Sales Hotline : 09448001653       Download App



အသက် (၄) နှစ်နဲ့ စာအုပ်ရေးသား ထုတ်ဝေခဲ့တဲ့ ဂင်းနစ်စ်စံချိန်တင် ကလေး

 

 

အာရပ်စော်ဘွားနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ UAE (United Arab Emirates) နိုင်ငံက အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာဆိုရင် “The Elephant Saeed and the Bear” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သော အသက်အငယ်ဆုံး (အမျိုးသား) အဖြစ် ဂင်းနစ်စ်ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။ 

 

ကမ္ဘာ့အသက်အငယ်ဆုံး စာရေးဆရာလေးကတော့ ဆာအိဒ်ရက်ချ်အယ်မီရီဖြစ်ပြီး အသက် ၄ နှစ်နဲ့ ၂၁၈ ရက်မှာ ကမ္ဘာ့စံချိန်ကို ချိုးနိုင်ခဲ့တာပါ။ ယခုအချိန်ထိ ဆာအိဒ်ထုတ်ဝေခဲ့တဲ့ “The Elephant Saeed and the Bear” စာအုပ်မှာ အုပ်‌ရေ ၁,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့မှာ တရားဝင်အသိအမှတ်ပြု မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Advertisement 

Click Here > High Tech

ဂင်းနစ်စ်မှတ်တမ်းက ထုတ်ပြန်တဲ့ အစီအရင်ခံစာတစ်ခုအရ စာအုပ်ဟာ တိရစ္ဆာန်နှစ်ကောင်ကြားက ကြင်နာမှုနဲ့ မမျှော်လင့်ထားတဲ့ ချစ်ကြည်ရင်းနှီးမှု ဇာတ်လမ်းကို ရေးသား တင်ပြထားတယ်လို့ သိရှိရပါတယ်။ 

 

စာအုပ်အကြောင်းကတော့ ဆင်ကလေး ဆီအက်ဒ်နဲ့ ပိုလာဝက်ဝံလေးတို့ရဲ့ အကြောင်းပါ။ ဆင်က ပျော်ပွဲစားထွက်ပြီး ပိုလာဝက်ဝံလေးကို တွေ့သွားတယ်။ အဲဒီမှာ ဆင်လေးက ဝက်ဝံ သူ့ကို စားတော့မယ်လို့ ထင်သွားတယ်၊ နောက်တော့ ဆင်လေးဆီအက်ဒ်က ဝက်ဝံလေးကို ပျော်ပွဲစား တူတူထွက်ရအောင်လို့  ပြောခဲ့ပါတယ်။  

 

အဲဒီနောက်မှာတော့   သူတို့နှစ်ယောက် သူငယ်ချင်း ဖြစ်သွားကြပြီး တစ်ကောင်နဲ့ တစ်ကောင် ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့ကြပါတယ်လို့လည်း ဆာအိဒ်က ပြောပြထားပါတယ်။

 

ဆာအိဒ်တို့ မိသားစုမှာဆိုရင် ဆာအိဒ်လေးတစ်ယောက်ပဲ ကမ္ဘာ့ဂင်းနစ်စ်စံချိန် မှတ်တမ်းတင် ခံထားရတာ မဟုတ်ပါဘူး။  ဆာအိဒ်ရဲ့ အစ်မဖြစ်သူ  အယ်လ်ဒါဘီကလည်း  ဘာသာစကား နှစ်မျိုးနဲ့  စာအုပ်ထုတ်ဝေနိုင်ခဲ့တဲ့အတွက် အသက်အငယ်ဆုံးပုဂ္ဂိုလ် (အမျိုးသမီး) အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပါသေးတယ်။ 

 

“သားအစ်မကို အရမ်းချစ်ပြီး သူနဲ့ တစ်ချိန်လုံးကစားရတာကို သဘောကျတယ်၊ စာဖတ်တာ၊ စာရေးတာ၊ ပုံဆွဲတာတွေလည်း သားတို့ အများကြီးလုပ်ကြတယ်၊ အစ်မရဲ့ ပံ့ပိုးမှုနဲ့ တွန်းအားတွေကြောင့်လည်း အခုလို ကိုယ်ပိုင်စာအုပ် ရေးသားထုတ်ဝေနိုင်ခဲ့တာ” လို့ ဆာအိဒ်က ဆိုပါတယ်။

 

ဆာအိဒ်ကို စာအုပ်ရေးသားထုတ်ဝေဖို့အတွက် အကြီးမားဆုံး လှုံ့ဆော်မှုနဲ့ တွန်းအားပေးခဲ့သူ၊ ကူညီပံ့ပိုးပေးခဲ့သူက အယ်လ်ဒါဘီလေးပဲ ဖြစ်ခဲ့ပါတယ်။ 

 

Ref:Meet little Saeed Rashed AlMheiri, the world's youngest author from UAE - Mint

International News Latest Post Read 388 times