Sales Hotline : 09448001653       Download App



တရုတ်တက္ကသိုလ်များ ကျောင်းလခကို (၅၄) ရာခိုင်နှုန်းအထိ တိုးမြှင့်လာ

အထက်တန်းပညာရေးအတွက် နိုင်ငံတော်ဘတ်ဂျက် လျှော့ချခြင်းနှင့် ဒေသန္တရအစိုးရ ဘဏ္ဍာရေး ကြပ်တည်းမှုများကြောင့် ယခု ၂၀၂၃ ခုနှစ်တွင် တရုတ်တက္ကသိုလ်များသည် ကျောင်းလခများကို သိသိသာသာ တိုးမြှင့်လာနေကြောင်း သိရှိရသည်။ 

 

တချို့သော ကျောင်းများမှာ နှစ် (၂၀) အတွင်း ကျောင်းလခကို ပထမဆုံး တိုးမြှင့်ခြင်း ဖြစ်ပြီး ထိုသို့ တိုးမြှင့်လိုက်ခြင်းကြောင့် နိုင်ငံတကာမှ တရုတ်နိုင်ငံသို့ လာရောက် ပညာသင်ယူနေကြသော ကျောင်းသားများအနေဖြင့် ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်လျက် ရှိသည်။

 

တရုတ်တက္ကသိုလ် အားလုံးနီးပါးသည် နိုင်ငံတော်၏ ဘဏ္ဍာငွေအပေါ်တွင် များစွာ မှီခိုနေရပြီး သုံးနှစ်ကြာ အနှောင့်အယှက် ဖြစ်စေခဲ့သော COVID-19 ၏ မူဝါဒများ၊ အိမ်ခြံမြေ အကျပ်အတည်းနှင့် စီးပွားရေး နှေးကွေးမှုတို့ကြောင့် ဒေသတွင်း အစိုးရများအကြား ငွေကြေးကြပ်တည်းမှုများ ဖြစ်ပေါ်လာရပြီး ယခုကဲ့သို့ ကျောင်းလခများ ပိုမို မြင့်မားလာခြင်း ဖြစ်သည်။ 

 

ရှန်ဟိုင်းအခြေစိုက် တရုတ်အရှေ့ပိုင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ သိပ္ပံ၊ အင်ဂျင်နီယာနှင့် ကာယပညာ ကဲ့သို့သော အဓိက ဘာသာရပ်များနှင့် လစ်ဘရယ်ဝိဇ္ဇာ ဘာသာရပ်အတွက် နှစ်စဉ် ကျူရှင်ခကို ယွမ် ၇,၇၀၀ ( ဒေါ်လာ ၁,၀၈၂ )၊ (၃၀) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း ပြီးခဲ့သည့် ဇွန်လ (၄) ရက်၊ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။ .

 

Shanghai Dianji University တွင် သိပ္ပံနှင့် အင်ဂျင်နီယာ ဘာသာရပ်အတွက် ကျူရှင်ခမှာ (၄၀) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး စီမံခန့်ခွဲမှု၊ စီးပွားရေးနှင့် စာပေဘာသာရပ်တွင် သင်ကြားနေသော ကျောင်းသားမျာ အနေဖြင့် အစောပိုင်း နှစ်များနှင့် နှိုင်းယှဉ်ပါက (၃၀) ရာခိုင်နှုန်းထိ ကျူရှင်ခ ပိုပေးရတော့မည် ဖြစ်ကြောင်း သိရသည်။

 

Advertisement

Click Here > Ko Nyein Maung

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ လူဦးရေ ထူထပ်သော Sichuan နှင့် အရှေ့မြောက်ပိုင်း Jilin ပြည်နယ်များသည်လည်း မတူညီသော မေဂျာများအတွက် ကျူရှင်များ တိုးမြှင့်ပေးခဲ့ပြီး Sichuan တွင် အများဆုံး (၄၁) ရာခိုင်နှုန်းအထိ တိုးခဲ့ကြောင်း ဒေသန္တရ အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

၂၀၂၃ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းထားသော ဘတ်ဂျက်အသုံးစရိတ်သည် ယခင်နှစ်ထက် ယွမ် (၁၀၂.၆) ဘီလီယံမှ (၃.၇) ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း ဝန်ကြီးဌာန၏ ဘတ်ဂျက်အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အကြီးတန်းပညာရေး ကျွမ်းကျင်သူများ ဦးဆောင်သည့် သုတေသနအဖွဲ့သည် နိုင်ငံတကာ ကျောင်းသားများအတွက် တက္ကသိုလ်ကျူရှင်များ တိုးမြှင့်ရန် ပြီးခဲ့သည့်လက တောင်းဆိုခဲ့ကြောင်း Beijing Institute of Technology professor Liu Jin ဦးဆောင်သော လေ့လာမှုတစ်ခုအရ သိရသည်။

 

အဆိုပါ လေ့လာမှုတွင် နိုင်ငံတကာ ကျောင်းသားများအတွက် ကျောင်းလခကို တစ်နှစ်လျှင် ယွမ် (၂၀,၀၀၀) မှ ယွမ် (၁၁၀,၀၀၀) အထိ တိုးမြှင့်ရန် အကြံပြုထားသည်ကို တွေ့ရှိရသည်။

 

ပြီးခဲ့သည့် ဧပြီလတွင် ရှန်ဟိုင်း၏ ဘဏ္ဍာရေး အချက်အချာကျသော နေရာတွင် ယခုဆောင်းဦးပေါက်မှ စတင် ဖွင့်လှစ်မည့် စာသင်နှစ်အတွက် နှစ် (၂၀) ကျော်ကြာ မပြောင်းလဲခဲ့သော ကျောင်းလခကို တိုးမြှင့်ရန် ယင်းသို့ လူထုကြားနာပွဲ ပြုလုပ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Government School International News Latest Post Read 735 times