ရည်ရွယ်ချက် - ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှာ LAW Diploma သင်တန်းများကို လုပ်ငန်းခွင်မပျက် ICT အသုံးပြု၍ စဉ်ဆက်မပြတ် အလွယ်တကူ သင်ယူလေ့လာနိုင်ရန်။
ချီးမြှင့်မည့် ဘွဲ့အမည် (ချီးမြင့်မည့်ဘွဲ့အမည်) - Diploma in Law (Online)
သင်တန်းလျှောက်လွှာတင်ခြင်း
သင်တန်းလျှောက်လွှာတင်ခြင်းများကို www.yudeonline.com.mm မှတဆင့် registration လုပ်နိုင်သည်။ ဥပဒေပညာဌာနမှ သတ်မှတ်သည့် နေ့၊ ရက်၊ အချိန်တွင် သင်တန်းဝင်ခွင့် ဆိုင်ရာ ကိစ္စများကို ဆောင်ရွက် နိုင်သည်။
သင်တန်းဝင်ခွင့်အရည်အချင်း - တက္ကသိုလ်တစ်ခုခုမှ့ ဘွဲ့ရရှိသူ
သင်ကြားမည့်ပုံစံ
- YUDE Online အတွက် သင်ကြားမည့် သင်ခန်းစာများ၊ assignment များ၊ Tutorial test အတွက် လေ့ကျင့်ခန်း များကို www.yudeonline.com.mm တွင် ထည့်သွင်းထားပါသည်။
- သင်တန်းသားများသည် အင်တာနက်ရှိသည့် မည်သည့်နေရာတွင်မဆို ချိတ်ဆက်အသုံးပြု၍ သင်ခန်းစာများကို ဖတ်ရှုခြင်း၊ Download ပြုလုပ်၍ လေ့လာခြင်း၊ Assignment များ ပြုလုပ်ခြင်း၊ Tutorial Test များဖြေဆိုခြင်းတို့ဖြင့် သတ်မှတ်ထားသော Semester များအတွက် Announcements များတွင် ဖော်ပြထားသော အချိန်ကာအတွင်း လေ့လာဖြေဆိုနိုင်ပါသည်။
ဆရာ၊ ဆရာမများ
- Module များအလိုက် သင်ခန်းစားများကို Powerpoint များ၊ သင်ထောက်ကူပြု Video များ၊ Audio ရှင်းလင်းချက်များ၊ Assignment များကို ရန်ကုန်အဝေးသင်တက္ကသိုလ် (ဥပဒေပညာဌာန) မှ သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်သော ၀ါရင့်အငြိမ်းအစားဆရာမကြီးများနှင့် လက်ရှိဥပဒေပညာ ဌာနမှဆရာ၊ဆရာမများမှ ပြုစုရေးသားထည့်သွင်းပေးထားသည်။
- သင်တန်းသားများထံမှ ဖြေဆိုပေးပို့သော Assignment များကို သက်ဆိုင်ရာ ဆရာ၊ ဆရာမများက အွန်လိုင်းကိုအသုံးပြုကာ တိုက်ရိုက်စစ်ဆေး ကြည့်ရှုပေးမည် ဖြစ်ပါသည်။
သင်တန်းကာလ
- စာသင်နှစ်ကို Semester (၂)ခု သတ်မှတ်ထားပါသည်။
- Semester တစ်ခုလျှင် သင်တန်းကာလမှာ (၅)လ ဖြစ်ပြီး၊ Semester (၂)ခုအတွက် သင်တန်းကာလ (၁၀)လ ဖြစ်ပါသည်။
- သင်တန်းသစ် စတင်ဖွင့်လှစ်မည့် ရက်၊ လ ကို ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ သတ်မှတ်ပေး မည် ဖြစ်ပါသည်။
သင်တန်းသားဦးရေကန့်သတ်ချက်
- Semester တစ်ခုတွင် တက်ရောက်ခွင့် လူဦးရေကန့်သတ်ထားပါသည်။
- ထို့ထက် ပိုသော လျှောက်ထားသူများ သည် Next Semester Month ကို ပြန်လည်စောင့်ရ မည်ဖြစ် ပါသည်။
သင်ကြားသည့် ဘာသာရပ်များ
- ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အွန်လိုင်း အသုံးပြု ဖွင့်လှစ်သင်ကြားသည့် Diploma in Law သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များမှာ -
First Semester တွင် သင်ယူရမည့် Module များ
1. DL-6101 –Criminal Law and Procedure
2. DL-6102- Family Law
3. DL-6103 – Law of Contract and Tort
4. DL-6104- Business Law and Labour Law
5. DL-6105- Land Law and Revenue Law
Second Semester တွင် သင်ယူရမည့် Module များ
1. DL-6106- Civil Law and Procedure
2. DL-6107- Law of Evidence
3. DL-6108- Constitutional Law and Administrative Law
4. DL-6109- Pubic International Law
5. DL-6110 Term Paper စသည်တို့ ဖြစ်သည်။
သင်တန်းကြေး
- Diploma in Law Online သင်တန်းတက်ရောက်နိုင်ရန်အတွက် သင်တန်းသားတစ်ဦးသည် အွန်လိုင်းမှ မှတ်ပုံတင်ရသည်။
- မှတ်ပုံတင်ကြေးနှင့် အတူ သင်ယူမည့် Module များအတွက်ပါ သင်တန်းကြေး ပေးသွင်းရသည်။
မှတ်ပုံတင်ကြေး - For both semester - ၁၀၀၀၀
သင်တန်းကြေး - For Each Semester - ၂၅၀၀၀၀၀/-
စာမေးပွဲကြေး - For both Semester - ၃၀၀၀၀၀/-
စာမေးပွဲ ဖြေဆိုမည့်စနစ်
- အွန်လိုင်းသင်တန်းသားများအတွက် စာမေးပွဲဖြေဆိုရက်များကို အွန်လိုင်းမှနေ၍ ကြိုတင် အသိပေး ကြေငြာပေးသွားမည်။
- ထိုနေ့ရက်များတွင် သင်တန်းသားများသည် သတ်မှတ်ချိန် အတွင်းဖြေဆိုရန် ဖြစ်သည်။
- စာမေးပွဲဖြေဆိုရက်မှာ (၅)ရက် သတ်မှတ်ပေးပြီး၊ တစ်ရက် တစ်သာသာနှုန်းဖြင့် ဖြေဆိုရမည်။
- စာမေးပွဲအား ဥပဒေပညာဌာနမှ သတ်မှတ်ထားသည့် ရက်၊ လ တို့တွင် ဖြေဆိုရမည်။
- စာမေးပွဲ ဖြေဆိုချိန်မှာ (၃)နာရီ ဖြစ်ပါသည်။
သင်တန်းသားများစာကြည့်ချိန်
- တနင်္လာနေ့မှ သောကြာနေ့အထိ - တစ်ဘာသာလျှင် မိနစ် ၃၀ နှုန်း။
- စနေနှင့်တနင်္ဂနွေနေ့- တစ်ဘာသာလျှင် တစ်နာရီ နှုန်း။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: YUDE Online