Sales Hotline : 09448001653       Download App



ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ Online Training အစီအစဉ်

** Unicode **

နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)သည်   ကိုဗစ်-၁၉ ကာလ   တက္ကသိုလ်များပိတ်ထားချိန်တွင်  ကျောင်းသား/ သူများအား အွန်လိုင်းမှ သင်ကြားနိုင်ရေးအတွက် ရည်ရွယ်၍ တက္ကသိုလ်ရှိ ဆရာ /ဆရာမများ အား E-Campus (Moodle) အွန်လိုင်းသင်ကြားရေးသင်တန်း အမှတ်စဉ်(၁)ကို ဧပြီလလယ်မှစတင်ကာ ပါမောက္ခချုပ်ကိုယ်တိုင်ဦးစီး လျက် သင်ကြားပို့ချခဲ့ကြောင်း သိရပါတယ်။

ဦးစွာအနေဖြင့် YUFL သည်   တက္ကသိုလ်များ   ပြန်လည်မဖွင့်နိုင်မီ ကျောင်းပြီးရန် လိုအပ်ချက်ရှိနေသည့် သင်တန်းအချို့ကို ဇူလိုင် (၁) ရက်တွင် အွန်လိုင်းသင်ကြားရေးစနစ်ဖြင့် ဖွင့်လှစ်ပို့ချ သွားရန် စီစဉ်လျက်ရှိပြီး ထိုသို့သင်ကြားပြသ ပေးမည့် ဆရာ ဆရာမများကို အဆိုပါသင်တန်းတွင် လေ့ကျင့်သင်ကြား ပေးခဲ့ခြင်းဖြစ်ဖြစ်ပါတယ်။

သင်တန်းသား ဆရာ /ဆရာမများကို ICT ကျွမ်းကျင်မှုများ   ဦးစွာလေ့လာဆန်းစစ်မှုပြုပြီးမှ အသင့်တော်ဆုံးဖြစ်သည့် (၉၈) ဦးကို  ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

အမှတ်စဉ်(၂)တွင် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျန်ရှိသည့် ဆရာ ဆရာမများနှင့် မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာ/ ဆရာမ စုစုပေါင်း (၂၅၀) ကို ထပ်မံ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အမှတ်စဉ် နှစ်ခုလုံးမှ ဆရာ /ဆရာမများအား မွမ်းမံသင်တန်းအဖြစ် ဇွန်လ ထဲတွင် ပြုလုပ်သွားမည်ဖြစ်ပါတယ်။

ဇူလိုင်လတွင် မဖြစ်မနေ အွန်လိုင်းမှ သင်ကြားပေးရ မည့် သင်တန်းများမှာ တရုတ်နိုင်ငံမှ လာရောက် သင်ယူသည့် မြန်မာစာကျွမ်းကျင်မှုသင်တန်း၊  မဟာဘွဲ့သင်တန်းနှင့် ဘွဲ့ယူရန် နီးကပ်နေပြီဖြစ်သည့် နောက်ဆုံး နှစ်သင်တန်းများ ဖြစ်ကြောင်း သိရပါတယ်။

အွန်လိုင်းစာသင်ခန်း သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ပါမောက္ခချုပ် က “YUFL ဟာ ကျောင်းရဲ့စာသင်ခန်းတွေကို ကျောင်း သား ကျောင်းသူများရဲ့ ဖုန်းထဲအရောက် ပို့ဆောင်သွားမှာ ဖြစ်ပါ တယ်။ ကျောင်းတွေ ပြန်ဖွင့်ရင်လည်း ကိုဗစ်-၁၉ ရောဂါ ကြောင့် ခပ်ခွာခွာနေဖို့ စည်းကမ်းသတ်မှတ်ချက်ဟာ ရှိနေ ဦးမှာ   ဖြစ်ပါတယ်။ စာသင် ခန်းမှာ ကျောင်းသားဦးရေ လျှော့ချပြီး သင်ကြားပို့ချဖို့ စီစဉ်ထားပါတယ်။ အွန်လိုင်းနဲ့ ပို့ချတဲ့အခါမှာ ကမ္ဘာမှာ အသုံးအများဆုံးဖြစ်တဲ့ Moodle Learning System ကို (၇၀) ရာခိုင်နှုန်းအသုံးပြုပြီး ကျန်တဲ့ (၃၀) ရာခိုင်နှုန်းကို Microsoft Teams Video Conferencing System  ကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ဆရာ /ဆရာမ တွေဟာ  ကျောင်းသားတွေအတွက်  အွန်လိုင်းစာသင်ခန်း ထဲမှာ resources တွေ၊  learning  activity တွေ၊ workshop တွေကို ဖန်တီးပေးထားပါတယ်။ အွန်လိုင်းစာသင်ခန်းပေါင်း (၁၀၀) ဖန်တီးထားရှိပြီးဖြစ်ပြီး နောက်ပိုင်းမှာ (၂၀၀) လောက် ထိရှိလာမှာဖြစ်ပါတယ်။ စီမံခန့်ခွဲမှုအနေနဲ့ ကျောင်းသား ကျောင်းသူ ထောင်ချီပြီး စာရင်းသွင်း လက်ခံ နိုင်ဖို့လည်း ပြင်ဆင်လျက်ရှိပါတယ်”ဟု ပြောပြသည်။

ဒုတိယပါမောက္ခချုပ် ဒေါက်တာမိမိအောင်က “ဆရာ /ဆရာမ တစ်ယောက်ဆီကနေ သင်ခန်းစာသုံးခုလောက် ဒီဇိုင်း ဆွဲနိုင်ခဲ့ပြီး (၄၂) ဦးက ဖန်တီးလုပ်ဆောင်နိုင်မှု ကောင်းတာ ကြောင့် ထူးချွန်ဆုများ ရရှိခဲ့ပါတယ်။ YUFL ဟာ တက္ကသိုလ် များ ရပ်နားထားချိန်မှာ အွန်လိုင်းသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်   လုပ်ဆောင် နိုင်ခဲ့ပြီး   အွန်လိုင်း သင်ကြားရေးစနစ်နဲ့ တက္ကသိုလ်ဖွင့်နိုင်တဲ့စနစ်ကို ရောက်ရှိ နေပြီဖြစ်ပါတယ်”ဟု ဝမ်းမြောက် စကား ပြောပြပါတယ်။

ယခုဖွင့်လှစ်သည့် အမှတ်စဉ်(၁)သင်တန်း၌ ထူးချွန် ဆုရရှိသူ (၄၂) ဦးအား ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ် ကျောင်းသားဟောင်းများအသင်းဥက္ကဋ္ဌ      ဒေါက်တာ သူရိန်နိုင်အောင်ဟိန်းက တစ်ဦးလျှင် ငွေကျပ်သုံး သောင်း စီ ချီးမြှင့်ခဲ့ပါတယ်။

အဆိုပါ E-Campus (Moodle) အွန်လိုင်းသင်ကြားရေး သင်တန်း အမှတ်စဉ်(၁)သည် တစ်လကြာဖွင့်လှစ် သင်ကြား လေ့ကျင့်ပြီးနောက် သင်တန်းဆင်းပွဲကို ယနေ့ ကျင်းပရာ သင်တန်းနည်းပြ  ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်နှင့် ဒုတိယပါမောက္ခချုပ်၊ တာဝန်ရှိသူများ၊ သင်တန်းသား ဆရာ ဆရာမများ၊ ဖိတ်ကြား ထားသူများ၊ သတင်းဌာနများမှ တာဝန်ရှိသူများက Microsoft Teams ကို အသုံးပြုကာ အွန်လိုင်းမှ   တက်ရောက် ခဲ့ကြသည်။   သင်တန်းဆင်းပွဲ မစတင်မီ   ဆရာမတစ်ဦးက   Moodle အပလီကေးရှင်း အသုံးပြု ပုံကို Video Clip ဖြင့် အွန်လိုင်းမှ Screen Share ပြုလုပ်ကာ ရှင်းလင်းပြသပြီး ဆရာ ဆရာမများကလည်း ၎င်းတို့၏ အွန်လိုင်းစာသင်ခန်းများကို ရှင်းလင်းပြသသည်။

ယခုကဲ့သို့   ကိုဗစ်-၁၉    ရောဂါကပ်ဘေးကြောင့် တက္ကသိုလ်၊ ကျောင်းများ၌ Face to Face စာသင်ကြားရန် အခက်အခဲဖြစ်နေချိန်တွင် ယခုကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားရေးစနစ်သည် လိုအပ်ချက် အနည်း ငယ်မျှ ရှိမည်ဆိုသော်လည်း ရေရှည်တွင် အကျိုးရှိအောင်မြင်မည့် သင်ကြားရေး စနစ်တစ်ခုဖြစ် လာမည်ဟု ပညာရေးအသိုင်း အဝိုင်းမှ သိရပါတယ်။

(YUFL)
                   

** Zawgyi **

ႏိုင္ငံျခားဘာသာတကၠသိုလ္(ရန္ကုန္)သည္   ကိုဗစ္-၁၉ ကာလ   တကၠသိုလ္မ်ားပိတ္ထားခ်ိန္တြင္  ေက်ာင္းသား/ သူမ်ားအား အြန္လိုင္းမွ သင္ၾကားႏိုင္ေရးအတြက္ ရည္႐ြယ္၍ တကၠသိုလ္ရွိ ဆရာ /ဆရာမမ်ား အား E-Campus (Moodle) အြန္လိုင္းသင္ၾကားေရးသင္တန္း အမွတ္စဥ္(၁)ကို ဧၿပီလလယ္မွစတင္ကာ ပါေမာကၡခ်ဳပ္ကိုယ္တိုင္ဦးစီး လ်က္ သင္ၾကားပို႔ခ်ခဲ့ေၾကာင္း သိရပါတယ္။

ဦးစြာအေနျဖင့္ YUFL သည္   တကၠသိုလ္မ်ား   ျပန္လည္မဖြင့္ႏိုင္မီ ေက်ာင္းၿပီးရန္ လိုအပ္ခ်က္ရွိေနသည့္ သင္တန္းအခ်ိဳ႕ကို ဇူလိုင္ (၁) ရက္တြင္ အြန္လိုင္းသင္ၾကားေရးစနစ္ျဖင့္ ဖြင့္လွစ္ပို႔ခ် သြားရန္ စီစဥ္လ်က္ရွိၿပီး ထိုသို႔သင္ၾကားျပသ ေပးမည့္ ဆရာ ဆရာမမ်ားကို အဆိုပါသင္တန္းတြင္ ေလ့က်င့္သင္ၾကား ေပးခဲ့ျခင္းျဖစ္ျဖစ္ပါတယ္။

သင္တန္းသား ဆရာ /ဆရာမမ်ားကို ICT ကြၽမ္းက်င္မႈမ်ား   ဦးစြာေလ့လာဆန္းစစ္မႈျပဳၿပီးမွ အသင့္ေတာ္ဆုံးျဖစ္သည့္ (၉၈) ဦးကို  ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရပါတယ္။

အမွတ္စဥ္(၂)တြင္ ရန္ကုန္ႏိုင္ငံျခားဘာသာ တကၠသိုလ္မွ က်န္ရွိသည့္ ဆရာ ဆရာမမ်ားႏွင့္ မႏၲေလး ႏိုင္ငံျခားဘာသာတကၠသိုလ္မွ ဆရာ/ ဆရာမ စုစုေပါင္း (၂၅၀) ကို ထပ္မံ သင္ၾကားပို႔ခ်သြားမည္ျဖစ္ၿပီး အမွတ္စဥ္ ႏွစ္ခုလုံးမွ ဆရာ /ဆရာမမ်ားအား မြမ္းမံသင္တန္းအျဖစ္ ဇြန္လ ထဲတြင္ ျပဳလုပ္သြားမည္ျဖစ္ပါတယ္။

ဇူလိုင္လတြင္ မျဖစ္မေန အြန္လိုင္းမွ သင္ၾကားေပးရ မည့္ သင္တန္းမ်ားမွာ တ႐ုတ္ႏိုင္ငံမွ လာေရာက္ သင္ယူသည့္ ျမန္မာစာကြၽမ္းက်င္မႈသင္တန္း၊  မဟာဘြဲ႕သင္တန္းႏွင့္ ဘြဲ႕ယူရန္ နီးကပ္ေနၿပီျဖစ္သည့္ ေနာက္ဆုံး ႏွစ္သင္တန္းမ်ား ျဖစ္ေၾကာင္း သိရပါတယ္။

အြန္လိုင္းစာသင္ခန္း သင္တန္းဖြင့္လွစ္ရျခင္းႏွင့္ပတ္သက္၍ ပါေမာကၡခ်ဳပ္ က “YUFL ဟာ ေက်ာင္းရဲ႕စာသင္ခန္းေတြကို ေက်ာင္း သား ေက်ာင္းသူမ်ားရဲ႕ ဖုန္းထဲအေရာက္ ပို႔ေဆာင္သြားမွာ ျဖစ္ပါ တယ္။ ေက်ာင္းေတြ ျပန္ဖြင့္ရင္လည္း ကိုဗစ္-၁၉ ေရာဂါ ေၾကာင့္ ခပ္ခြာခြာေနဖို႔ စည္းကမ္းသတ္မွတ္ခ်က္ဟာ ရွိေန ဦးမွာ   ျဖစ္ပါတယ္။ စာသင္ ခန္းမွာ ေက်ာင္းသားဦးေရ ေလွ်ာ့ခ်ၿပီး သင္ၾကားပို႔ခ်ဖို႔ စီစဥ္ထားပါတယ္။ အြန္လိုင္းနဲ႔ ပို႔ခ်တဲ့အခါမွာ ကမာၻမွာ အသုံးအမ်ားဆုံးျဖစ္တဲ့ Moodle Learning System ကို (၇၀) ရာခိုင္ႏႈန္းအသုံးျပဳၿပီး က်န္တဲ့ (၃၀) ရာခိုင္ႏႈန္းကို Microsoft Teams Video Conferencing System  ကို အသုံးျပဳဖို႔ စီစဥ္ထားပါတယ္။ ဆရာ /ဆရာမ ေတြဟာ  ေက်ာင္းသားေတြအတြက္  အြန္လိုင္းစာသင္ခန္း ထဲမွာ resources ေတြ၊  learning  activity ေတြ၊ workshop ေတြကို ဖန္တီးေပးထားပါတယ္။ အြန္လိုင္းစာသင္ခန္းေပါင္း (၁၀၀) ဖန္တီးထားရွိၿပီးျဖစ္ၿပီး ေနာက္ပိုင္းမွာ (၂၀၀) ေလာက္ ထိရွိလာမွာျဖစ္ပါတယ္။ စီမံခန႔္ခြဲမႈအေနနဲ႔ ေက်ာင္းသား ေက်ာင္းသူ ေထာင္ခ်ီၿပီး စာရင္းသြင္း လက္ခံ ႏိုင္ဖို႔လည္း ျပင္ဆင္လ်က္ရွိပါတယ္”ဟု ေျပာျပသည္။

ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာမိမိေအာင္က “ဆရာ /ဆရာမ တစ္ေယာက္ဆီကေန သင္ခန္းစာသုံးခုေလာက္ ဒီဇိုင္း ဆြဲႏိုင္ခဲ့ၿပီး (၄၂) ဦးက ဖန္တီးလုပ္ေဆာင္ႏိုင္မႈ ေကာင္းတာ ေၾကာင့္ ထူးခြၽန္ဆုမ်ား ရရွိခဲ့ပါတယ္။ YUFL ဟာ တကၠသိုလ္ မ်ား ရပ္နားထားခ်ိန္မွာ အြန္လိုင္းသင္ၾကားေရးစနစ္ကို အေကာင္အထည္ေဖာ္   လုပ္ေဆာင္ ႏိုင္ခဲ့ၿပီး   အြန္လိုင္း သင္ၾကားေရးစနစ္နဲ႔ တကၠသိုလ္ဖြင့္ႏိုင္တဲ့စနစ္ကို ေရာက္ရွိ ေနၿပီျဖစ္ပါတယ္”ဟု ဝမ္းေျမာက္ စကား ေျပာျပပါတယ္။

ယခုဖြင့္လွစ္သည့္ အမွတ္စဥ္(၁)သင္တန္း၌ ထူးခြၽန္ ဆုရရွိသူ (၄၂) ဦးအား ရန္ကုန္ႏိုင္ငံျခား ဘာသာ တကၠသိုလ္ ေက်ာင္းသားေဟာင္းမ်ားအသင္းဥကၠ႒      ေဒါက္တာ သူရိန္ႏိုင္ေအာင္ဟိန္းက တစ္ဦးလွ်င္ ေငြက်ပ္သုံး ေသာင္း စီ ခ်ီးျမႇင့္ခဲ့ပါတယ္။

အဆိုပါ E-Campus (Moodle) အြန္လိုင္းသင္ၾကားေရး သင္တန္း အမွတ္စဥ္(၁)သည္ တစ္လၾကာဖြင့္လွစ္ သင္ၾကား ေလ့က်င့္ၿပီးေနာက္ သင္တန္းဆင္းပြဲကို ယေန႔ က်င္းပရာ သင္တန္းနည္းျပ  ပါေမာကၡခ်ဳပ္ ေဒါက္တာ ၾကည္႐ႊင္ႏွင့္ ဒုတိယပါေမာကၡခ်ဳပ္၊ တာဝန္ရွိသူမ်ား၊ သင္တန္းသား ဆရာ ဆရာမမ်ား၊ ဖိတ္ၾကား ထားသူမ်ား၊ သတင္းဌာနမ်ားမွ တာဝန္ရွိသူမ်ားက Microsoft Teams ကို အသုံးျပဳကာ အြန္လိုင္းမွ   တက္ေရာက္ ခဲ့ၾကသည္။   သင္တန္းဆင္းပြဲ မစတင္မီ   ဆရာမတစ္ဦးက   Moodle အပလီေကးရွင္း အသုံးျပဳ ပုံကို Video Clip ျဖင့္ အြန္လိုင္းမွ Screen Share ျပဳလုပ္ကာ ရွင္းလင္းျပသၿပီး ဆရာ ဆရာမမ်ားကလည္း ၎တို႔၏ အြန္လိုင္းစာသင္ခန္းမ်ားကို ရွင္းလင္းျပသသည္။

ယခုကဲ့သို႔   ကိုဗစ္-၁၉    ေရာဂါကပ္ေဘးေၾကာင့္ တကၠသိုလ္၊ ေက်ာင္းမ်ား၌ Face to Face စာသင္ၾကားရန္ အခက္အခဲျဖစ္ေနခ်ိန္တြင္ ယခုကဲ့သို႔ အြန္လိုင္းမွတစ္ဆင့္ ပညာသင္ၾကားေရးစနစ္သည္ လိုအပ္ခ်က္ အနည္း ငယ္မွ် ရွိမည္ဆိုေသာ္လည္း ေရရွည္တြင္ အက်ိဳးရွိေအာင္ျမင္မည့္ သင္ၾကားေရး စနစ္တစ္ခုျဖစ္ လာမည္ဟု ပညာေရးအသိုင္း အဝိုင္းမွ သိရပါတယ္။

(YUFL)
                   

Latest Post News Tips Read 3024 times