Sales Hotline : 09448001653       Download App



ဘဝကို အရှုံးမပေးပဲ မဟာဘွဲ့အထိရအောင်ယူပြခဲ့တဲ့ အသက် ၈၉နှစ် အရွယ်ရှိ အဖွားအို

 

အင်္ဂလန်နိုင်ငံမှ အဘွားအိုဂျိုအန်ဒိုနဗန်ဟာ ကောလိပ်မှ ဘွဲ့ရချိန်တွင် အသက် ၈၅ နှစ်ရှိပြီဖြစ်သော်လည်း သူမရဲ့သင်ယူခြင်းကို မရပ်တန့်ချင်သေးတဲ့အတွက် နောက်ထပ် ၄ နှစ်အကြာမှာ Southern New Hampshire University မှ တီထွင်ဖန်တီးမှုဆိုင်ရာ အရေးအသားမေဂျာ (Creative Writing) နဲ့ မဟာဘွဲ့ကို ရရှိခဲ့ပါသေးတယ်။

 

ဂျိုအန်က စာဖတ်ရခြင်းကို နှစ်သက်ပါတယ်။ ဒါကြောင့်လည်း မဟာဘွဲ့ရအောင်ထိ ဆက်လက်ကြိုးစားခဲ့တာပါ။သူ့ဝါသနာနဲ့ ကိုက်ညီနဲ့ မေဂျာကိုရွေးချယ်တက်ရောက်ခဲ့တဲ့ ဂျိုအန်ဟာ ကျောင်းတက်ဖို့ကို အမြဲတမ်းပျော်ရွှင်နေတဲ့သူတစ်ယောက်ပါ။ သူ့ဘေးနားမှာ ထူးချွန်ထက်မြက်တဲ့လူတွေ၊ ဉာဏ်ရည်မြင့်မားတဲ့သူတွေ၊ ပါမောက္ခတွေအများကြီး ဝန်းရံနေပြီး လူတိုင်းကလည်း သူ့ကို အားပေးကူညီကြတယ်လို့ ဂျိုအန်က ဆိုပါတယ်။ 

 

သူဟာ Southern New Hampshire University မှာတက်ရောက်ခဲ့တာဖြစ်ပြီး ကျောင်းတက်ရတဲ့ မိနစ်တိုင်းက သဘောကျစရာကောင်းလှပါတယ်တဲ့။ လေးနှစ်အကြာ ၂၀၂၂ ခုနှစ်ဒီဇင်ဘာလ ၁၃ ရက်နေ့ (ယခုအသက်၈၉နှစ်)  အရွယ်မှာပဲ ဂျိုအန်ဟာ ထိုတက္ကသိုလ်မှ တီထွင်ဖန်တီးမှုဆိုင်ရာ အရေးအသားမေဂျာ (Creative Writing) နဲ့ မဟာဘွဲ့ကို ရရှိခဲ့တာပါ။ 

 

အခုဆိုရင် ဂျိုအန်ဟာ သူမရဲ့အသစ်စက်စက်ရရှိထားတဲ့ မဟာဘွဲ့နဲ့ ရိုမန့်စ်-ကော်မဒီ ဝတ္ထုများ နှင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေကို စတင်ရေးသားနေပြီပဲဖြစ်ပါတယ်။ 

 

“ကျမဒီအိမ်မက်တွေလက်တွေ့ဖြစ်လာဖို့ နှစ်ပေါင်း ၆၀ စောင့်ခဲ့ရတယ်၊နောက်လူတွေကျရင် ဒီလိုမစောင့်ရရင်ကောင်းမှာပဲ”လို့သူမကပြောကြားခဲ့ပါတယ်။ သူမရဲ့ အတ္ထုပ္ပတ္တိမှာ သူမဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေအကြောင်း အများကြီးပါဝင်မှာပါ။

 

မြေး ၁၀ ဦးနဲ့ မြစ် ၉ ယောက်တို့ရဲ့ အဖွား ဂျိုအန်ဟာ သူမဘဝမှာ အရေးအကြီးဆုံး သင်ယူခဲ့ရတဲ့ အရာကတော့ ဘဝတစ်လျှောက်လုံးမှာ သင်ယူသူဖြစ်ဖို့ရယ် ဘဝတစ်လျှောက်လုံး ရယ်မောပျော်ရွှင်နိုင်ဖို့ဆိုတဲ့ အချက် ၂ ချက်ပဲဖြစ်ပါတယ်။ 

 

“ဘယ်တော့မှ အရှုံးမပေးနဲ့ ပထမအကြိမ်မှာ မအောင်မြင်ရင်လည်း ထပ်ပြီးကြိုးစားပါ၊ မင်းအိမ်မက်တွေတကယ်လက်တွေ့ဖြစ်လာပါလိမ့်မယ်” လို့ ဂျိုအန်က ပြောခဲ့ပါတယ်။ 

 

Latest Post International News Read 525 times