အနေအထားတစ်ခုကို ရောက်လာပြီဆိုတော့ သင်ကြားရေးနယ်ပယ်ကလည်း သင်ရိုးအမျိုးမျိုးကို အသုံးပြုပြီးသင်ကြားလာရပါတယ်။

 

English (866) အင်္ဂလိပ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (866) ခုရှာရန်နှိပ်ပါ။


PDC နဲ့ပတ်သက်ပြီး ကျွန်မရဲ့ ရည်မှန်းချက်ကတော့ မြန်မာနဲ့ စင်္ကာပူနိုင်ငံတို့မှာရှိတဲ့ ကျွမ်းကျင်သူတွေဟာအကောင်းဆုံး အလေ့အကျင့်တွေ၊ နည်းပညာတွေ၊ ချဉ်းကပ်မှုတွေကို မျှဝေဖို့၊ အခုခေတ်ကျွမ်းကျင်သူတွေရဲ့ သင်ကြားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်ထိရောက်တဲ့ သင်တန်းတွေပေးနိုင်ဖို့အတွက်ကို အာမခံချက်ပေးနိုင်တဲ့ ကွန်ဖရန့်တစ်ခု ဖြစ်လာစေဖို့ပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

 

French (16) ပြင်သစ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းများရှာရန်နှိပ်ပါ။

 

“အရှေ့တောင်အာရှက အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရင်းအမြစ်တွေကို ရယူခွင့်ရမှာဖြစ်တဲ့အတွက် သူတို့အဖွဲ့အစည်းမှာရှိတဲ့လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အလေးအနက်ထားတဲ့ စီးပွားရေးခေါင်းဆောင်တွေအားလုံး လာပြီးတက်ရောက်သင့်တဲ့ ကွန်ဖရန့်တစ်ခုပါ။” ဟု Yoma Group of Companies ၏ Head of Human Resources ဖြစ်သူ Mr. Martin Appel မှပြောကြားခဲ့သည်။

 

ကွန်ဖရန့်တွင် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးမှု၊ ခေတ်ရေစီးကြောင်းမှ သင်ကြားမှု (၄) ခုဖြစ်သော ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့်နည်းပညာ၊ စွန့်ဦးတီထွင်မှုနှင့် တီထွင်ဖန်တီးမှု၊ ဒီဂျစ်တယ်အသွင်ကူးပြောငးမှု အစရှိသည့် အကြောင်းအရာများအား စင်္ကာပူနှင့် မြန်မာနိုင်ငံမှ ဟောပြောသူ အယောက် (၃၀) ကျော် လာရောက်ဆွေးနွေးသွားမည်ဖြစ်သည်။ ကွန်ဖရန့်အတွက် လတ်မှတ်များအား Myanpwel Website (www.myanpwel.com) မှတစ်ဆင့် ၀ယ်ယူနိုင်ပါသည်။

 

PDC 2019 အကြောင်းထပ်မံသိရှိလိုပါက Professional Development Conference ၏ Facebook Page @PDC Yangon (https://www.facebook.com/PDCYangon/) အား သွားရောက်ကြည့်ရှုနိုင်ပြီး မရတနာ (၀၉-၄၄၃၆၈၅၁၅) အားဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

Read More:>>> တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများကို စက်တင်ဘာ (၂) ရက်နေ့မှစတင်လက်ခံနေပါပြီ

 

**LEARN Myanmar အကြောင်း

LEARN Education Group သည် Hong Kong မှတ်ပုံတင် L&D စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိစီးပွားဖြစ် ပညာရေးလုပ်ငန်းများအား ဖန်တီးမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငွေကြေးထောက်ပံ့မှု၊ ဈေးကွက်တွင်လုပ်ငန်းလည်ပတ်ရေးဝန်ဆောင်မှုများ ပေးအပ်လျှက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။
(၂၀၁၄) ခုနှစ်တွင် LEARN Education Group မှ ထူထောင်ခဲ့သည့် တစ်ခုတည်းသော ကျွမ်းကျင်မှု အခြေခံကျောင်းဖြစ်သည့် LEARN Myanmar သည် PDC 2018 အား ရန်ကုန်မြို့တွင် စက်တင်ဘာ (၂၉) မှ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်ရန် စင်္ကာပူမှ Professionals Supremacy Corporation Pte Ltd ဖြင့် မိတ်ဖက်ပူးပေါင်းခဲ့သည်။ PDC 2019 အား စက်တင်ဘာ (၂၇) မှ (၂၈) ရက်နေ့အထိ Awei Metta Hotel တွင်ပြုလုပ်သွားမည်ဖြစ်ပါသည်။

 

**Professionals Supremacy Corporation Pte. Ltd အကြောင်း

ကျွမ်းကျင်သူများအား ၄င်းတို့၏ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် သာလွန်နိုင်ရန် သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖြေရှင်းနည်းများအား ၀န်ဆောင်မှုပေးသည့် စင်္ကာပူအခြေစိုက် ကမ္ဘာ့အဆင့်မီ ကုမ္ပဏီတစ်ခုဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များ ပိုမိုတိုးတက်လာခြင်းသည် လူတိုင်းအတွက် အကျိုးအမြတ်ဖြစ်သည်ဟုယုံကြည်သည်။ ၄င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအား ထောက်ပံ့ရန် တစ်ဦးနှင့် တစ်ဦး ကျွမ်းကျင်မှု၊ ဗဟုသုတနှင့် အတွေ့အကြုံများအား မျှဝေနိုင်မည့် နေရာများအား ဖွဲ့စည်းပေးထားသည်။ ကျွမ်းကျင်ပညာရှင်များအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ ကွန်ဖရန့်များ၊ နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများနှင့် ပွဲများကျင်းပပြုလုပ်ပေးသည်။ နိုင်ငံတကာတွင် လုပ်ငန်းတိုးချဲ့နိုင်ရန် ဦးစားပေးလုပ်ကိုင်လျှက်ရှိသည်။

 

Media Contact

Nan Khin Nyein Chan
[email protected]
(95) 09-765220817

 

Yoma Group of Companies မှ Human Resources ဌာန၏ အကြီးအကဲဖြစ်သူ Martin Appel၊ LEARN Myanmar အားတည်ထောင်သူ Valerie Badilla နှင့်အဖွဲ့မှ Professional Development Conference (PDC 2019) ပွဲနှင့် ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံရန်စီစဉ်ထားပုံ

Fair 1

 

 

Professionals Supremacy Corporation Pte. Ltd. မှ CEO, FT Lui မှ Professional Development Conference (PDC 2019) ၏ ထူးခြားချက်များနှင့် သင်ကြားမည့် အကြောင်းအရာများအား ရှင်းပြနေပုံ

Fair 3

 

 

LEARN Myanmar အားတည်ထောင်သူ Valerie Badilla မှ Professional Development Conference (PDC 2019) ပွဲတက်ရောက်ရန် လိုအပ်သည်များကို မီဒီယာများအားရှင်းပြနေစဉ်/ သူမ၏ အမြင်များအားရှင်းပြနေပုံ

Fair 4

( Professional Development Conference)

 

Tips Read 816 times