Sales Hotline : 09448001653       Download App



အသက် ၁၁နှစ်နဲ့ မဟာဘွဲ့ရရှိတော့မယ့် မက္ကဆီကိုမြို့က အော်တစ်ဇင်ကလေးမလေး

 

မက္ကဆီကိုမြို့မှာနေထိုင်တဲ့ အက်ဟာရာပီရက်ဇ် ဆန်းချက်ဇ်ဆိုတဲ့ ကလေးမလေးဟာ အသက် ၃နှစ်အရွယ်မှာ အော်တစ်ဇင်တစ်ဦးဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိခဲ့တာပါ။ အက်ဟာရာလေးဟာ အော်တစ်ဇင်ဖြစ်နေပေမယ့် ထူးခြားတဲ့စွမ်းရည်တွေကို ပိုင်ဆိုင်ထားသလို ရူပဗေဒပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းရဲ့ အိုင်ကျူထက် ပိုမြင့်ပြီး သူမရဲ့ IQ Level မှာ ၁၆၂တောင်ရှိပါတယ်။ 

 

အက်ဟာရာဟာ မက္ကဆီကိုမြို့ရဲ့ သာမာန်လူတန်းစားရပ်ကွက်ငယ်တစ်ခုမှာ ကြီးပြင်းခဲ့ရပြီး ငယ်စဥ်က အော်တစ်ဇင်ကလေးတစ်ဦးဖြစ်တာကြောင့် အခြားသောကလေးတွေရဲ့ လှောင်ပြောင်အနိုင်ကျင့်မှု တွေကိုလည်းခံခဲ့ရပါတယ်။ဒီလိုထိုးနှက်ချက်တွေကြောင့်အက်ဟာရာဟာကျောင်း(၃)ကျောင်းပြောင်းခဲ့ရပြီး တစ်ခြားကလေးတွေနဲ့ပေါင်းသင်းဆော့ကစားခြင်းမရှိတော့ပဲ သီးသန့်နေထိုင်လာခဲ့ပါတယ်။

 

“ဆရာမတွေကလည်း စာနာစိတ်သိပ်မရှိကြဘူး၊ ကလေးကို ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေပဲ အတင်းပြီးစေချင်နေကြတာ၊ကလေးကသူ့ကိုယ်သူတဖြည်းဖြည်းခွဲထုတ်လာခဲ့တယ်၊အတန်းဖော်တွေနဲ့လည်း မကစားတော့ဘူး၊ ကျောင်းမှာလည်း ခဏပဲနေနိုင်တယ်၊ တစ်ချိန်လုံး အိပ်ပဲအိပ်ချင်နေတော့တာ၊ လူတွေက စာနာစိတ်မရှိပဲ သမီးလေးကို အမျိုးမျိုးလှောင်ပြောင်ခဲ့ကြတယ်” လို့ သူမ အမေက ပြောကြားလာပါတယ်။ 

Advertisement 

Click Here > Max Cool Engineering Co.,Ltd

ဒီလိုအနိုင်ကျင့်ဗိုလ်ကျမှုတွေခံခဲ့ရတဲ့ အက်ဟာရာလေးဟာအခုဆိုရင်တော့ အသက် ၁၁နှစ်အရွယ် ဉာဏ်ကြီးရှင်မလေးတစ်ဦးဖြစ်နေပါပြီ။ဒါ့အပြင် အင်ဂျင်နီယာဘွဲ့ကိုမှ မဟာဘွဲ့ရယူဖို့စောင့်ဆိုင်းနေတဲ့ကလေးမလေး တစ်ဦးပါ။

 

အက်ဟာရာလေးရဲ့ IQ Level ဟာအရင်ကမှတ်ဉာဏ်အကောင်းဆုံးလို့ မှတ်တမ်းဝင်ခဲ့တဲ့ အမျိုးသားနှစ်ဦး ထက်ကို ၂မှတ်ပိုပြီး များနေပါသေးတယ်။ ဒါတွေကြောင့်ပဲ အက်ဟာရာဟာ ဂဏန်းသင်္ချာကို သူမကိုယ်တိုင် သင်ယူနိုင်ခဲ့ပြီး ဇယားကွက်တွေကနေ အလွတ်မှတ်နိုင်ခဲ့ပါတယ်။ အမေဖြစ်သူကလည်း သမီးရဲ့ အနိုင်ကျင့်ခံ ရမှုတွေကို စိတ်သက်သာရာ ရရှိစေဖို့အတွက် ကုထုံးနဲ့ ကုသခံယူစေခဲ့ပါတယ်။

 

အဲဒီနောက်မှာတော့အက်ဟာရာဟာပါရမီရှင်လေးတွေအတွက် ဖွင့်လှစ်ထားတဲ့ သီးသန့်ကျောင်းဖြစ်တဲ့ Center for Attention to Talent (CEDAT) ကျောင်းမှာထားဖို့အတွက် အကြံပြုခံရပါတယ်။ CEDAT ကျောင်းကိုရောက်မှပဲ အက်ဟာရာရဲ့ IQ Level ကို သေချာအတည်ပြုနိုင်ခဲ့တာပါ။

 

အသက် ၅နှစ်အရွယ်မှာ မူလတန်းအောင်မြင်ပြီး နောက်တစ်နှစ်အကြာမှာ အလယ်တန်းသာမက အထက်တန်းကိုပါအက်ဟာရာဟာအောင်မြင်ခဲ့ပါတယ်။လက်ရှိမှာသူမဟာ CNCI တက္ကသိုလ်ကနေပြီး System Engineering နဲ့ ဘွဲ့တစ်ခုကိုရရှိထားပြီး မက္ကဆီကိုနည်းပညာတက္ကသိုလ်မှာ သင်္ချာဘာသာရပ်ကို မဟာဘွဲ့ ပရိုဂရမ်နဲ့ လေ့လာသင်ယူနေပါတယ်။

 

သူမဟာ အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာနိုင်ဖို့ဆိုတဲ့ အိမ်မက်နဲ့အတူ မဟာဘွဲ့ကို ဆက်လက်သင်ယူနေတာပါ။ ဒါပြီးရင်တော့ နက္ခတ္တဗေဒပညာရပ်ကို လေ့လာသင်ယူနိုင်မယ့် အရီဇိုးနားတက္ကသိုလ်မှာ ဆက်လက်ပညာ သင်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။

 

ဒီအတွက်လည်း ကျောင်းကပညာသင်ဆုပေးပေမယ့် ဗီဇာပြဿနာအချို့ကြောင့် တက်ရောက်ရမယ့် အခွင့်အရေးကိုရွေ့ဆိုင်းထားရပါတယ်။ အခုဆိုရင်  အက်ဟာရာဟာ  မက္ကဆီကို  အာကာသစူးစမ်းလေ့လာရေး အေဂျင်စီနဲ့အတူ အခြားမိန်းမငယ်လေးများအတွက် အာကာသလေ့လာရေးနဲ့ သင်္ချာဘာသာရပ်အကြောင်း မျှဝေပေးနေပါတယ်။

 

 

Ref Link: 

 

Child prodigy, 11, with higher IQ than Einstein wants to colonize Mars as NASA astronaut

 

 

 

Latest Post International News Read 926 times