Sales Hotline : 09448001653       Download App



ဆယ်ကျော်သက်ရွယ်အထိ စာရေးစာဖတ် မလုပ်နိုင်ပေမယ့် ကမ်းဘရစ်ချ်မှာ ပါမောက္ခဖြစ်လာခဲ့သူ

 

 

ဆယ်ကျော်သက်အရွယ်အထိ စာရေး၊စာဖတ်ခြင်း မပြုလုပ်နိုင်တဲ့ လူငယ်တစ်ဦးဟာ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ကမ္ဘာပေါ်က နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ ကမ်းဘရစ်ချ် (Cambridge) တက္ကသိုလ်မှာ အသက်အငယ်ဆုံး လူမည်းပါမောက္ခတစ်ဦး ဖြစ်လာခဲ့ပါတယ်။

 

ဂျေဆန်အာဒေးလို့ခေါ်တဲ့ လူငယ်လေးဟာ အလုံးစုံဖွံ့ဖြိုးမှုဆိုင်ရာ နောက်ကျတဲ့ အခြေအနေတစ်ရပ်ကို ကြုံတွေ့ခဲ့ရပြီး အသက် ၁၁ နှစ်အရွယ်ထိ စကားမပြောတတ်ခဲ့ပါဘူး။ ဒါ့အပြင် ဆယ်ကျော်သက်အရွယ်ထိ စာရေးနိုင်၊ ဖတ်နိုင်ခြင်းလည်း မရှိခဲ့ပါဘူး။

 

ကုထုံးပညာရှင်များကလည်း ဂျေဆန့်ကို တစ်သက်တာ ကူညီထောက်ပံ့မှုကို လိုအပ်မယ့် အရွယ်ရောက်ပြီးသူ တစ်ဦးဖြစ်မယ်လို့ ခန့်မှန်းထားခဲ့ကြတာပါ။

Advertisement

Click Here > Myat Noe Lay

ထိုနောက်ပိုင်းမှာ ဂျေဆန်ဟာ စာရေး၊စာဖတ်တတ်လာခဲ့ပြီး ဆာရေးတက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ထို့နောက် ကိုယ်ကာယဆရာအဖြစ်လည်း အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ဂျေဆန်ဟာ အသက် ၂၇ နှစ်အရွယ်မှာ မိဘအိမ်မှာရှိတဲ့ သူ့ရဲ့ အိပ်ခန်းနံရံပေါ်မှာ “တစ်နေ့ ငါ Oxford တက္ကသိုလ် ဒါမှမဟုတ် Cambridge တက္ကသိုလ်မှာ အလုပ်လုပ်နိုင်ရမယ်” လို့ ရေးသား ကြွေးကြော်ထားခဲ့ပါတယ်။

 

သူက နေ့ဘက်မှာ ကိုယ်ကာယဆရာအဖြစ် အလုပ်လုပ်ရင်း ညဘက်မှာစာတမ်းတွေ ရေးသား လေ့လာခဲ့ပါတယ်။ အဲဒီနောက် Liverpool မြို့ John Moores တက္ကသိုလ်မှ မာစတာဘွဲ့  ၂ ဘွဲ့ နဲ့ ပညာရေးဆိုင်ရာလေ့လာမှုနဲ့ ဒေါက်တာဘွဲ့ပါ ရရှိပြီး ပါမောက္ခဖြစ်လာခဲ့ပါတယ်။

 

ဂျေဆန်ဟာ ၂၀၁၅ ခုနှစ် PhD ဘွဲ့အတွက် ပညာသင်ကြားနေစဥ်မှာလည်း ဗြိတိသျှတက္ကသိုလ်တွေမှာ လူမျိုးရေးဆိုင်ရာ မညီမျှမှုများအကြောင်းကို မီးမောင်းထိုးပြသည့် “Aiming Higher” အစီရင်ခံစာကိုလည်း ပူးတွဲ တည်းဖြတ် တင်ပြခဲ့ပါသေးတယ်။

 

၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ တစ်ကိုယ်တော်စာတမ်းကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ တစ်နှစ်တည်းမှာပဲ ဂျေဆန်ဟာ Roehampton တက္ကသိုလ်မှာ Senior Leadership ရာထူးကို အောင်မြင်စွာ ရရှိခဲ့ပါတယ်။ ထို့နောက်မှာ လူမှုဗေဒ တွဲဖက်ပါမောက္ခအဖြစ် Durham တက္ကသိုလ်ဆီသို့ ဆက်သွားခဲ့ပါတယ်။

 

အဲဒီနောက် University of Glasgow မှာ ကျော်ကြားတဲ့ ပါမောက္ခရာထူးကို ရရှိပိုင်ဆိုင်ခဲ့ပြီး ထိုအချိန်မှာ ဂျေဆန်ဟာ ယူကေနိုင်ငံရဲ့ အသက်အငယ်ဆုံး ပါမောက္ခတစ်ဦး ဖြစ်လာခဲ့ပါပြီ။ 

 

လက်ရှိမှာတော့ ဂျေဆန်ဟာ လာမယ့် မတ်လ ၆ ရက်နေ့ကစတင်ပြီး ကမ်းဘရစ်ချ်တက္ကသိုလ်မှာ ပညာရေးဆိုင်ရာ လူမှုဗေဒပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်တော့မှာပဲ ဖြစ်ပါတယ်။ 

 

Ref: Man Who Didn’t Read or Write Until His Late Teens Becomes Cambridge University’s Youngest Black Professor

 

International News Latest Post Read 568 times