Sales Hotline : 09448001653       Download App



အနှစ်(၅၀)ကျော်အကြာ အသက်(၇၆)နှစ်ပြည့်မှ ဒေါက်တာဘွဲ့ရရှိခဲ့သူ

 

 

သင်ယူခြင်းဆိုတာ ဘဝတစ်လျှောက်လုံးဆက်လက်လုပ်ဆောင်နေရမယ့် လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး သင့်အနေနဲ့ရည်ရွယ်ထားသမျှအရာအားလုံးကိုပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်ဆိုပါက ဘယ်သောအခါမှအချိန်နှောင်းမှာမဟုတ်ပါဘူး။ 

 

ဒါကို ၁၉၇၀ ခုနှစ်မှာ ဒေါက်တာဘွဲ့ ( Ph.D) စတင်တက်ရောက်ခဲ့ပြီး နှစ်ပေါင်း (၅၀)အကြာ အသက် ၇၆နှစ်မှ ဒေါက်တာဘွဲ့ယူနိုင်ခဲ့တဲ့ နစ်ခ်အက်စ်တန်က သက်သေပြခဲ့ပါတယ်။ ဒေါက်တာနစ်ခ်ဟာ ၁၉၇၀ခုနှစ်မှာ အမေရိကန်နိုင်ငံ University of Pittsburgh မှာ သင်္ချာလူမှုဗေဒဆိုင်ရာပါရဂူဘွဲ့ကို တက်ရောက်ဖို့ Full Bright ပညာသင်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ငါးနှစ်ကြာပြီးနောက်မှာ ပါရဂူဘွဲ့ကို မပြီးဆုံးပဲ ဗြိတိန်ကို ပြန်သွားခဲ့ပါတယ်။

 

ဒေါက်တာနစ်ခ်ဟာ ၂၀၁၆ ခုနှစ် အသက် ၆၉နှစ်မှာ University of Bristol ရဲ့ MA in Philosophy ပရိုဂရမ်နဲ့ မဟာဘွဲ့ကို ရယူပြီး ပညာဆက်လက်သင်ကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက် အဲဒီတက္ကသိုလ်မှာပဲ ဒေါက်တာဘွဲ့ကို ယူဖို့ဆုံးဖြတ်ပြီး ဆက်လက်တက်ရောက်ခဲ့ပါတယ်။ 

Advertisement

Click Here > Septic Tank

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဘရစ္စတိုတက္ကသိုလ်က နစ်ခ်ကို ဒဿနိကဗေဒပါရဂူဘွဲ့အပ်နှင်း ခဲ့ပါတယ်။ နစ်ခ်ဟာထိုအချိန်မှာ အသက် ၁၁ နှစ်အရွယ်မြေးမလေးတစ်ယောက်ရှိပါပြီ။ University of Bristolရဲ့ထုတ်ပြန်ချက်များအရ ဒေါက်တာနစ်ခ်ပြုလုပ်တဲ့ သုတေသနအချက်အလက်တွေက လူသားတစ်ဦးချင်းစီ၏ တန်ဖိုးများအပေါ် အခြေခံပြီး လူသားတို့ရဲ့ အပြုအမူကို ရှင်းပြနိုင်တဲ့ သီအိုရီအသစ် ထွက်ပေါ်လာစေခဲ့တယ်လို့ ဆိုထားပါတယ်။

 

ထိုသီအိုရီကလူသားတွေရဲ့ အပြုအမူဆိုင်ရာစိတ်ပညာအမြင်ကို တော်လှန်ဖို့အတွက် အလားအလာ ရှိတယ်လို့ဆိုပါတယ်။ ဒေါက်တာနစ်ခ်ကလည်း သူ့ရဲ့ သုတေသနက အလွန်ခက်ခဲမှုတွေ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

 

ဆမ်းမားဆတ်မှာလက်ရှိနေထိုင်နေတဲ့ဒေါက်တာနစ်ခ်ဟာ သူ့အနေနဲ့ University of Bristolမှာ ကျောင်းတက်ခဲ့တဲ့ကာလအတွင်းက အချိန်တွေကို နှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခြားကျောင်းသားတွေက သူ့ထက်အများကြီးငယ်ပေမယ့် သူတို့နဲ့အတူလို တစ်သားတည်း ဆက်ဆံပေးကြပြီး အားပေးကူညီကြတဲ့အတွက် အများကြီးအဆင်ပြေခဲ့ရကြောင်းဆိုထားပါတယ်။

 

Ref: Never Too Late: 76-Year-Old British Man Completes PhD After 52 Years

 

Latest Post International News Read 487 times