ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ (၂၀၂၆-၂၀၂၇) ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့် အောက်ပါ မဟာဘွဲ့သင်တန်းများသို့ မတ်လ (၃) ရက်နေ့မှ စ၍ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
(က) ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Executive Master of Banking and Finance- EMBF) Online သင်တန်း
(ခ) အာမခံလုပ်ငန်းဆိုင်ရာ မဟာဘွဲ့ (Master of Insurance - MI) Online သင်တန်း
အဆိုပါ မဟာဘွဲ့သင်တန်းများကို အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -
မဟာဘွဲ့သင်တန်းများအတွက် သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲနှင့် လူတွေ့အကဲဖြတ် စစ်ဆေးခြင်းတို့ကို လူကိုယ်တိုင် သွားရောက်ဖြေဆိုရပါမည်။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မေလ (၁၀) ရက်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) ၌ ကျင်းပပါမည်။
သင်တန်းအတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲတွင် သတ်မှတ်အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်၍ လက်ခံပါမည်။ သင်တန်းတက်ခွင့်ရရှိပါက သုတေသနကျမ်းစာအတွက် နှုတ်ဖြေစာမေးပွဲကို လူကိုယ်တိုင် သွားရောက် ဖြေဆိုနိုင်ရမည်ဖြစ်ပါသည်။
သင်တန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း (၁၀၃) တွင် မတ်လ (၃) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ (သတ်မှတ်ရက်အတွင်း) တင်သွင်းလျှောက်ထားနိုင်ပါသည်။
လိုအပ်သည့် စာရွက်စာတမ်းများ
ပြည့်စုံစွာဖော်ပြမှုမရှိသော လျှောက်လွှာများ၊ လုပ်သက်၊ ထောက်ခံချက်မပြည့်စုံသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
သင်တန်းများအတွက် ဖုန်းအမှတ် ၀၁၇-၅၂၆၆၁၃ (သင်တန်းရေးရာဌာန)၊ ၀၉-၄၄၂၆၃၁၈၉၈ (ဝါဏိဇ္ဇဗေဒဌာန)တို့တွင် အသေးစိတ်မေးမြန်း စုံစမ်းနိုင်ပါသည်။
=====================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။