မြန်မာအမျိုးသမီးလေးတွေကို သီးသန့်ပေးအပ်တဲ့ Daughter Rising Scholarship

ဒီနေ့ မျှဝေပေးသွားမယ့် ပညာသင်ဆုကတော့ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသူလေးတွေ၊ စစ်ဘေးရှောင်အမျိုးသမီးတွေ၊ ငွေကြေးအဆင်မပြေတဲ့ အမျိုးသမီးလေးတွေအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးသွားမယ့် Daughter Rising Scholarship ပဲ ဖြစ်ပါတယ်။ ဒီပညာသင်ဆုရရင် ထိုင်း (သို့) ဘင်္ဂလားဒေ့ရှ်မှာ Bachelor ပရိုဂရမ်တွေ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Scholarship Organization - Daughter Rising

Host Countries - Thailand, Bangladesh 

Scholarship Type - Full and Partial Scholarships

Duration - (4) years

Degree Level - Bachelor Degree

Deadline - February 20, 2026

ဒီပညာသင်ဆုအစီအစဉ်မှာ Lotus Scholarship နဲ့ Orchid Scholarship ဆိုပြီး (၂) မျိုး ရှိပါတယ်။ 

Lotus Scholarship

ထူးချွန်တဲ့ကျောင်းသူတွေအတွက် ပညာသင်စရိတ်ကို အပြည့်အ၀ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ထောက်ပံ့ကြေးမှာ -

  • Tuition
  • Living Stipend
  • Visa Paperwork
  • School Supplies
  • Up to 25,000 THB တို့ပါဝင်ပါတယ်။

Orchid Scholarship

ကျောင်းလခ တစ်ဝက်စာ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ငွေကြေးလိုအပ်ချက် ပြနိုင်ရင် နေထိုင်စရိတ်အတွက် လစဉ်ကြေး ပေးအပ်သွားမှာ ဖြစ်ပါတယ်။

  •  Tuition

  • Up to 25,000 THB towards the required study abroad

    (သို့)
  • Living Stipend up to 10,000 THB for living expenses per month

  • Up to 25,000 THB towards the required study abroad

လျှောက်ထားနိုင်တဲ့ တက္ကသိုလ်များ

Thailand နဲ့ Bangladesh နိုင်ငံတွေက တက္ကသိုလ်တွေမှာ ဖော်ပြပါ ပရိုဂရမ်တွေကို ရွေးချယ် လျှောက်ထားရမှာ ဖြစ်ပါတယ်။

ရွေးချယ်တက်ရောက်နိုင်တဲ့ ဘာသာရပ်များ

  • Mental Health & Psychology 
  • Development
  • Conflict and Peace Studies
  • Ecology and Environmental Sustainability
  • Social Sciences
  • Public Administration, Policy and Governance
  • Education
  • Public Health
  • Communication Arts
  • Law
  • Journalism
  • History and Cultural Studies

ဒီပညာသင်ဆုကို ဘယ်လိုလူတွေ လျှောက်လို့ရလဲ?

  • မြန်မာနိုင်ငံ (သို့) ထိုင်းနိုင်ငံက တိုင်းရင်းသား လူနည်းစု အမျိုးသမီးများ
  • စစ်ရှောင်နေရသူများ၊ ခက်ခဲတဲ့ မိသားစုက မွေးဖွားလာသူများ
  • အနိမ့်ဆုံး အထက်တန်းပညာရေး အောင်မြင်ထားသူများ

ပညာသင်ဆုအတွက် ဘာတွေလိုအပ်မလဲ?

  • National ID
  • Acceptance Letter (တက္ကသိုလ်ဝင်ခွင့် ရရှိထားရပါမယ်၊ ပညာသင်ဆု လျှောက်နေချိန်မှာ မရှိသေးလည်းရ)
  • Academic Reference Letter
  • Professional Reference Letter (Optional)
  • Academic, Professional, or other Leadership Achievements (Optional)
  • Passport (Optional)

ဒီပညာသင်ဆု လျှောက်ထားသူတွေဟာ အောက်က Essay မေးခွန်းတွေကိုလည်း သေချာဖြေဆိုပေးဖို့ လိုပါတယ်။

1. Tell us about yourself! Where you are from, your ethnicity, family background, proudest achievements and anything else you think makes you who you are today. (150 words maximum)

ကိုယ့်ရဲ့ အကြောင်း၊ မိသားစုနောက်ခံနဲ့ ဘ၀မှာ ဂုဏ်ယူရဆုံး အောင်မြင်မှုတွေကို မေးတာပါ။ (စာလုံးရေ ၁၅၀)

2. How has the conflict in Myanmar impacted your life?  (200 words maximum)

မြန်မာမှာ ဖြစ်နေတဲ့ ပြသနာတွေက သင့်ဘ၀ကို ဘယ်လို အကျိုးသက်ရောက်မှုရှိလဲ? (စာလုံးရေ ၂၀၀)

3. What motivates you to pursue your chosen major, and why have you selected this university for your studies? (200 words maximum)

ဘယ်အရာတွေက ဒီမေဂျာနဲ့ ဒီတက္ကသိုလ်ကို ရွေးချယ်ဖို့ တွန်းအားဖြစ်စေခဲ့တာလဲ? (စာလုံးရေ ၂၀၀)

4. Describe the most challenging hardship(s) you have overcome and how you overcame it. (200 words maximum)

ဘ၀မှာ အကြီးမားဆုံး စိန်ခေါ်မှုက ဘာလဲဆိုတာနဲ့ အဲ့တာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတာ ပြောပြခိုင်းတာပါ။ (စာလုံးရေ ၂၀၀)

4. Upon graduation, how will you use your degree to help others or make the a world better place? (300 words maximum)

ဘွဲ့ရပြီးရင် လူ့အသိုင်းအဝိုင်းနဲ့ ကမ္ဘာကြီးကို ဘယ်လိုတွေ အကျိုးပြန်ပြုမလဲဆိုတာ ရေးပေးရမှာပါ။ (စာလုံးရေ ၃၀၀) 

ပညာသင်ဆု လျှောက်လွှာပိတ်ရက်ကတော့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့ဖြစ်ပြီး အင်တာဗျူးခေါ်မယ့်ရက်ကတော့ မတ်လ (၂၀) ရက်နေ့ကနေ ဧပြီလ (၁၅) ရက်နေ့အထိ ဖြစ်ပါတယ်။ ပညာသင်ဆု ရသွားသူတွေကိုတော့ မေလ (၅) ရက်နေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 

ပညာသင်ဆု လျှောက်ထားရန်

>> https://docs.google.com/forms/d/e/

ပညာသင်ဆုအကြောင်း ဖတ်ရှုရန်

>> https://daughtersrising.org/scholarship

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 4523 times