Sales Hotline : 09448001653    



ADRA မှ ကလေးတိုင်း၊ နေရာတိုင်းမှာ ကျောင်းတက်ပညာသင်ကြားနိုင်ရေးအတွက် ထောက်ခံလက်မှတ်များကောက်ယူခြင်း

**Unicode**

ကလေးတိုင်း၊ နေရာတိုင်းတွင် ကျောင်းတက်ပညာသင်ကြားနိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်သည့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု " Every Child, Everywhere, In School” လက်မှတ်ကောက်ခံခြင်းကို ယနေ့ ဒီဇင်ဘာ (၁၆) ရက်တွင် ADRA မြန်မာက Myanmar Union Mission နှင့်ပူးပေါင်း၍ ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် ပြုလုပ်ကျင်းပခဲ့ပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာစည်းရုံးလှုံ့ဆော်ရေးလှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များ၏ ပညာရေးအခွင့်အရေးများရရှိစေရေးကို အဓိကပစ်မှတ်ထားခြင်းဖြစ်ပါတယ်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိကလေးသူငယ်ပေါင်း ၂၆၂ သန်းတို့သည် ပညာသင်ကြားနိုင်ခွင့်အခွင့်အလမ်းများ ဆုံးရှုံးရလျက်ရှိပါတယ်။ 

ကျောင်းပြင်ပ ကလေးငယ်တစ်ဦးသည် လူကုန်ကူးခံရခြင်း၊ စစ်သားအဖြစ်စုဆောင်းခံရခြင်းနှင့် အရွယ်မရောက်သေးမီလက်ထပ်ခြင်း၊ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးလုပ်သားများအဖြစ် အများဆုံးအသုံးချခံရခြင်းတို့ရှိနိုင်ပါတယ်။
၎င်းကြောင့် ကလေးငယ်များအနေဖြင့် ဆင်းရဲနွမ်းပါးခြင်းနှင့် ခေါင်းပုံဖြတ်အသုံးချခံနေရခြင်းစသည့်တို့မှ ကင်းဝေးပြီး အခွင့်အလမ်းများနှင့် ဂုဏ်သိက္ခာရှိသောဘဝကို ရထိုက်သည်ဖြစ်ပါတယ်။

ADRA ကွန်ရက်၏ ဌာနချုပ်ဖြစ်သော ADRA International သည် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် လက်မှတ်ပေါင်းတစ်သန်းစုဆောင်းရရှိရန်ရည်ရွယ်ချက်ဖြင့် အမေရိကန်ပြည်ထောင်စုတွင် ယခုကမ်ပိန်း (Campaign) ကိုစတင်လုပ်ဆောင်ခဲ့ပြီးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် တင်ပြသွားမည်လည်းဖြစ်ပါတယ်။

အဆိုပါလှုပ်ရှားမှုနှင့် ပတ်သက်၍ ADRA မြန်မာကလည်းလွန်ခဲ့သော လအနည်းငယ်ခန့်မှစတင်၍ မြန်မာနိုင်ငံတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

ADRA မြန်မာ၏ Country Directory ဖြစ်သူ Claudio Sandoval မှလည်း ကျောင်းပြင်ပက ကလေးတွေနဲ့ ပတ်သက်ပြီး ကိန်းဂဏန်းအချက်အလက်တွေ ကြည့်လိုက်တဲ့အခါမှာ ဒီအလုပ်က အရမ်းကြီးပေမယ့်လည်း မလွယ်ကူဘူး မငြင်းနိုင်ဘူး။ ပြသနာကို ဖြေရှင်းနိုင်ဖို့ ဘာလုပ်ဖို့လိုလဲဆိုတော့  ဘာမှမလုပ်ဖို့ ဆုံးဖြတ်တာနဲ့ ကိုယ်လုပ်နိုင်တာကို လုပ်နိုင်တဲ့အတောတွင်းမှာ လုပ်တာပါ။ ဒါကြောင့်လည်း ADRA ကဒီလှုပ်ရှားမှုမှာ တက်ကြွမှုအရှိဆုံးအနေဖြင့် ပါဝင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်အတွက် အထောက်အပံ့ဖြစ်စေဖို့ အနည်းဆုံးလက်မှတ်ပေါင်း (၇၀၀၀) လောက်ထောက်ခံသွားဖို့ ကတိပြုရည်မှန်းထားပါတယ်။ကိုယ်တိုင်လည်းလက်မှတ်ရေးထိုးပါဝင်ထားပါတယ်။ လူကြီးမင်းတို့ကိုလည်း အတူတူပါဝင်ဖို့ အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်။

** ကမ္ဘာလုံးဆိုင်ရာ အသနားခံစာကို လူကြီးမင်းတို့ရောပူးပေါင်းပါဝင်လက်မှတ်ရေးထိုးပြီးပြီလား။
** လူကြီးမင်းအနေနဲ့ အသက် (၁၃) နှစ်အထက်ဖြစ်ပါက မည်သူမဆိုအွန်လိုင်းတွင်ပါဝင်လက်မှတ်ရေးထိုးဖို့ကိုလည်း ဖိတ်ခေါ်လိုက်ရပါတယ်။
** လူကြီးမင်းတို့ အနေဖြင့် Global Advocacy Campaign အကြောင်းနှင့် မည်သို့ ပါဝင်ကူညီနိုင်သည်ကို အသေးစိတ်သိရှိလိုပါက www.ADRA.org/InSchool တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Read More:>>>  ** အေဝးသင္မွ Day ေျပာင္းျခင္း၊ ေမဂ်ာေျပာင္းျခင္း၊ ေက်ာင္းေျပာင္းျခင္းအေၾကာင္းသိေကာင္းစရာ

**ADRA ၏နောက်ခံသမိုင်းကြောင်း**
ADRA Myanmar သည် ၁၉၈၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မှတ်ပုံတင်ထားသော အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းတွင် ဖွံ့ဖြိုးရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကထားထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဖွဲ့အစည်းအနေဖြင့် European Union, LIFT, Norad, MFAT, AusAID, Global Affairs Canada အစရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေရှည်တည်တံ့ခိုင်မြဲသော အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းစီမံကိန်းများကို အဓိကထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

(www.edge.com.mm)

**Zawgyi**

ကေလးတိုင္း၊ ေနရာတိုင္းတြင္ ေက်ာင္းတက္ပညာသင္ၾကားႏိုင္ေရးအတြက္ ရည္ရြယ္လုပ္ေဆာင္သည့္ ကမ႓ာလံုးဆိုင္ရာလႈပ္ရွားမႈ " Every Child, Everywhere, In School” လက္မွတ္ေကာက္ခံျခင္းကို ယေန႔ ဒီဇင္ဘာ (၁၆) ရက္တြင္ ADRA ျမန္မာက Myanmar Union Mission ႏွင့္ပူးေပါင္း၍ ရန္ကုန္ၿမိဳ႕၊ ျမန္မာပလာဇာတြင္ ျပဳလုပ္က်င္းပခဲ့ပါတယ္။

တစ္ကမ႓ာလံုးဆိုင္ရာစည္းရံုးလႈ႔ံေဆာ္ေရးလႈပ္ရွားမႈသည္ ကမ႓ာတစ္ဝန္းရွိ ကေလးငယ္မ်ား၏ ပညာေရးအခြင့္အေရးမ်ားရရွိေစေရးကို အဓိကပစ္မွတ္ထားျခင္းျဖစ္ပါတယ္။

လက္ရွိတြင္ ကမ႓ာတစ္ဝန္းရွိကေလးသူငယ္ေပါင္း ၂၆၂ သန္းတို႔သည္ ပညာသင္ၾကားႏိုင္ခြင့္အခြင့္အလမ္းမ်ား ဆုံးရႈံးရလ်က္ရွိပါတယ္။ 

ေက်ာင္းျပင္ပ ကေလးငယ္တစ္ဦးသည္ လူကုန္ကူးခံရျခင္း၊ စစ္သားအျဖစ္စုေဆာင္းခံရျခင္းႏွင့္ အရြယ္မေရာက္ေသးမီလက္ထပ္ျခင္း၊ ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္ျခင္းႏွင့္ ကေလးလုပ္သားမ်ားအျဖစ္ အမ်ားဆံုးအသံုးခ်ခံရျခင္းတို႔ရွိႏိုင္ပါတယ္။
၄င္းေၾကာင့္ ကေလးငယ္မ်ားအေနျဖင့္ ဆင္းရဲႏြမ္းပါးျခင္းႏွင့္ ေခါင္းပံုျဖတ္အသံုးခ်ခံေနရျခင္းစသည့္တို႔မွ ကင္းေဝးၿပီး အခြင့္အလမ္းမ်ားႏွင့္ ဂုဏ္သိကၡာရွိေသာဘဝကို ရထိုက္သည္ျဖစ္ပါတယ္။

ADRA ကြန္ရက္၏ ဌာနခ်ဳပ္ျဖစ္ေသာ ADRA International သည္ ၂၀၂၀ ျပည့္ႏွစ္ ဇြန္လတြင္ လက္မွတ္ေပါင္းတစ္သန္းစုေဆာင္းရရွိရန္ရည္ရြယ္ခ်က္ျဖင့္ အေမရိကန္ျပည္ေထာင္စုတြင္ ယခုကမ္ပိန္း (Campaign) ကိုစတင္လုပ္ေဆာင္ခဲ့ၿပီးျဖစ္ၿပီး ကမ႓ာလံုးဆိုင္ရာ ညီလာခံတြင္ တင္ျပသြားမည္လည္းျဖစ္ပါတယ္။

အဆိုပါလႈပ္ရွားမႈႏွင့္ ပတ္သက္၍ ADRA ျမန္မာကလည္းလြန္ခဲ့ေသာ လအနည္းငယ္ခန္႔မွစတင္၍ ျမန္မာႏိုင္ငံတြင္ တက္ၾကြစြာပါဝင္ေဆာင္ရြက္ေနျခင္းျဖစ္ပါတယ္။

ADRA ျမန္မာ၏ Country Directory ျဖစ္သူ Claudio Sandoval မွလည္း ေက်ာင္းျပင္ပက ကေလးေတြနဲ႔ ပတ္သက္ၿပီး ကိန္းဂဏန္းအခ်က္အလက္ေတြ ၾကည့္လိုက္တဲ့အခါမွာ ဒီအလုပ္က အရမ္းႀကီးေပမယ့္လည္း မလြယ္ကူဘူး မျငင္းႏိုင္ဘူး။ ျပသနာကို ေျဖရွင္းႏိုင္ဖို႔ ဘာလုပ္ဖို႔လိုလဲဆိုေတာ့  ဘာမွမလုပ္ဖို႔ ဆံုးျဖတ္တာနဲ႔ ကိုယ္လုပ္ႏိုင္တာကို လုပ္ႏိုင္တဲ့အေတာတြင္းမွာ လုပ္တာပါ။ ဒါေၾကာင့္လည္း ADRA ကဒီလႈပ္ရွားမႈမွာ တက္ၾကြမႈအရွိဆံုးအေနျဖင့္ ပါဝင္ခဲ့ၿပီး ကမ႓ာလံုးဆိုင္ရာရည္မွန္းခ်က္အတြက္ အေထာက္အပံ့ျဖစ္ေစဖို႔ အနည္းဆံုးလက္မွတ္ေပါင္း (၇၀၀၀) ေလာက္ေထာက္ခံသြားဖို႔ ကတိျပဳရည္မွန္းထားပါတယ္။ကိုယ္တိုင္လည္းလက္မွတ္ေရးထိုးပါဝင္ထားပါတယ္။ လူႀကီးမင္းတို႔ကိုလည္း အတူတူပါဝင္ဖို႔ အားလံုးကိုဖိတ္ေခၚအပ္ပါတယ္။

** ကမ႓ာလံုးဆိုင္ရာ အသနားခံစာကို လူႀကီးမင္းတို႔ေရာပူးေပါင္းပါဝင္လက္မွတ္ေရးထိုးၿပီးၿပီလား။
** လူႀကီးမင္းအေနနဲ႔ အသက္ (၁၃) ႏွစ္အထက္ျဖစ္ပါက မည္သူမဆိုအြန္လိုင္းတြင္ပါဝင္လက္မွတ္ေရးထုိးဖို႔ကိုလည္း ဖိတ္ေခၚလိုက္ရပါတယ္။
** လူႀကီးမင္းတို႔ အေနျဖင့္ Global Advocacy Campaign အေၾကာင္းႏွင့္ မည္သို႔ ပါဝင္ကူညီႏိုင္သည္ကို အေသးစိတ္သိရွိလိုပါက www.ADRA.org/InSchool တြင္လည္း ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

Read More:>>>  ** အေဝးသင္မွ Day ေျပာင္းျခင္း၊ ေမဂ်ာေျပာင္းျခင္း၊ ေက်ာင္းေျပာင္းျခင္းအေၾကာင္းသိေကာင္းစရာ

**ADRA ၏ေနာက္ခံသမိုင္းေၾကာင္း**
ADRA Myanmar သည္ ၁၉၈၄ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး မွတ္ပံုတင္ထားေသာ အစိုးရမဟုတ္ေသာ အဖြဲ႔အစည္း (NGO) တစ္ခုျဖစ္ကာ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ ဖြ႔ံၿဖိဳးေရးႏွင့္ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို အဓိကထားေထာက္ပံ့ကူညီေဆာင္ရြက္ေပးလ်က္ရွိပါတယ္။ အဖြဲ႔အစည္းအေနျဖင့္ European Union, LIFT, Norad, MFAT, AusAID, Global Affairs Canada အစရွိသည့္ အဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္း၍ ေရရွည္တည္တ့ံခိုင္ၿမဲေသာ အသက္ေမြးဝမ္းေက်ာင္းမႈ၊ ပညာေရး၊ က်န္းမာေရး၊ အာဟာရႏွင့္ အေရးေပၚတံု႔ျပန္မႈလုပ္ငန္းစီမံကိန္းမ်ားကို အဓိကထားေဆာင္ရြက္လ်က္ရွိေၾကာင္း သိရပါတယ္။

(www.edge.com.mm)

Latest Post News Tips Read 769 times