Sales Hotline : 09448001653       Download App



YOUTH International College

YOUTH International College

၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံ၏ ပထမဆုံး Cisco Learning Partner နှင့် Pearson VUE Authorized Test Center and CPA Venue Provider အဖြစ်ရရှိခဲ့ပြီး CPA Exam ကို YOUTH Computer Co., Ltd. တွင်သာ ဖြေဆို၍ ရရှိနိုင်ပါသည်။

၂၀၁၅  ခုနှစ် မတ်လမှ စတင်ပြီး အင်္ဂလန်နိုင်ငံမှ Edexcel အဖွဲ့အစည်းကြီးနှင့် ပူးပေါင်း၍ YOUTH International College အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး HND diploma in computing and systems development (Network Specialize) ကို ပြည်တွင်း၌ တက်ရောက်ပညာသင်ကြားနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ပါသည်။

YOUTH International College သည် Cisco Systems Inc.၊ (USA)၊ Edexcel (UK)၊ Pearson VUE စသည့် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် Learning Partner ဖြစ်ပြီး သင်တန်းကျောင်းခွဲပေါင်း ၂၀ကျော်ကို ဖွင့်လှစ်ထားပါသည်။

YOUTH International College သည် ရန်ကုန်မြို့တွင်သာ college အဖြစ်ဖွင့်လှစ်ထားပြီး တခြားနယ်များမှာ certificate တန်းခွဲများအဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။

YOUTH International College တွင် ကျောင်းသား၊ ကျောင်းသူများအတွက် online test center ထားရှိပေးခြင်း၊ စာသင်ခန်းတိုင်းတွင် လေအေးပေးစက်များနှင့်projector များတပ်ဆင်ပေးထားခြင်း၊ စာသင်ခန်း၊ စက်ခန်း၊ Lab အခန်း၊ ထမင်းစားခန်း၊ debate and brain storming အတွက်သီးသန့်ခန်းထားရှိခြင်း၊ laptops၊ desktops ကွန်ပျူတာအလုံး ၁၀၀ ကျော်ဖြင့် သင်ကြားပို့ချပေးနေခြင်း ဖြစ်ပါသည်။

YOUTH International College တွင် ပညာသင်ကြားနေသောဆရာများမှာ Cisco Systems Inc., အသိအမှတ်ပြု တရားဝင် ဆရာများအပြင် Master ဘွဲ့ရဆရာများဖြစ်ပါသည်။

သင်တန်းများနှင့်ပို့ချသည့်ဘာသာရပ်များ

YOUTH International College ၏ သင်တန်းများမှာ HND diploma in computing and systems development၊ Cisco Certified Network Associate (CCNA certificate)၊ CCNA (Security)၊ ICT(certificate)၊ Cisco Package၊ Network Engineer certificate၊ Practical A+၊ YMG Mobile Phone Hardware & Software တို့ဖြစ်ပါသည်။

YOUTH International College တွင် HND diploma in computing and systems development သင်တန်းကို ၂နှစ်တက်ရောက်ပြီးပါက higher diploma ကို ရရှိမည်ဖြစ်ပါသည်။

Higher diploma ပြီးလျှင် လုပ်ငန်းခွင်မ၀င်သေးပါက နောက်ဆုံးနှစ်ကို မြန်မာပြည်ဖြစ်စေ၊ နိုင်ငံခြားဖြစ်စေ တက်ရောက်ပြီး စုစုပေါင်း ၃ နှစ်ဖြင့် နိုင်ငံတကာ တက္ကသိုလ်မှ အသိအမှတ်ပြု ကွန်ပျူတာဘွဲ့ကို ရရှိ မည်ဖြစ်ပါသည်။

HND diploma in computing and systems development သင်တန်းကို Edexcel(UK) နှင့် YOUTH International College တို့ပူးပေါင်းဖွင့်လှစ်ထားပါသည်။

Courses.

No.

Name

Duration

Student

Fee

1.

HND diploma in computing and systems development

၂၂ လ

၂၀

၇,၂၀၀,၀၀၀(discount)

2.

CCNA (Security)

၅ လ

 

၃၀၀,၀၀၀(discount 20,000)

3.

Network Engineer

၎ လ

 

၁၉၀,၀၀၀(discount 10,000)

4.

Practical A+

၂ လ

 

၉၀၀၀၀ (discount 5,000)

5.

YMG Mobile Phone Hardware & Software

၂ လ

 

၄၆၀,၀၀၀(discount 60,000)

6.

ICT certificate

၉ လ

 

၇၉၀,၀၀၀(discount 90,000)

7.

CCNA certificate

၅ လ

 

၆၀၀,၀၀၀(discount 20,000)

8.

Cisco  Package

၅ လ

 

၁,၃၀၀,၀၀၀(discount 20,000)

 

သင်တန်းကြေးများ

YOUTH International College တွင် သင်တန်းကြေးမှာ တစ်နှစ်ကို ကျပ် ၃,၀၀၀,၀၀၀ ၊ ၂ နှစ်အတွက်က ကျပ် ၆,၀၀၀,၀၀၀ ဖြစ်ပါသည်။

HND diploma in computing and systems development သင်တန်းကို တက်ရောက်လိုသူများသည် ဘွဲ့ရပြီးပါက HND သင်တန်းကို တန်းတက်ရမည်ဖြစ်ပြီး ဘွဲ့မရသေးပါက သတ်မှတ်ထားသော ဖြည့်စွက် course ကို တက်ရမည်ဖြစ်ပါသည်။

ဖြည့်စွက် course အတွက် သင်တန်းကြေးမှာ (၁၅) သိန်းဖြစ်ပြီး သတ်မှတ်ရက်အတွင်းလာရောက်အပ်နှံပါက discount (၃) သိန်းရရှိမည်ဖြစ်ပါသည်။

England က Edexcel ကို register လှမ်းလုပ်ရသော Fees က၂၃၉ ပေါင် ဖြစ်ပြီး စုစုပေါင်းကုန်ကျငွေမှာ discount ရက်အတွင်းမှီပါက ၇၂ သိန်းသာ ကျသင့်မည်ဖြစ်ပါသည်။

အခြားသင်တန်းတက်ရောက်လိုသူများသည်လည်း discount ၅,၀၀၀ မှ ၃၀,၀၀၀ အထိရှိပါသည်။

သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့်ဘွဲ့ရများတက်ရောက်နိုင်ပါသည်။

International/Private Read 1625 times