ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးလက်မှတ်ရသင်တန်း (Certificate in Child Care and Development) သင်တန်းကို (၉) လ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖူးသူများ တက်ရောက်နိုင်ပြီး အသက်အရွယ် ကန့်သတ်ထားခြင်း မရှိပါ။
သင်တန်းတက်ရောက်လိုသူများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့ကနေ (၃၀) ရက်နေ့အထိ ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လျှောက်ထားနိုင်သည်။
လျှောက်ထားရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖူးကြောင်း ထောက်ခံချက်၊ မှတ်ပုံတင်နှင့် လိုင်စင်ဓာတ်ပုံ (၅) ပုံတို့ကို ယူသွားနိုင်သည်။
ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ (၃၁) ရက်နေ့တွင် နံနက် (၉) နာရီမှ (၁၀) နာရီအထိ ဖြေဆိုရမည် ဖြစ်ပြီး မွန်းလွဲ (၁) နာရီတွင် လူတွေ့စစ်ဆေးမှု စတင်ပါမည်။
သင်တန်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၅) ရက်နေ့ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် တက်ရောက်ရပါမည်။
သင်တန်းကာလမှာ Level တစ်ခုလျှင် (၃) လဖြစ်ပြီး စုစုပေါင်း Level (၃) ခု တက်ရောက်ရပါမည်။ သင်တန်းကြေးမှာ Level တစ်ခုကို (၉) သောင်းကျပ် ဖြစ်ပါသည်။
=============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။