Sales Hotline : 09448001653       Download App



ကျောင်းစစ်စာမေးပွဲအတွက် ကျောင်းဖွင့်ကာလ (၁) လ မတိုးတော့ဟုသိရ

** Unicode **

အခြေခံပညာကျောင်းတွင်းစစ်နှစ်ဆုံး စာမေးပွဲများကို မတ်လ (၄)ရက်မှ (၁၀) ရက်အတွင်းပြောင်းလဲစစ်ဆေးမည်ဟုသိရပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးမှ ကျောင်းတွင်းစစ်အတန်းများ၏ နှစ်ဆုံးစာမေးပွဲ ကျင်းပရန်စီစဉ်ခြင်းအပေါ်တွင် ပညာရေးအဖွဲ့အစည်း၊ ကျောင်းသားသမဂ္ဂများက ဆန္ဒပြကန့်ကွက်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၃) ရက်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရေးဝန်ကြီးတွေ့ဆုံဆွေးနွေးပြီးနောက် ကျောင်းတွင်းစစ်နှစ်ဆုံး စာမေးပွဲရက်များကို ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ပါတယ်။

ဝန်ကြီးဌာန၏ ဖေဖော်ဝါရီ (၄) ရက်ကြေညာချက်အရအထက်ပါ အတန်းများ၏ ကျောင်းတွင်းစစ်နှစ်ဆုံး စာမေးပွဲများကို မတ် (၄) ရက်မှ (၁၀) ရက်အတွင်းပြောင်းလဲကျင်းပရမည်ဖြစ်ပါတယ်။

စာမေးပွဲရက် ပြင်ဆင်မှုအရကျောင်းတွင်းစစ် အတန်းများသည် မတ်လ (၁၁) ရက်မှစကာ နွေကျောင်းပိတ်ရက် ရရှိမည်ဖြစ်ပါတယ်။

Read More:>>>>  အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ဖြင့် တက္ကသိုလ်ဆက်လက်တက်ရောက်နိုင်မည်

၎င်းကိစ္စရပ်များပတ်သက်၍ အသေးစိတ်အချက်အလက်များကို မိမိတို့၏ ကလေးငယ်များတက်ရောက်သင်ကြားလျက်ရှိသော ကျောင်းများတွင် ပိုမိုတိကျစွာလည်းသိနိုင်ပါတယ်။ မရှင်းချက်များရှိနေပါက မိမိတို့ကလေးငယ်များ၏ အတန်းပိုင်ဆရာ/ဆရာမများထံတွင်လည်းကောင်း၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများထံတွင်လည်းကောင်း စုံစမ်းသိရနိုင်ပါတယ်။
(www.edge.com.mm)

** Zawgyi **






Read More:>>>  အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ဖြင့် တက္ကသိုလ်ဆက်လက်တက်ရောက်နိုင်မည်

(www.edge.com.mm)

News Tips Latest Post News Read 1412 times