Sales Hotline : 09448001653    



ဖုန်းသိမ်းခံရလို့ ဒေါသထွက်ပြီး အဆောင်ကိုမီးရှို့ခဲ့တဲ့ကျောင်းသူ

 

တောင်အမေရိကတိုက်ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂိုင်ယာနာနိုင်ငံအလယ်ပိုင်း မာဒီယာမြို့ရဲ့ ကျောင်းအဆောင်တစ်ခုမှာ ကျောင်းသူ တစ်ဦးဖြစ်သူရဲ့ မိုဘိုင်းဖုန်းကို သိမ်းဆည်းမှုကြောင့် ထိုကျောင်းသူမှ ဒေါသထွက်ပြီး မီးရှို့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ထိုမီးရှို့မှုကြောင့် ကျောင်းအဆောင်တစ်ခုလုံး မီးလောင်ခဲ့တာ ဖြစ်မယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။

 

ထိုဖြစ်စဥ်မှာ တနင်္လာနေ့မနက် အစောပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောင်းမီးလောင်မှုကြောင့် ကျောင်းသူ/ကျောင်းသားစုစုပေါင်း  ၁၉ဦးသေဆုံးခဲ့ပါတယ်။  သေဆုံးသူအများစုမှာ အမျိုးသမီးတွေဖြစ်တယ်လို့လည်း သိရှိရပါတယ်။

 

မီးလောင်မှုမှာ ရေချိုးခန်းဧရိယာမှစတင်ခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းနေချိန်မှာ ညလယ်ခေါင်ဖြစ်ပြီး အဆောင်တံခါးမှာလည်း သော့ခတ်ထားပါတယ်။ ထို့အပြင်ပြတင်းပေါက်များမှာလည်း ဖွင့်လို့မရတဲ့ အသေပုံစံများဖြစ်နေခဲ့ပါတယ်။ ရုတ်တရက်အဆောင်မှူးမှာ အထိတ်တလန့်ဖြစ်ပြီး အဆောင့်သော့ကို ရှာလို့မရခဲ့ပါဘူး။

Advertisement

Click Here > Super Shine Trading (Food)

 မီးရှို့ခဲ့တဲ့ကျောင်းသူဟာ ၄င်းထက်အသက်ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်နေတာဖြစ်ပြီး ထိုအကြောင်း အရာကြောင့် ဖုန်းသိမ်းခံခဲ့ရတာပါ။ ၄င်းမီးလောင်မှုအတွင်းမှာ အဆောင်အုပ်ချုပ်ရေးမှူးရဲ့ ငါးနှစ်သား အရွယ်ကလေးလည်း ပါဝင်နေတာကြောင့် အဆောင်မှူးဟာ ရုတ်တရက်ကြောက်လန့်တကြားဖြစ်ပြီး တံခါးဖွင့်ရန် သော့များကို ရှာမတွေ့ခဲ့ကြောင်း သိရှိရပါတယ်။

 

ဒါကြောင့်ပဲ သစ်သားတစ်စိတ်တစ်ပိုင်းနဲ့တည်ဆောက်ထားတဲ့ အဆောက်အဦးတစ်ခုလုံးဟာ မီးလောင်သွားခဲ့ပြီး မီးသတ်သမားများလည်း အဆောင်နံရံကို ဖြိုဖျက်ဝင်ရောက်ပြီး ပိတ်မိနေသူတွေကို ကယ်တင်ခဲ့ရပါတယ်။ ထိုအချိန်အဆောင်ထဲမှာ ပိတ်မိနေသူ ၅၇ဦးရှိနေတာပါ။

 

 မီးရှို့တယ်လို့ သံသယရှိသူ မိန်းကလေးမှာလည်း လက်ရှိတွင် မီးလောင်ဒဏ်ရာများဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး အဆောင်ကို သူ မီးရှို့ခဲ့တာ ဝန်ခံကြောင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ သေဆုံးသူမှာ (၁၉)ဦးရှိပြီး ဒဏ်ရာအပြင်းအထန်ရရှိသူများစွာရှိပါတယ်။ အဆိုပါမီးလောင်မှုမှာ အလွန်ပြင်းထန် သောကြောင့် သေဆုံးသူအချို့ကို ခွဲခြားနိုင်ရန် DNA စစ်ဆေးရန် လိုအပ်ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပြောဆို ထားပါတယ်။ 

 

Source: BBC News 

(Guyana school fire: Pupil suspected of starting deadly blaze over 'confiscated phone')

Latest Post International News Read 1290 times