Sales Hotline : 09448001653       Download App



အဲလ်ဘတ်အိုင်းစတိုင်းထက် ဉာဏ်ရည်ပိုမြင့်တဲ့ အသက်(၈)နှစ်အရွယ် ပါရမီရှင်လေး

 

 

အိန္ဒိယနိုင်ငံမှ အသက် (၈) နှစ်အရွယ်ရှိ ပါရမီရှင်လေးရဲ့ ထက်မြက်မှုနှင့် တီထွင်ဖန်တီးမှုတွေက ကမ္ဘာတစ်ဝှမ်းမှ လူအများရဲ့ အာရုံကို ဖမ်းစားနေပါတယ်။ သူကတော့ အိန္ဒိယနိုင်ငံ ဘန်ဂါရူမြို့မှ ရီရှီရှိဗ်ပရာစန်န ဆိုတဲ့ ကလေးငယ်ပါပဲ။ 

 

ရီရှီဟာ မကြာသေးခင်ကမှ အက်ပ်လီကေးရှင်းတီထွင်မှု နဲ့ ဆန်းသစ်တီထွင်မှုတို့အတွက် Pradhan Mantri Rashtriya Bal Puraskar Award ဆုကိုချီးမြှင့်ခြင်းခံခဲ့ရတာပါ။ ရီရှီဟာ အက်ပ်တီထွင်သူ တစ်ဦးသာမက စာရေးဆရာတစ်ဦး၊  YouTuber တစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရူဗဗေဒပညာရှင်အဲလ်ဘတ်အိုင်စတိုင်းထက် ဉာဏ်ရည်ဉာဏ်သွေးပိုမိုမြင့်မားပြီး အိုင်ကျူ (IQ) ၁၈၀ ရှိတဲ့ ပညာရှင်တစ်ဦးပါ။

 

ရီရှီဟာ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများထဲက အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သိပ္ပံပညာနဲ့ ပတ်သက်တဲ့ ပညာပေးဗီဒီယိုလေးတွေကိုလည်း Youtube မှာတင်ပေးလေ့ရှိပါတယ်။ သုံးနှစ်သားအရွယ်မှာ နေစကြာဝဠာနှင့် ဂြိုဟ်တွေအကြောင်းကို ပြောဆိုနိုင်နေပြီဖြစ်ပြီး ငါးနှစ်သားအရွယ်မှာ Coding ပညာရပ်ကို စတင်သင်ယူနေပြီပဲဖြစ်ပါတယ်။

                                                          Adertisements

                                                         Click Here > Astir Power 

လက်ရှိအချိန်မှာ ရီရှီအနေနဲ့ မိုဘိုင်းအက်ပ်လီကေးရှင်း (၃)ခုဖြစ်တဲ့ ကလေးများအတွက် “IQ Test App”၊ “Countries of the World” နှင့် “Covid Helpline Bangalore” တို့ကို တီထွင်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် စာအုပ်နှစ်အုပ်ထုတ်ဝေပြီးဖြစ်ပြီး နောက်ထပ် အသစ်တစ်အုပ်ကိုလည်း ရေးသားနေပြီပဲဖြစ်ပါတယ်။

 

ရီရှီဟာ အိန္ဒိယသမ္မတဒရူပဒီမာမူ နဲ့ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ရဲ့ တွေ့ဆုံဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရပါတယ်။ အမျိုးသမီးနှင့်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြည်ထောင်စုဝန်ကြီးကလည်း ရီရှီက ပါစတာကို ကြိုက်နှစ်သက်တာ သိရှိပြီးနောက်မှာ “Pastaman” လို့တောင် နာမည်ပြောင် ပေးခဲ့ပါတယ်။

 

ရီရှီရဲ့မိဘတွေကတော့ ၄င်းတို့သားရဲ့ အောင်မြင်မှုနှင့်စိန်ခေါ်မှုတွေကို အသိအမှတ်ပြုပေမယ့် အသက်အရွယ်အုပ်စုနဲ့ ငယ်ဘဝထိတွေ့ဆက်ဆံမှုတို့ဟာ အရေးကြီးတယ်လို့ တစ်ထစ်ချယုံကြည်ထားပြီး သဘာဝကျတဲ့ကလေးဘဝကိုပဲ ဦးစားပေးစဥ်းစားပါတယ်။

 

ရီရှီ့လိုအသက်အရွယ်မျိုးမှာရရှိလာတဲ့ အောင်မြင်မှုတွေဟာ အမှန်တကယ်ပဲ မှတ်သားဖွယ်ကောင်းပြီးလူကြီးများ နဲ့ ကလေးများအတွက် အတုယူစရာကောင်းလှပါတယ်။ အားပေးကူညီမှုနဲ့ ကိုယ်ပိုင်ဖြစ်ချင်စိတ်သာရှိရင် ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဖန်တီးနိုင်စွမ်းတို့ဟာ အကန့်အသတ်ဘောင်တွေစည်းတွေ မရှိဘူးဆိုတာ ရီရှီက သက်သေပြခဲ့တာပါ။ 

 

လူတိုင်းမှာ အရည်အချင်းကိုယ်စီရှိကြပြီး အခြားသောအရာတွေကို ကြောက်ရွံ့မနေဘဲ ၄င်းတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို လေ့လာစူးစမ်းကြည့်သင့်ကြောင်း၊ အားပေးတိုက်တွန်းမှုကလည်း ၄င်းတို့ရဲ့ ပင်ကိုယ်စွမ်းရည် ထွက်ပေါ်လာစေဖို့ သော့ချက်ဖြစ်ကြောင်း ရီရှီကယုံကြည်ထားပါတယ်။ 


Ref: The 8-year-old app developer: Rishi Shiv Prasanna's inspiring story

International News Latest Post Read 654 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176