Sales Hotline : 09448001653       Download App



YSEALI Professional Fellows 2020 ပညာတော်သင်ဆုအတွက်လျှောက်လွှာများခေါ်ယူ

**Unicode**

 YSEALI Professional Fellows 2020 ပညာတော်သင်ဆုအတွက်လျှောက်လွှာများခေါ်ယူနေပြီဖြစ်ပါသည်။ လျှောက်လွှာကို မတ်လ (၁) ရက်နေ့ နောက်ဆုံးထားလျှောက်ထားရပါမည်။ ယခုပညာတော်သင်ဆုသည် အသက် (၂၃) နှစ်မှ (၃၅) နှစ်အကြားက မြန်မာများ အမေရိကန်ပြည်ထောင်စုတွင် သီတင်းပတ် (၅) ပတ်ကြာနေထိုင်ပြီး နိုင်ငံတစ်ဝန်းက အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းများ၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရဌာနများ၊ ပုဂ္ဂလိကကဏ္ဍရုံးများမှ အသင့်ပြင်ဆင်ထားသော လုပ်ငန်းခွင်များတွင် အမေရိကန်လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တစ်ယောက်ချင်းစီတိုက်ရိုက်တွဲဖက်လုပ်ဆောင်ရမည့်အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။

Civic Engagement, Economic Empowerment, Governance and Society, Sustainable Development and the Environment အစရှိသောနယ်ပယ်များအတွက် ခေါ်ယူခြင်းဖြစ်သည်။ 

International Schools (153) ႏုိင္ငံတကာေက်ာင္းမ်ား ႏွင့္ပတ္သက္ျပီး (၁၅၃)ခု ရွာရန္ႏွိပ္ပါ။

YSEALI အသင်းဝင်မဟုတ်သူများအနေနဲ့ (https://asean.usmission.gov/yseali) တွင် အသင်းဝင်နိုင်ပြီး လျှောက်လွှာကို (https://asean.usmission.gov/ys.../yseali-professional-fellows/) တွင်လျှောက်ထားနိုင်ပါသည်။ 

Source: Internet Journal

 

**Zawgyi**

 YSEALI Professional Fellows 2020 ပညာေတာ္သင္ဆုအတြက္ေလွ်ာက္လႊာမ်ားေခၚယူေနၿပီျဖစ္ပါသည္။ ေလွ်ာက္လႊာကို မတ္လ (၁) ရက္ေန႔ ေနာက္ဆံုးထားေလွ်ာက္ထားရပါမည္။ ယခုပညာေတာ္သင္ဆုသည္ အသက္ (၂၃) ႏွစ္မွ (၃၅) ႏွစ္အၾကားက ျမန္မာမ်ား အေမရိကန္ျပည္ေထာင္စုတြင္ သီတင္းပတ္ (၅) ပတ္ၾကာေနထိုင္ၿပီး ႏိုင္ငံတစ္ဝန္းက အက်ိဳးအျမတ္မယူတဲ့ အဖဲြ႔အစည္းမ်ား၊ ျပည္နယ္ႏွင့္ ေဒသႏၱရအစိုးရဌာနမ်ား၊ ပုဂၢလိကက႑ရံုးမ်ားမွ အသင့္ျပင္ဆင္ထားေသာ လုပ္ငန္းခြင္မ်ားတြင္ အေမရိကန္လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္အတူ တစ္ေယာက္ခ်င္းစီတိုက္ရိုက္တဲြဖက္လုပ္ေဆာင္ရမည့္အခြင့္အေရးတစ္ရပ္ျဖစ္ပါသည္။

Civic Engagement, Economic Empowerment, Governance and Society, Sustainable Development and the Environment အစရွိေသာနယ္ပယ္မ်ားအတြက္ ေခၚယူျခင္းျဖစ္သည္။ 

International Schools (153) ႏုိင္ငံတကာေက်ာင္းမ်ား ႏွင့္ပတ္သက္ျပီး (၁၅၃)ခု ရွာရန္ႏွိပ္ပါ။

YSEALI အသင္းဝင္မဟုတ္သူမ်ားအေနနဲ႔ (https://asean.usmission.gov/yseali) တြင္ အသင္းဝင္ႏိုင္ၿပီး ေလွ်ာက္လႊာကို (https://asean.usmission.gov/ys.../yseali-professional-fellows/) တြင္ေလွ်ာက္ထားႏိုင္ပါသည္။ 

Source: Internet Journal

International Latest Post News Read 1196 times