Sales Hotline : 09448001653       Download App



သူနာပြုအကူသင်တန်းတွင် ထူးချွန်သူများသည် ဒီပလိုမာ တက်ရောက်ခွင့်ရမည်

** Unicode **

အကူသူနာပြုသင်တန်းအောင်မြင်ပြီးသူများအနက် ထူးချွန်သူများကို သူနာပြုသားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းတက်ရောက်ခွင့်ရရေး စဉ်းစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားပါတယ်။

သူနာပြုနှင့်သားဖွားဒီပလိုမာ သင်တန်းအောင်မြင်မည့်သူသည် ၂၀၂၀ ပြည့်နှစ် မေလတွင် (၈၁၆) ဦးနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း (၁၇၇၈) ဦးရှိမည်ဟု ခန့်မှန်းထားကာ အောင်မြင်ပြီးပါက (၂) လအတွင်း အလုပ်ခန့်ရန်စီစဉ်ထားပြီး အကူသူနာပြု သင်တန်းအောင်မြင်ပြီးမြောက်သူများအနက် ထူးချွန်သူများကို ဘဝတက်လမ်း ရရှိစေရေး၊ သူနာပြုသားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းတက်ရောက်ခွင့်ရရေးအတွက် ဝန်ကြီးဌာနမှ စဉ်းစားဆောင်ရွက်သွားမည်ဟု ဖေဖော်ဝါရီလ (၂၈) ရက်နေ့က နေပြည်တော် (ခုတင် ၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည့် အကူသူနာပြု (ပြင်ပ) (၉)လသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ သူနာပြုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ၂၀၁၉ ပညာသင်နှစ်တွင် သူနာပြု သားဖွားဒီပလိုမာသင်တန်းအတွက် (၃၇၆၉) ဦး၊ သူနာပြုသိပ္ပံဘွဲ့ သင်တန်းအတွက် (၅၀၀) ဦးအထိ ခေါ်ယူခဲ့ကာ ၂၀၂၁ ခုနှစ်တွင် သင်တန်းကျောင်းအသစ်များလည်း ဖွင့်လှစ်ပြီးဖြစ်၍ စုစုပေါင်း (၄၅၀၀) ဦးထိ တိုးမြှင့်ခေါ်ယူသွားမည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးကဆိုပါတယ်။

Art & Craft (56) ပန္းခ်ီႏွင့္ လက္မႈသင္တန္းမ်ားႏွင့္ပတ္သက္ျပီး သင္တန္း (၅၆) ခု ရွာရန္ႏွိပ္ပါ။

ပုဂ္ဂလိက သူနာပြုသင်တန်းကျောင်း (၄) ကျောင်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် ဝန်ကြီးဌာနက ပံ့ပိုးစီစဉ်ပေးထားပြီး သူနာပြုသားဖွား ဒီပလိုမာရရှိပြီးသော သူနာပြုဆရာမများအနေနှင့် အစိုးရဝန်ထမ်းအဖြစ်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၊ ပြည်ပနိုင်ငံများတွင် ရွေးချယ်လုပ်ကိုင်နိုင်သော အခွင့်အရေးရှိသော်လည်း အစိုးရဝန်ထမ်းအဖြစ် အနည်းဆုံး (၃) နှစ်သော်လည်းကောင်း တာဝန်ထမ်းဆောင်စေလိုကြောင်းလည်း သိရပါတယ်။

Read More:>>>  အာရွေက်ာင္းသူေက်ာင္းသားမ်ား ျပည္ပပညာေရးအတြက္ အာရွႏိုင္ငံကို ေ႐ြးခ်ယ္မႈ ပိုမ်ားလာမည္

နေပြည်တော် (ခုတင် ၁၀၀၀) ဆံ့ပြည်သူဆေးရုံကြီးတွင် ပြုလုပ်သည့် အကူသူနာပြု (၉) လသင်တန်းကို အခြေခံပညာ (၉) တန်းအောင်မြင်ပြီးသူ (၆၁) ဦးတက်ရောက်နေပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံပြီးတို့တွင် (၁၀၀) ဦးစီတက်ရောက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရပါတယ်။

Credit: The Voice
 

** Zawgyi **

အကူသူနာျပဳသင္တန္းေအာင္ျမင္ၿပီးသူမ်ားအနက္ ထူးခ်ြန္သူမ်ားကို သူနာျပဳသားဖြား ဒီပလိုမာ (၃) ႏွစ္သင္တန္းတက္ေရာက္ခြင့္ရေရး စဥ္းစားေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန  ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားပါတယ္။

သူနာျပဳႏွင့္သားဖြားဒီပလိုမာ သင္တန္းေအာင္ျမင္မည့္သူသည္ ၂၀၂၀ ျပည့္ႏွစ္ ေမလတြင္ (၈၁၆) ဦးႏွင့္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလအတြင္း (၁၇၇၈) ဦးရွိမည္ဟု ခန္႔မွန္းထားကာ ေအာင္ျမင္ၿပီးပါက (၂) လအတြင္း အလုပ္ခန္႔ရန္စီစဥ္ထားၿပီး အကူသူနာျပဳ သင္တန္းေအာင္ျမင္ၿပီးေျမာက္သူမ်ားအနက္ ထူးခ်ြန္သူမ်ားကို ဘဝတက္လမ္း ရရွိေစေရး၊ သူနာျပဳသားဖြား ဒီပလိုမာ (၃) ႏွစ္သင္တန္းတက္ေရာက္ခြင့္ရေရးအတြက္ ဝန္ႀကီးဌာနမွ စဥ္းစားေဆာင္ရြက္သြားမည္ဟု ေဖေဖာ္ဝါရီလ (၂၈) ရက္ေန႔က ေနျပည္ေတာ္ (ခုတင္ ၁၀၀၀) ဆံ့ျပည္သူ႔ေဆးရံုႀကီးတြင္ က်င္းပခဲ့သည့္ အကူသူနာျပဳ (ျပင္ပ) (၉)လသင္တန္းဖြင့္ပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

Art & Craft (56) ပန္းခ်ီႏွင့္ လက္မႈသင္တန္းမ်ားႏွင့္ပတ္သက္ျပီး သင္တန္း (၅၆) ခု ရွာရန္ႏွိပ္ပါ။

ျမန္မာႏိုင္ငံ၏ သူနာျပဳလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ ၂၀၁၉ ပညာသင္ႏွစ္တြင္ သူနာျပဳ သားဖြားဒီပလိုမာသင္တန္းအတြက္ (၃၇၆၉) ဦး၊ သူနာျပဳသိပၸံဘြဲ႔ သင္တန္းအတြက္ (၅၀၀) ဦးအထိ ေခၚယူခဲ့ကာ ၂၀၂၁ ခုႏွစ္တြင္ သင္တန္းေက်ာင္းအသစ္မ်ားလည္း ဖြင့္လွစ္ၿပီးျဖစ္၍ စုစုေပါင္း (၄၅၀၀) ဦးထိ တိုးျမွင့္ေခၚယူသြားမည္ဟုလည္း ျပည္ေထာင္စု ဝန္ႀကီးကဆိုပါတယ္။

ပုဂၢလိက သူနာျပဳသင္တန္းေက်ာင္း (၄) ေက်ာင္းကို ၂၀၂၀ ျပည့္ႏွစ္၊ မတ္လအတြင္း ဖြင့္လွစ္ႏိုင္ရန္ ဝန္ႀကီးဌာနက ပံ့ပိုးစီစဥ္ေပးထားၿပီး သူနာျပဳသားဖြား ဒီပလိုမာရရွိၿပီးေသာ သူနာျပဳဆရာမမ်ားအေနႏွင့္ အစိုးရဝန္ထမ္းအျဖစ္လည္းေကာင္း၊ ပုဂၢလိကေဆးရံု၊ ေဆးခန္းမ်ား၊ ျပည္ပႏိုင္ငံမ်ားတြင္ ေရြးခ်ယ္လုပ္ကိုင္ႏိုင္ေသာ အခြင့္အေရးရွိေသာ္လည္း အစိုးရဝန္ထမ္းအျဖစ္ အနည္းဆံုး (၃) ႏွစ္ေသာ္လည္းေကာင္း တာဝန္ထမ္းေဆာင္ေစလိုေၾကာင္းလည္း သိရပါတယ္။

Read More:>>>  အာရွေက်ာင္းသူေက်ာင္းသားမ်ား ျပည္ပပညာေရးအတြက္ အာရွႏိုင္ငံကို ေ႐ြးခ်ယ္မႈ ပိုမ်ားလာမည္

ေနျပည္ေတာ္ (ခုတင္ ၁၀၀၀) ဆံ့ျပည္သူေဆးရံုႀကီးတြင္ ျပုလုပ္သည့္ အကူသူနာျပဳ (၉) လသင္တန္းကို အေျခခံပညာ (၉) တန္းေအာင္ျမင္ၿပီးသူ (၆၁) ဦးတက္ေရာက္ေနၿပီး ရန္ကုန္ျပည္သူ႔ေဆးရံုႀကီးႏွင့္ မႏၱေလးျပည္သူ႔ေဆးရံုၿပီးတို႔တြင္ (၁၀၀) ဦးစီတက္ေရာက္ေနေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထံမွ သိရပါတယ္။

Credit: The Voice
 

News Tips Latest Post Read 2776 times