Sales Hotline : 09448001653       Download App
အဝေးသင်မှ Day ပြောင်းခြင်း၊ မေဂျာပြောင်းခြင်း၊ ကျောင်းပြောင်းခြင်းအကြောင်းသိကောင်းစရာ
**Unicode**
** အဝေးသင်မှ နေ့သင်တန်းပြောင်းခြင်း**
- အဝေးသင်မှ နေ့သင်တန်းပြောင်းလိုသူများအနေဖြင့် (၁၀) တန်းအောင်လက်မှတ် မိတ္တူနှင့် (၁၀) တန်းအမှတ်စာရင်း၊ အဝေးသင်မှ နေ့သင်တန်းပြောင်းခြင်းကို ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသောကျောင်းသား/သူများသား လျှောက်ထားနိုင်ပြီး ဒီဇင်ဘာ (၂၀) ရက်နေ့နောက်ဆုံးထားအောင်ရွက်ရမည်ဖြစ်ပါတယ်။
- အဝေးသင်မှ နေ့သင်တန်းပြောင်းလျှောက်ထားသူများအနေဖြင့် ကျန်စာသင်နှစ်များမှာ အဝေးသင် သင်တန်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
(အချို့ကျောင်းများ လက်ခံခြင်းရှိ/မရှိသိစေရန် လူကိုယ်တိုင်သွားရောက်စုံစမ်းနိုင်ပါတယ်)
**မေဂျာပြောင်းခြင်း**
- အဝေးသင်ဝင်ခွင့်ရရှိပြီး မေဂျာပြောင်းရွှေ့လိုသူများအနေဖြင့် ယခုပြောင်းရွှေ့ရသော ကျောင်းများရှိသကဲ့သို့ ပြောင်းရွှေ့လို့မရသေးသော ကျောင်းများလည်း ရှိပါတယ်။
- တချို့သောကျောင်းများသည် အဝေးသင်များ ကျောင်းအပ်လက်ခံမှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။(၎င်းကိစ္စနှင့်ပတ်သက်၍ ကျောင်းသို့လူကိုယ်တိုင်သွားရောက်စုံစမ်းလျှင်ပိုမိုတိကျစွာ သိနိုင်ပါတယ်။)
- မေဂျာပြောင်းခြင်းကို ၎င်းအချိန်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။
- မေဂျာပြောင်းလျှောက်ထားလိုသူများအနေဖြင့် (၁၀)တန်း အမှတ်စာရင်း မူရင်းနှင့် မိတ္တူ လိုအပ်ပါတယ်။
Read More:>>>  ** (Set-2) တက္ကသိုလ်ဝင်တန်း မြန်မာစာစံပြမေးခွန်းများ
** ကျောင်းပြောင်းလျှောက်ထားခြင်း**
- အဝေးသင်ဝင်ခွင့်ရပြီး ကျောင်းပြောင်းရွှေ့လိုသူများအနေဖြင့် ယခုပြောင်းရွှေ့ရသော ကျောင်းများရှိသကဲ့သို့ ပြောင်းရွှေ့လို့မရသေးသော ကျောင်းများလည်း ရှိပါတယ်။
-  တချို့သောကျောင်းများသည် အဝေးသင်များ ကျောင်းအပ်လက်ခံမှသာလျှင် ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။(၎င်းကိစ္စနှင့်ပတ်သက်၍ ကျောင်းသို့လူကိုယ်တိုင်သွားရောက်စုံစမ်းလျှင်ပိုမိုတိကျစွာ သိနိုင်ပါတယ်။)
- ကျောင်းပြောင်းခြင်းကို ၎င်းအချိန်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။
- ကျောင်းပြောင်းလျှောက်ထားလိုသူများအနေဖြင့် အိမ်ထောင်စုစာရင်းမိတ္တူ (၂) စောင်၊ ရပ်ကွက်ထောက်ခံစာ မူရင်းနှင့် မိတ္တူ (၂) စောင်လိုအပ်ပါတယ်။
** အဝေးသင်မှ Day ပြောင်းလိုသူများအားလုံး (၂၀-၁၂-၂၀၁၉) ရက် သောကြာနေ့ နောက်ဆုံးထားပြောင်းရွှေ့ရမည်ဟုသိထားရပါတယ်။ (အသေးစိတ်ကို ကျောင်းများတွင် လူကိုယ်တိုင်သွားရောက်စုံစမ်းပေးပါရပ် ကြိုတင်အသိပေးအပ်ပါတယ်)**
(www.edge.com.mm)
(ကျောင်းများမှဆရာ/ဆရာမ ပြောသောစကားသံများကိုသိရခြင်းကြောင့် PTZS မှ အကြံပြုလိုသောအားဖြင့်)
**Zawgyi**
**မေဂျာပြောင်းခြင်း**
Read More:>>>  ** (Set-3) တက္ကသိုလ်ဝင်တန်း မြန်မာစာစံပြမေးခွန်းများ
(www.edge.com.mm)
Latest Post Tips Read 6494 times