Sales Hotline : 09448001653       Download App



၁၀ တန်း သင်ရိုးဟောင်းဖြင့် စာမေးပွဲဖြေဆိုခွင့် ဆက်ရှိနေဦးမည်

လာမည့်ပညာသင်နှစ်များတွင် KG+12 သင်ရိုးညွှန်းတမ်းအသစ်များ ပြောင်းသွားပြီဖြစ်သော်လည်း တက္ကသိုလ်ဝင်တန်းသင်ရိုးဟောင်း ကျရှုံးသူများအနေနှင့် သင်ရိုးဟောင်းဖြင့်သာ စာမေးပွဲဖြေဆိုခွင့်ရှိသေးကြောင်း သိရသည်။

ထို့ပြင် နောက်ထပ်တစ်နှစ်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်လည်း သင်ရိုးဟောင်းဖြင့်ကို နောက်ဆုံးအနေဖြင့် ဖြေဆိုခွင့် ပေးထားဦးမည် ဖြစ်သည်။ 

 

အသေးစိတ်သိရှိရန် ပုံကို ထိပါ

No description available.

 

ယခုပညာသင်နှစ်တွင် Grade-4, Grade-7, Grade-10 တို့ သင်ရိုးအသစ်များပြောင်းလဲသင်ကြားနေပြီး လာမည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်Grade-5, Grade-8, Grade-11 သင်ရိုးအသစ် များကိုလည်းကောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-9 နှင့် Grade-12 သင်ရိုးအသစ်များကိုလည်းကောင်း ပြောင်းလဲသင်ကြားမည်ဖြစ်ပေရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်Grade-9 နှင့် Grade-12 သင်ရိုးအသစ် များပြောင်းလဲပြီးချိန်တွင် Grade-10 ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမည် မဟုတ်တော့ဘဲ အခြေခံပညာပြီးမြောက်ခြင်း စစ်ဆေးပြီးစီးကြောင်း Completion Certificate ချီးမြှင့်မည်ဖြစ်၍ အဆိုပါလက်မှတ်ရရှိသော ကျောင်းသား၊ ကျောင်းသူများအနေနှင့် မိမိနှစ်သက်ရာ သက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများကို တိုက်ရိုက်လျှောက်ထားနိုင်မည် ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲရှိတော့မည် မဟုတ်ပေ။

၁၂ တန်းပညာရေး စနစ်သစ်မှ KG သင်ရိုးသစ်ကို၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင်လည်းကောင်း၊ Grade-1 သင်ရိုးသစ်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင်လည်းကောင်း၊ Grade-2 သင်ရိုးသစ်ကို၂၀၁၈-၂၀၁၉ ပညာသင် နှစ်တွင်လည်းကောင်း၊ Grade-3 နှင့် အလယ်တန်းအဆင့် Grade-6 သင်ရိုးသစ်ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်လည်းကောင်း၊ Grade-4 ၊ Grade-7 နှင့် Grade-10 သင်ရိုးသစ်များကို ၂၀၂၀-၂၀၂၁ ယခုနှစ် ပညာသင်နှစ်တွင် လည်းကောင်း ပြောင်းလဲထားပြီးဖြစ်သည်။

Latest Post News Read 18608 times