Sales Hotline : 09448001653       Download App



ကလေးငယ်များ Phonics သင်ကြားခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူး (၇) မျိုး

 

 

မိဘများအနေနဲ့ ဘဝမှာ အရေးအကြီးဆုံး အရာများထဲက တစ်ခုကတော့ မိမိရဲ့ ကလေးငယ်ကို စာသင်ကြားရမယ့်အရွယ် ကျောင်းမှာ ကောင်းကောင်းမွန်မွန်နဲ့ ပညာသင်ကြားနိုင်ပြီး ထူးချွန်တဲ့ သားငယ်၊သမီးငယ်တွေ ဖြစ်လာမှာကို မြင်တွေ့ခွင့်ရလိုခြင်းပဲဖြစ်ပါတယ်။ 

 

ကလေးငယ်တစ်ယောက်အနေနဲ့ ကျောင်းနေအရွယ် မူကြိုစတက်တာပဲဖြစ်ဖြစ် အရေးအကြီးဆုံး သင်ကြားရမယ့် အရာတွေထဲက တစ်ခုကတော့ အင်္ဂလိပ်စာကို အသံထွက်မှန်မှန်နဲ့ ဖတ်တတ်၊ရေးတတ်ခြင်းပါ။

 

ဒါဆို အခြေခံအကျဆုံးဖြစ်တဲ့ အင်္ဂလိပ်စာလုံးတွေရဲ့ အသံထွက်  Phonics ကို သင်ယူဖို့လိုလာပါပြီ။ ဒီဆောင်းပါးမှာတော့ ကလေးငယ်တွေအတွက် အင်္ဂလိပ်စာကို စတင်သင်ယူတဲ့နေအခါ Phonics သင်ယူခြင်းဖြင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူး (၇) မျိုးကို ဖေဖေ၊မေမေတို့အတွက် ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

 

  1. စာဖတ်ခြင်းဖြင့် ဦးနှောက်လေ့ကျင့်ခန်းဖြစ်စေခြင်း

 

စာဖတ်ခြင်းက ဦးနှောက်အတွင်းမှာရှိတဲ့ အာရုံကြောလမ်းကြောင်းအသစ်များကို ဖြစ်ပေါ်လာစေနိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေးတိုးမြင့်လာစေနိုင်ပါတယ်။ ကလေးများအနေနဲ့ စာဖတ်ခြင်း၊စာရေးခြင်းအပြင် Phonics သင်ကြားခြင်းသည် ကျိုးကြောင်းဆင်ခြင်ခြင်းကဲ့သို့သော ယေဘုယျတွေးခေါ်နိုင်စွမ်းကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးပါတယ်။

 

  1. Phonic မှန်မှန်နှင့်စာဖတ်ခြင်းက ပိုပြီးကောင်းမွန်စေခြင်း

 

“practice makes perfect”ဆိုတဲ့ဆိုရိုးလိုပါပဲ။ ကလေးများအတွက် စာဖတ်စွမ်းရည်က ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အရေးအကြီးဆုံးအရာတွေထဲကတစ်ခု ဖြစ်တာကြောင့် အသံထွက်ကောင်းမွန်မှုက အရေးပါပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ကလေးတွေဟာ ရင်းနှီးပြီးသား စကားလုံးတွေကို လျင်မြန်စွာ မှတ်မိနိုင်ပြီး စကားလုံးအသစ်တွေကို အလွယ်တကူပဲ အသံထွက်နိုင်တဲ့ ကျွမ်းကျင်တဲ့စာဖတ်သူတွေ ဖြစ်လာနိုင်ပါတယ်။

 

  1. စကားလုံးသင်္ကေတများကို မြန်မြန်ဆန်ဆန်မှတ်မိစေလာနိုင်ခြင်း

 

အသံထွက်ကနေတစ်ဆင့် စာဖတ်ခြင်းကို သင်ယူတဲ့ ကလေးတွေဟာ သင့်လျော်မှန်ကန်တဲ့ အသံထွက်နဲ့ စာလုံးသင်္ကေတတွေကို ကြားနိုင်၊ ခွဲခြားနိုင်၊ သိမြင်နိုင်ကာ ကြိုးကိုင်နိုင်တဲ့ အစွမ်းရှိပြီး အလွန်ကောင်းမွန်တဲ့ အသံထွက်နဲ့အတူ စာလုံးတွေကိုပါ ပိုမိုမှတ်မိလွယ်စေပါတယ်။

 

Advertisement 

Click Here> Lat War TSM Co.,Ltd.

  1. ကလေးရဲ့စိတ်ရှည်မှုနှင့် အာရုံစူးစိုက်မှုကို တည်ဆောက်ပေးနိုင်ခြင်း

 

ကလေးအများစုဟာ စာဖတ်ခြင်းကို လေ့ကျင့်တဲ့အချိန်မှာ လက်ထဲကစာအုပ်ကို ကိုင်ပြီး ငြိမ်ငြိမ်လေးစာဖတ်နိုင်ဖို့အတွက် အာရုံစူးစိုက်မှုကို လိုအပ်ပါတယ်။ ကလေးတွေက ဆရာတွေရဲ့ သွန်သင်ဆုံးမ လေ့ကျင့်မှုအောက်မှာ အချိန်ကြာလာတာနဲ့အမျှ အာရုံစူးစိုက်မှု ကောင်းမွန်တဲ့ ကျောင်းသားတွေ ဖြစ်လာနိုင်ပါတယ်။ 

 

  1. စာဖတ်ခြင်းဖြင့် ဝေါဟာရနှင့်ဘာသာစကားကို ကောင်းစွာနားလည်သဘောပေါက်ခြင်း

 

Phonics သင်ကြားခြင်းက ကလေးငယ်တွေကို စာဖတ်ခြင်းနားလည်နိုင်စွမ်းကို မြှင့်တင်ပေးပြီး စကားလုံးအသစ်တွေကို ဖတ်တဲ့အခါ နားလည်နိုင်စွမ်းကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က Phonics ကို စိတ်ဝင်တစား သင်ယူတဲ့ ကလေးတိုင်းမှာ အလိုအလျောက်ဖြစ်လာတာဖြစ်လို့ Phonics သင်ကြားခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ချက်ဖြစ်ပါတယ်။

 

  1. Phonics ပညာရေးမှ ကလေးများကို ဗဟုသုတတိုးပွားစေခြင်း

 

ကလေးငယ်များက ၄င်းတို့ရဲ့ စာဖတ်စွမ်းရည်ကို မြှင့်တင်ပြီး လူများ၊ နေရာများ နှင့် ၄င်းတို့ရဲ့ အတွေ့အကြုံအဖြစ်အပျက်များ အကြောင်းကို သင်ယူပြီး ထိုအခြေအနေမှာ သူတို့ ဘယ်လိုစိတ်ခံစားချက်ရှိမယ်ကအစ စိတ်ကူးယဥ်လာတတ်ကြပါတယ်။ Phonics သင်ကြားခြင်းဖြင့် ကလေးတွေဟာ ကမ္ဘာကြီးကိုမျက်လုံး အသစ်နှင့် မြင်ကြည့်နိုင်ပြီး ဗဟုသုတများလည်း တိုးပွားလာနိုင်ပါတယ်။

 

  1. ပျော်စရာကောင်းသော သင်ယူမှုအတွေ့အကြုံကိုရရှိခြင်း

 

Phonics သင်ကြားမှုပုံစံအမျိုးမျိုးရှိပါတယ်။ အကုန်လုံးက ကလေးတွေအတွက် စာသင်ရတာမျိုးနဲ့မတူပဲ ပျော်ဖို့ကောင်းပြီး စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ များသောအားဖြင့် ရုပ်ပုံကားချပ်လေးများ၊ ပုံပြင်များ၊ ဂိမ်းများနှင့် သီချင်းများက Phonics သင်ကြားခြင်းရဲ့ အခြေခံပါပဲ။ 

ဒီသင်ကြားနည်းတွေ အကုန်လုံးက ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို အများဆုံးရရှိနိုင်တဲ့ နည်းတွေဖြစ်တာကြောင့် ကျောင်းတွေ တော်တော်များများမှာလည်း ဒီနည်းလမ်းတွေကိုပဲ အသုံးပြုပြီး သင်ကြားကြပါတယ်။

 

Knowledge Kindergarten Pre-school Latest Post Read 871 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176