Sales Hotline : 09448001653   Find A Tutor     Download App



အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ အချိန်ပိုင်း နှင့် ဒီပလိုမာသင်တန်းများဖွင့်လှစ်မည်

 

 

အမျိုးသားစီမံခန့်ခွဲမှုကောလိပ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှ စတင်ပြီး အပတ်စဥ် စနေ နှင့် တနင်္ဂနွေ နေ့များတွင် နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ ဒီပလိုမာသင်တန်း နှင့် အချိန်ပိုင်းသင်တန်းများကို စတင်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

လျှောက်လွှာများကို ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မှ အောက်တိုဘာလ ၁၂ ရက်နေ့အထိ လက်ခံမည်ဖြစ်ပြီး အွန်လိုင်းတွင် လျှောက်ထားလိုပါက www.nmdc.edu.mm တွင်လည်းကောင်း ကျောင်းတွင် လူကိုယ်တိုင် သွားရောက်လျှောက်ထားလိုပါက ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ လေးထပ်စာသင်ဆောင်တွင်လည်းကောင်း ရုံးချိန်အတွင်း သွားရောက်လျှောက်ထားနိုင်သည်။ 

 

ပို့ချသင်ကြားမည့်ဘာသာရပ်များမှာ Diploma in Public Policy and Management - DPPM (ပြည့်သူ့ရေးရာမူဝါဒ နှင့် စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်း) နှင့် Certificate in Economics and Finance - CEF (စီးပွားရေး နှင့် ဘဏ္ဏာရေးလက်မှတ်ရသင်တန်း) တို့ဖြစ်ကြသည်။ 

 

ဒီပလိုမာသင်တန်းမှာ သင်တန်းကာလ (၁) နှစ်ကြာမြင့်မည်ဖြစ်ပြီး certificate သင်တန်းမှာ သင်တန်းကာလ (၃) လ ကြာမြင့်မည်ဖြစ်သည်။ ဒီပလိုမာသင်တန်းအတွက် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။ certificate သင်တန်းအတွက်မှာမူ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူဖြစ်ရမည်။ 

 

သင်တန်းကြေးမှာ ဒီပလိုမာသင်တန်းအတွက် ၂၀၀၀၀၀/- ကျသင့်မည်ဖြစ်ပြီး (၂) ကြိမ်ခွဲသွင်းနိုင်သည်။ Certificate သင်တန်းအတွက် ၉၀၀၀၀/- ကျသင့်မည်ဖြစ်သည်။ လျှောက်လွှာတင်သွင်းရာတွင် လျှောက်လွှာနှင့်အတူ လိုင်စင်ဓာတ်ပုံ (၁) ပုံ၊ ဘွဲ့လက်မှတ်/အောင်လက်မှတ်မိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ တို့ကိုပါ ပူးတွဲတင်ပြရမည်။ 

 

အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၀၁ ၈၂၉၂၅၆၆၊ ၀၉ ၄၅၀၀၅၈၂၃၂ သို့ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

 

Local News University / College Read 1013 times