Sales Hotline : 09448001653       Download App



အခက်အခဲများကြားမှ သားဖြစ်သူနဲ့အတူတူ ဘွဲ့ရအောင်ယူနိုင်ခဲ့တဲ့ တစ်ကိုယ်ရေမိခင်

 

 

မေရီလန်းမှ မိခင်တစ်ဦး နှင့် သားဖြစ်သူတို့ဟာ လွန်ခဲ့သော အနှစ် (၂၀) ခန့်က ကတိပြုထားကြတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တက္ကသိုလ်တစ်ခုတည်းကနေ ဘွဲ့အတူတူရရှိခဲ့ကြပါတယ်။ 

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့က အသက် ၂၃ နှစ်ရှိ အီမန်နျူရယ်ပတ်တွန် နဲ့ အသက် ၆၃ နှစ်ရှိ ၄င်း၏ မိခင် ကာရိုလင်းတို့ဟာ Maryland Global Campus University ကနေ ဘွဲ့ကိုယ်စီယူခဲ့ကြတာပါ။ ကာရိုလင်းက လူမှုရေးဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး အီမန်ကတော့ ပြည်သူ့ဘေးကင်းရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့ကို ရယူခဲ့တာပါ။

 

အီမန်သူငယ်တန်းအရွယ်တုန်းက  သူ့ရဲ့အမေကို သူကြီးလာရင် ဘွဲ့အတူတူ ယူကြမယ်လို့ ကတိပေးခဲ့တာပါ။ ကာရိုလင်းဟာ သားသမီးနှစ်ယောက်ကိုကျွေးမွေးပြုစုရင်း ရုန်းကန်လှုပ်ရှား နေရတဲ့တစ်ကိုယ်ရေမိခင် (Single Mother) တစ်ဦးပါ။ နေ့စဥ်ဘဝရဲ့ အခက်အခဲများ၊ ရုန်ကန်လှုပ်ရှားရမှုများကသူမကို ဘွဲ့ရဖို့ ပိတ်ပင်တားဆီးနေတဲ့ အရာများပဲ ဖြစ်ပါတယ်။

 

ကာရိုလင်းဟာ မစ္စစ္စပီမှာရှိတဲ့ ကွန်မြူနတီကောလိပ်မှ အီလက်ထရွန်နည်းပညာ တွဲဖက်ဘွဲ့နှင့် အခြားကောလိပ်တစ်ခုမှ ဘွဲ့တစ်ခုကို ရရှိခဲ့ပေမယ့် တက္ကသိုလ်က ဘွဲ့တစ်ခုကို ရရှိဖို့ အမြဲကြိုးစားနေသူတစ်ဦးပါ။ အခုဘွဲ့ကို ရရှိဖို့အတွက် သူမဟာ နှစ်ကြိမ်ကြိုးစားခဲ့ရပါတယ်။ သူမရဲ့ ဘွဲ့ရဖို့အတွက် အိမ်မက်ကို အဆက်မပြတ် တွန်းအားပေးခဲ့သူကတော့ သူမရဲ့ သားပဲဖြစ်ပါတယ်။

 

ကာရိုလင်းရဲ့ ဘွဲ့ရဖို့အတွက် ကြိုးပမ်းခဲ့ရတဲ့ လမ်းကြောင်းက အခက်အခဲအများကြီးနဲ့ ပင်ပန်းကြမ်းတမ်းခဲ့ပါတယ်။ နှစ်နှစ်ကြာအောင် သူမသားနဲ့ စာလုပ်ဖို့အချင်းချင်း ကူညီအားပေးခဲ့ရပါတယ်။ ရှစ်နာရီကြာအောင်အလုပ်လုပ်ပြီး အိမ်အလုပ်တွေ ကလေးနှစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ လုပ်ကိုင်ပြီးနောက် စာလုပ်ဖို့အတွက် အာရုံစိုက်ရတာဟာ အလွန်ခက်ခဲကြောင်းကာရိုလင်းဟာ ဝမ်းနည်းစွာပဲ ဖွင့်ဟဝန်ခံလာပါတယ်။ 

 

ဒါပေမဲ့လည်း သားအမိနှစ်ဦးအကြားရှိထားတဲ့ ကတိအရ သူမဟာ ဘွဲ့မရရအောင်လုပ်မယ်လို့ ဆုံးဖြတ်ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးတော့ အီမန်ဟာ သူ့မိခင်နဲ့အတူတူ ဘွဲ့ယူတဲ့နေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံကို ဂုဏ်ယူစွာ မျှဝေနိုင်ခဲ့ပါတယ်။ 

 

ကာရိုလင်းဟာ ဒီဘွဲ့ကို အသုံးပြုပြီး သူမရဲ့ လက်ရှိအလုပ်ကနေ ပိုကောင်းတဲ့ ရာထူးရဖို့အတွက် ရည်ရွယ်ထားပါတယ်။ အီမန်ကတော့ ပညာရေးဆိုင်ရာအလုပ်မျိုးမှာ အကြံပေးလုပ်ကိုင်နိုင်ဖို့အတွက် အလုပ်ရှာဖွေနေပါတယ်။ 

 

ဘဝမှာဖြစ်ချင်တာကို ရအောင်လုပ်နိုင်ဖို့အတွက် ဇွဲ၊လုံ့လ၊ဝီရိယ နဲ့ အတူ ကြိုးစားပြီး မိမိရဲ့ အိမ်မက်တွေကို ဘယ်အရာကမှ လမ်းကြောင်းလွှဲတာမျိုးကို မခံမိစေဖို့ အီမန်တို့ သားအမိရဲ့ ဖြစ်ရပ်က ညွှန်ပြနေပါတယ်။


Ref; Mother and son graduate from the same university fulfilling kindergarten promise made 20 years ago :  scoop.upworthy.com

International News Latest Post Read 378 times