Sales Hotline : 09448001653    



ပညာသင်ခွင့်မရပေမယ့် လက်နှစ်ဖက်စလုံးနဲ့ ပုံစံ(၁၁)မျိုးဖြင့် စာရေးနိုင်တဲ့ ဉာဏ်ကြီးရှင်မလေး

 

 

အသက် ၁၇ နှစ်အရွယ် အာဒီး ဆွာရူပါဆိုတဲ့ ကောင်မလေးတစ်ဦးဟာဆိုရင် သူမရဲ့ ရှားပါးလှတဲ့ စွမ်းရည်တွေကြောင့် အွန်လိုင်းမှာ လူသိများလာပြီး လက်ရှိမှာ ရေပန်းစားကာ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါတယ်။ 

 

အိန္ဒိယနိုင်ငံ၊ မန်ဂလိုးမြို့မှာနေထိုင်တဲ့ အာဒီးဟာ သူမရဲ့ လက်နှစ်ဖက်စလုံးနဲ့ စာရေးသားနိုင်တဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားတဲ့အပြင် လက်နှစ်ဖက်စလုံးကို အသုံးပြုပြီး ညာလက်အမြန်ရေး၊ ဘယ်လက်အမြန်ရေး၊ နောက်ပြန်စာရေး၊၊ အဝတ်နဲ့မျက်လုံးကိုစည်းပြီး မျက်စိမှိတ်စာရေး၊ ဆန့်ကျင်ဘက်နောက်ပြန်စာရေး၊ မှန်ရိပ်ပုံစံစာရေး  စတဲ့စွမ်းရည်တွေ အပါအဝင် ပုံစံ (၁၁) မျိုးနဲ့ စာရေးနိုင်ပါသေးတယ်။

 

နည်းပညာဝါသနာရှင် ရာဗီက မကြာသေးခင်ကမှ အာဒီးရဲ့ စာရေးစွမ်းရည်ပြ ဗီဒီယိုကို တွစ်တာမှာ မျှဝေခဲ့တာပါ။ လူတစ်သန်းမှာမှ တစ်ယောက်တွင်သာ ဖြစ်ပေါ်နိိုငတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းအစိတ်အပိုင်းများကို သူမက တစ်ချိန်တည်းမှာ အံ့ဩစရာ ကောင်းလောက်အောင် အသုံးပြုနိုင်တာပါ။ 

                                                          Advertisements 

                                                          Click Here > HT-LT Co.,Ltd.

အာဒီဟာ တစ်မိနစ်အတွင်းမှာပဲ စာလုံးရေ အများအပြားကို လက်နှစ်ဖက်စလုံးနဲ့ တစ်ပြိုင်တည်း  ပြီးမြောက်အောင်ရေးနိုင်ပါတယ်။ တစ်မိနစ်မှာ စာလုံးရေ ၄၅ လုံးရေးသားနိုင်တဲ့အတွက်လည်း ကမ္ဘာ့စံချိန်ချိုးထားပါတယ်။

 

အာဒီဟာ တရားဝင်စာသင်ကြားခွင့်မရရှိခဲ့ပေမယ့် သူမရဲ့မိဘတွေကသူ့ကို ပညာသင်ကြားခွင့်ပေးကာ လေ့လာတတ်မြောက်စေခဲ့ပါတယ်။ အသက် တစ်နှစ်ခွဲအရွယ်မှာ စာဖတ်တတ်ပြီး အသက် နှစ်နှစ်ခွဲအရွယ်မှာ စာမျက်နှာ ၃၀ အထိ စာရေးနိုင်နေပါပြီ။ အခုချိန်မှာတော့ အာဒီဟာ SSLC စာမေးပွဲကိုသီးသန့် ဖြေဆိုရန် ပြင်ဆင်နေပါတယ်။

 

သူမရဲ့စွမ်းရည်တွေကဒီမှာတင်မပြီးဆုံးသေးပဲ ကျန်ရှိနေပါသေးတယ်။ သူမဟာ ၄ စက္ကန့်မှ ၅ စက္ကန့်အတွင်း ဂဏန်းတစ်ခုနဲ့ ဆက်စပ်နေတဲ့ ကျပန်းပေးထားတဲ့ ထောင်ပေါင်းများစွာသော အရာတွေကိုမှတ်သားပြီးအလွတ်ပြန်ပြောနိုင်ပါတယ်။ဖုန်းနံပါတ်ထောင်ပေါင်းများစွာကိုလည်းမှတ်သားနိုင်ပြီး ရောင်စုံဉာဏ်စမ်းကုဗတုံးကို ၄၅ စက္ကန့်အတွင်း ဖြေရှင်းနိုင်ပါတယ်။

 

အာဒီက အလုပ်မျိုးစုံလုပ်နေတဲ့အချိန်အတွင်းမှာ ဝတ္ထုတွေဖတ်ရတာကို စိတ်ဝင်စားပြီး သီချင်းဆိုရတာကိုလည်း ဝါသနာပါပါတယ်။ သူမရဲ့ အံ့ဩဖွယ်ရာကောင်းတဲ့ မှတ်ဉာဏ်ကြောင့် အိန္ဒိယနိုင်ငံရဲ့ Book of Records မှာ ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရပါတယ်။ အင်္ဂလိပ်ဘာသာ နှင့် ကန်ဘာသာ နှစ်မျိုးစလုံးကိုတစ်ပြိုင်နက်တည်း ရေးသားရင်း တစ်မိနစ်အတွင်း စာလုံးရေ ၄၅ လုံးကို ပြီးမြောက်အောင် ရေးသားနိုင်သည့်အတွက် Lata Foundation ရဲ့ Exclusive World Recordမှာပါ အသိအမှတ်ပြုခံခဲ့ရတာပါ။ 

 

အာဒီဟာသူမရဲ့မတူညီတဲ့ အရည်အချင်းအမျိုးမျိုးနဲ့လည်း နောက်နှစ်တွေမှာ မှတ်တမ်းတင်စံချိန်ချိုးနိုင်အောင်ကြိုးစားလျှက်ရှိပါတယ်။ 

 

အာဒီရဲ့ ဗီဒီယိုကိုတော့ အောက်ဖော်ပြပါလင့်ခ်ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဗီဒီယိုလင့်ခ် > https://youtu.be/3fxEntD5Qzw 

 

Reference From >

This ambidextrous Indian kid can write in 11 different styles

 

International News Latest Post Read 601 times