Sales Hotline : 09448001653       Download App



သင်ရိုးညွှန်းတမ်းသစ်အကောင်အထည်ဖော်မှုများ ဆက်လက်ဆောင်ရွက်

** Zawgyi **

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဦးစီး၍ ပညာရေးကောလိပ် သင်ရိုးညွှန်းတမ်းသစ်အကောင်အထည်ဖော်မှုများ ဆက်လက်ဆောင်ရွက် လျက်ရှိပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ပညာရေးပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန်နှင့် လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဆင့်မြင့်ပညာဦးစီးဌာန ဆရာအတတ်မှ ဦးစီး၍ ယူနက်စကို STEM အဖွဲ့နှင့် ပူးပေါင်းကာ အင်တာနက်ကွန်ယက်အသုံးပြု ဗီဒီယိုအစည်းအဝေးများဖြင့် ညှိနှိုင်းစည်းဝေး ဆောင်ရွက်လျက်ရှိပါတယ်။

လေးနှစ်သင် ဆရာအတတ်သင် ပညာရေးအစီအစဉ်၏ ဒုတိယနှစ်စာသင်နှစ်တွင် အသုံးပြုရမည့် ဆရာကိုင်နှင့် ကျောင်းသားကိုင် သင်ရိုးညွှန်းတမ်းစာအုပ်များဆိုင်ရာ ကိစ္စရပ်များ၊ မေးခွန်းထုတ်နည်း၊ အမှတ်ပေးနည်းစနစ်များဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲသို့ ယူနက်စကိုရုံးမှ တာဝန်ရှိသူများ၊ ပညာရေးကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး ပညာရှင်များနှင့် အဖွဲ့ဝင်များ၊ ပညာရေးတက္ကသိုလ်များမှ ပါမောက္ခများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆွေးနွေးခဲ့ကြပါတယ်။

College (108) ကောလိပ်နှင့်ပတ်သက်ပြီး (၁၀၈) ခုရှာရန်နှိပ်ပါ။

လေးနှစ်သင် ဆရာအတတ်သင် ပညာရေးအစီအစဉ်ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလကစတင်ခဲ့ပြီး မြန်မာနိုင်ငံတဝှမ်းရှိ ပညာရေးကောလိပ် စုစုပေါင်း (၂၅) ကျောင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

(Ministry of Education)
(www.edge.com.mm)

** Unicode **







(Ministry of Education)
(www.edge.com.mm)

News Tips News Tips Latest Post Read 14514 times