Sales Hotline : 09448001653       Download App



မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ဓာတ်ပုံ ဖိတ်ခေါ်ပြိုင်ပွဲ

၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် ကျရောက်မည့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်း အမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနှင့် မန္တလေးမြို့ အခြေစိုက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး တို့မှ ပူးပေါင်း၍ စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ဓာတ်ပုံ ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

စာစီစာကုံး၊ ဆောင်းပါး ဖိတ်ခေါ်ပြိုင်ပွဲတွင် အစဉ် အလာရှိပြီးဖြစ်သော မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ပေါ်လွင်စေသော စာစီစာကုံးနှင့် ဆောင်းပါးများကို ရေးသားပေးပို့ ယှဉ်ပြိုင် ရမည်ဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲ (ဝါသနာရှင်အဆင့်)နှင့် ဆောင်းပါးပြိုင်ပွဲ (ပညာရှင်အဆင့် သတ်မှတ်ထားကာ ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နှစ်သိမ့်ဆုများကိုရွေးချယ် ချီးမြှင့်မည်ဖြစ်သည်။

 

ပန်းချီဖိတ်ခေါ်ပြိုင်ပွဲတွင် ၁၆ နှစ်အောက် သက်ငယ်တန်း နှင့် ၁၆ နှစ်အထက် သက်ကြီးတန်းဟူ၍ ခွဲကာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်များမှ အတန်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နှစ်သိမ့်ဆုများကို ရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။

 

 

ဓာတ်ပုံ ဖိတ်ခေါ်ပြိုင်ပွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည် ရေး နှစ် ၇၀ ခရီး ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာတရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို သရုပ်ဖော်၍ မည်သည့်ကင်မရာအမျိုးအစားနှင့်မဆို ရိုက်ကူးထားသော (Color / Black & White ) (3x12) (300dpi / max 5mb) ဓာတ်ပုံများဖြင့် တစ်ဦးလျှင် လေးပုံထိ ပေးပို့ယှဉ်ပြိုင်နိုင်ပြီး အကောင်းဆုံးဓာတ်ပုံ ၁၀ ဆုရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။

 

ဖိတ်ခေါ်ပြိုင်ပွဲများတွင် သတ်မှတ်ချက်များနှင့်အညီ မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး မိမိတို့၏ ပြိုင်ပွဲဝင် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ ဓာတ်ပုံနှင့် အတူ အကြောင်းအရာ၊ အမည်၊ မွေးသက္ကရာဇ်၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ အီးမေးလ်လိပ်စာ [email protected] သို့ ဇွန်လ ၅ရက်နေ့ နောက်ဆုံးထား၍ပေးပို့နိုင်ကြောင်း သိရသည်။

 

The Mirror Daily

Latest Post News Tips Read 1059 times