Sales Hotline : 09448001653       Download App



ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံမှုများ အဆင်ပြေစေရန် ပူးပေါင်းဆောင်ရွက်မည်

ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံမှုများ အဆင်ပြေစေရန် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးများအနေဖြင့် လာမည့် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်မည့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်တွင် ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံမှု အဆင်ပြေစေရန်အတွက် မွေးစာရင်းများ၊ သန်းခေါင်စာရင်းများ ကြိုတင်ရရှိစေရန် မိမိတို့ မြို့နယ်အတွင်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာန နှင့် လူမှုဝန်ထမ်း/ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်လုပ်ငန်းစဉ်များ၊ ကျောင်းဖွင့်အမီကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်း များကို မြို့နယ်အလိုက် ကြိုတင်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးစနစ်အသစ်ကို ပြုပြင်ပြောင်းလဲလျက်ရှိရာ အသက် ငါးနှစ်ပြည့် ပြီးသော ကလေးတိုင်းကို သူငယ်တန်းသို့ တက်ရောက်စေမည်။

အသက်ခြောက်နှစ်ပြည့်ပြီးသော ကလေးများကိုလည်း ပထမတန်းသို့ တိုက်ရိုက် တက်ရောက်ခွင့်ရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က အသက်ငါးနှစ်ပြည့် ပြီးသော ကလေးသူငယ်တန်းတစ်သန်းခန့် သူငယ်တန်းတက်ရောက်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 1042 times