Sales Hotline : 09448001653   Find A Tutor     Download App



ကိုးနှစ်အရွယ်နဲ့ အထက်တန်းအောင်မြင်ပြီး တက္ကသိုလ်တက်ရောက်နေတဲ့ ကလေးငယ်

 

 

အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ပန်ဆိုဗေးလ်နီးယားပြည်နယ်က ကလေးငယ်တစ်ဦး ဖြစ်တဲ့ ဒေးဗစ်ဘာလိုဂန်ဟာဆိုရင် အသက်အရွယ်အားဖြင့် ၉ နှစ်သာ ရှိသေးပေမယ့် အထက်တန်းကျောင်းကို ပြီးမြောက် အောင်မြင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

 

၄င်းဟာ ဟာရစ်ဘာ့ဂျ်မြို့က Reach Cyber Charter School ကနေ အထက်တန်း အောင်မြင်ခဲ့ပြီး အွန်လိုင်းက‌နေ စာသင်ယူခဲ့တာလို့ သိရှိရပါတယ်။ တခြားကလေးတွေအနေနဲ့ နောက်ထပ် ကိုးနှစ်လောက် အချိန်ယူပြီးမှ လုပ်ဆောင်နိုင်မယ့် အရာကို ဒေးဗစ်ဟာ အသက် ၉ နှစ်တည်းနဲ့ လုပ်ဆောင်နိုင်ခဲ့တာပါ။ 

 

“ကျွန်တော် အဌမတန်း (ရှစ်တန်း)ကို တက်ရောက်ရာမှာ အချိန် နှစ်လခွဲပဲ ကြာမြင့်ပြီးနောက် အထက်တန်းကျောင်းကို ဆက်လက် တက်ရောက်ခဲ့တာပါ၊ အွန်လိုင်းကနေ စာသင်ကြားရတာဟာ အရှိန်အဟုန်နဲ့ ပိုမိုထူးချွန်စေနိုင်ပါတယ်” လို့ ဒေးဗစ်က ပြောပြလာပါတယ်။

                                                        Advertisements

                                                        Click Here > Shwe La Min 

ဒေးဗစ်ဟာ သိပ္ပံနဲ့ ကွန်ပျူတာပရိုဂရမ် ရေးဆွဲရတာကို ကြိုက်နှစ်သက်ပါတယ်။ သို့ပေမယ့် သူဖြစ်ချင်တာကတော့ တွင်းနက်တွေနဲ့ အားကောင်းပြီး တောက်ပတဲ့ ကြယ်ပေါက်ကွဲမှုတွေကို လေ့လာရတဲ့ ရူပနက္ခတ္တဗေဒပညာရှင်တစ်ဦး ဖြစ်ချင်တာပါ။

 

“ဒေးဗစ်ဟာ လှုံ့ဆော်အားပေးမှုကို ဖြစ်စေတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး သင်ကြားမှုနဲ့ ပတ်သက်တဲ့ အရာတွေကို တွေးတောဆင်ခြင်ရာမှာ အများနဲ့မတူပဲ တစ်မူထူးခြားတဲ့ ကလေးတစ်ယောက်ပါ” လို့ ၄င်း၏ ဆရာ ကိုဒီက ဆိုပါတယ်။ 

 

ဒေးဗစ်ရဲ့ မိဘတွေမှာလည်း အဆင့်မြင့်ပညာရေးမှာ ဘွဲ့ကောင်းကောင်း ရထားပေမယ့် ထူးခြားတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ သူတို့အတွက်  အတော်လေး စိန်ခေါ်မှု ဖြစ်စေပါတယ်လို့ ဆိုပါတယ်။

 

အခုဆိုရင် ဒေးဗစ်ဟာ အထက်တန်းအောင်မြင်ပြီးလို့ ​Bucks County Community College မှာ စာသင်နှစ်တစ်ခုလည်း ပြီးမြောက်ခဲ့ပါပြီ။ ဒေးဗစ်ရဲ့ ဖခင်ကတော့ ၄င်းကို ဟားဗတ်ဒ်တက္ကသိုလ်မှာ တက်ရောက်ခိုင်းရန်အတွက် ဆန္ဒရှိနေပါတယ်။ ဒေးဗစ်ဟာ အသက် ၉ နှစ်အရွယ်နဲ့ ကမ္ဘာ့အိုင်ကျူ အမြင့်ဆုံးသူများ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

Source > ‘I want to be an astrophysicist’: 9-year-old graduates high school

 

International News Latest Post Read 190 times