Sales Hotline : 09448001653       Download App



အင်တာနက်မရနိုင်သည့် ကျောင်းများကို သင်ကြားရေးအထောက်အကူပြု DBE Box များပေးမည်

** Unicode **

အင်တာနက်မရနိုင်တဲ့ ကျောင်းပေါင်း(၃၀၀၀)ကို သင်ကြားရေးအထောက်အကူပြု DBE Box တွေပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းကပြောပါတယ်။ 

DBE Box ဆိုတာ ကွန်ပြူတာ၊ လက်ကိုင်ဖုန်းတွေနဲ့ချိတ်ဆက်ပြီး သင်ကြားရေးနည်းလမ်းတွေကို အင်တာနက်မပါပဲ (Off Line) ပြန်ကြည့်နိုင်တဲ့စက်ဖြစ်ပါတယ်။

DBE Box တွေကို ဆရာမတွေအတွက် အသုံးပြုမှာဖြစ်ပြီး အဲဒီစက်ထဲမှာ ပြဋ္ဌာန်းစာအုပ်တွေ၊ ဆရာလမ်းညွှန် စာအုပ်တွေ ပါဝင်တယ်လို့ဆိုပါတယ်။ 

ပညာရေးဝန်ကြီးဌာနက အဲဒီစက်တွေကို ကျောင်းပေါင်း(၃၀၀၀)ကို ထုတ်ပေးမှာဖြစ်သလို ဖုန်းအော်ပရေတာ အလှူရှင်နဲ့ ယူနီဆက်ကလည်း ပေးသွားဖို့ရှိတယ်လို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

“ဆရာမတွေအတွက်တော့ အင်တာနက်မရနိုင်တဲ့ နေရာမှာတွေ အသုံးပြလို့ရနိုင်တဲ့ DBE Box တွေ တပ်ဆင် ပေးမှာပါ။ အဲဒီစက်ကို အခြေခံပညာဦးစီးဌာနက ဒီဘတ်ဂျက်အတွင်းမှာပဲ ထုတ်ပေးမှာဖြစ်သလို တယ်လီနောက လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက အင်တာနက်မရတဲ့ ကျောင်း (၁၂၀) ကို ပေးသွားမယ်။ ယူနီဆက်ကလည်း ကချင်ပြည်နည်၊ ရှမ်းပြည်နယ် တောင်းပိုင်းနဲ့ ကရင်ပြည်နယ်က ကျောင်းပေါင်း (၁၀၀)ကို ပေးသွားမှာ” လို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။ 

Graphic Design (222) Graphic Design နှင့်ပတ်သက်ပြီး သင်တန်း (၂၂၂) ခုရှာရန်နှိပ်ပါ။

အွန်လိုင်းနဲ့ ပညာသင်တဲ့စနစ်ဟာ မြန်မာနိုင်ငံအတွက် အလှမ်းဝေးနေသေးပေမယ့် ပထမခြေလှမ်းအနေနဲ့ ဆရာ ဆရာမတွေအတွက် DBE Box တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

Sources.One News Myanmar
Photo Credit: Facebook

 

** Zawgyi **

အင္တာနက္မရနိုင္တဲ့ ေက်ာင္းေပါင္း(၃၀၀၀)ကို သင္ၾကားေရးအေထာက္အကူျပဳ DBE Box ေတြေပးသြားမယ္လို့ အေျခခံပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာ တင္ေမာင္ဝင္းကေျပာပါတယ္။ 

DBE Box ဆိုတာ ကြန္ျပဴတာ၊ လက္ကိုင္ဖုန္းေတြနဲ႔ခ်ိတ္ဆက္ၿပီး သင္ၾကားေရးနည္းလမ္းေတြကို အင္တာနက္မပါပဲ (Off Line) ျပန္ၾကည့္နိုင္တဲ့စက္ျဖစ္ပါတယ္။

DBE Box ေတြကို ဆရာမေတြအတြက္ အသုံးျပဳမွာျဖစ္ၿပီး အဲဒီစက္ထဲမွာ ျပ႒ာန္းစာအုပ္ေတြ၊ ဆရာလမ္းညႊန္ စာအုပ္ေတြ ပါဝင္တယ္လို့ဆိုပါတယ္။ 

ပညာေရးဝန္ႀကီးဌာနက အဲဒီစက္ေတြကို ေက်ာင္းေပါင္း(၃၀၀၀)ကို ထုတ္ေပးမွာျဖစ္သလို ဖုန္းေအာ္ပေရတာ အလွူရွင္နဲ႔ ယူနီဆက္ကလည္း ေပးသြားဖို့ရွိတယ္လို့ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။

“ဆရာမေတြအတြက္ေတာ့ အင္တာနက္မရနိုင္တဲ့ ေနရာမွာေတြ အသုံးျပလို့ရနိုင္တဲ့ DBE Box ေတြ တပ္ဆင္ ေပးမွာပါ။ အဲဒီစက္ကို အေျခခံပညာဦးစီးဌာနက ဒီဘတ္ဂ်က္အတြင္းမွာပဲ ထုတ္ေပးမွာျဖစ္သလို တယ္လီေနာက လည္း ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ့နယ္ေတြက အင္တာနက္မရတဲ့ ေက်ာင္း (၁၂၀) ကို ေပးသြားမယ္။ ယူနီဆက္ကလည္း ကခ်င္ျပည္နည္၊ ရွမ္းျပည္နယ္ ေတာင္းပိုင္းနဲ႔ ကရင္ျပည္နယ္က ေက်ာင္းေပါင္း (၁၀၀)ကို ေပးသြားမွာ” လို့ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။ 

Graphic Design (222) Graphic Design ႏွင့္ပတ္သက္ျပီး သင္တန္း (၂၂၂) ခုရွာရန္ႏွိပ္ပါ။

အြန္လိုင္းနဲ႔ ပညာသင္တဲ့စနစ္ဟာ ျမန္မာနိုင္ငံအတြက္ အလွမ္းေဝးေနေသးေပမယ့္ ပထမေျခလွမ္းအေနနဲ႔ ဆရာ ဆရာမေတြအတြက္ DBE Box ေတြကို ေပးအပ္သြားမွာျဖစ္ပါတယ္။

Sources.One News Myanmar
Photo Credit: Facebook

 

News Tips Latest Post Read 2392 times