သြစတြီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဂရက်ဇ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် အင်္ဂါနေ့က သေနတ်ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ (၁၀) ဦး သေဆုံးပြီး လူ (၁၂) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။
။
အဆိုပါဖြစ်ရပ်သည် ဂရက်ဇ်မြို့ရှိ BORG Dreierschützengasse အထက်တန်းကျောင်းတွင် ဇွန်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ကျောင်းသား (၈) ဦး၊ ဝန်ထမ်း (၁) ဦးနှင့် သေနတ်သမားကိုယ်တိုင် သေဆုံးခဲ့သည်။
သံသယရှိသူ အသက် (၂၁) နှစ်အရွယ် သေနတ်သမားသည် အဆိုပါကျောင်း၏ ကျောင်းသားဟောင်းတစ်ဦး ဖြစ်ပြီး မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ သေနတ်သမားဟု သံသယရှိသူမှာ ပစ္စတိုတစ်လက်နှင့် သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ စာသင်ခန်းနှစ်ခန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းရှိ ရေချိုးခန်းအတွင်း မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။
အင်္ဂါနေ့ ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် ရဲများက ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီးနောက် အထူးတပ်ဖွဲ့ဝင်များ အပါအဝင် ကျောင်းသို့ သွားရောက်ကာ နံနက် (၁၀) နာရီခွဲတွင် အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ ကျောင်းအတွင်းရှိ ကျောင်းသားများအားလုံးကို ဘေးကင်းရာနေရာသို့ ခေါ်ဆောင်သွားပြီး အုပ်ထိန်းသူမိသားစုကို လာကြိုစေခဲ့သည်။
အဆိုပါဖြစ်ရပ်အတွက် နိုင်ငံတော်က ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သုံးရက် ပြုလုပ်ရန် ကြေညာထားပြီး ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်မိနစ်ငြိမ်သက်ရန် စီစဉ်ထားသည်။
ယခုပစ်ခေတ်မှုမှာ သြစတြီးယားနိုင်ငံသမိုင်းတွင် အပြင်းထန်ဆုံး ပစ်ခေတ်မှုတစ်ခုဖြစ်သည်ဟု ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြထားကြသည်။
Source - The Washington Post, TIME
=====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။