YU မှာ တက်ရောက်နိုင်မယ့် ဥပဒေဆိုင်ရာဒီပလိုမာသင်တန်း (၃) ခု

ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေပညာ၊ အပြည်ပြည်ဆိုင်ရာဥပဒေပညာ၊ မူပိုင်ခွင့်ဆိုင်ရာဥပ‌ဒေပညာ ဒီပလိုမာသင်တန်းတို့ကို ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ဇူလိုင် (၁၆) ရက်နေ့မှ စတင်၍ လျှောက်လွှာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်မည့်သင်တန်းများ

  • စီးပွားရေးဥပဒေပညာ ဒီပလိုမာသင်တန်း (Diploma in Business Law)
  • အပြည်ပြည်ဆိုင်ရာဥပဒေပညာ ဒီပလိုမာသင်တန်း (Diploma in International Law)
  • မူပိုင်ခွင့်ဆိုင်ရာဥပ‌ဒေပညာ ဒီပလိုမာသင်တန်း (Diploma in Intellectual Property Law)

 

သင်တန်းဝင်ခွင့်အရည်အချင်း

DBL ၊ DIL နှင့် DIPL သင်တန်းများကို အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများ တက်ရောက်နိုင်ပါသည်။

သင်တန်းကာလ

(၉) လ

သင်တန်းအချိန်

သင်တန်းကို ဇူလိုင် (၂၃) ရက်နေ့ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီ တက်ရောက်ရပါမည်။

သင်တန်းသားဦးရေ ကန့်သတ်ချက်

စီးပွားရေးဥပဒေပညာသင်တန်းတွင် သင်တန်းသားဦးရေ (၂၀၀) နှင့် အပြည်ပြည်ဆိုင်ရာဥပဒေပညာ+မူပိုင်ခွင့်ဆိုင်ရာဥပ‌ဒေပညာသင်တန်း နှစ်ခုပေါင်း သင်တန်းသားဦးရေ (၁၀၀) သာ လက်ခံသင်ကြားမည်ဖြစ်သည်။ 

လျှောက်လွှာတင်ခြင်း

လျှောက်လွှာကို ဇူလိုင် (၁၆) ရက်မှ (၁၈) ရက်နေ့အထိ ရာမညဆောင်၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်တွင် သွားရောက် ထုတ်ယူပြီး အောက်ပါစာရွက်စာတမ်းများပါ ပူးတွဲတင်သွင်းရမည်။ 

  • ဘွဲ့လက်မှတ်မိတ္တူ (၂) စောင် (ဘွဲ့လက်မှတ်မူရင်း ပြရန်)
  • ဓာတ်ပုံ (၅) ပုံ
  • မှတ်ပုံတင်မိတ္တူ (၂) စောင် (မှတ်ပုံတင်မူရင်း ပြရန်)

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရာမညဆောင်၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်သို့ ရုံးချိန်အတွင်း သွားရောက်စုံစမ်းနိုင်သည်။ 

===================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 560 times