Sales Hotline : 09448001653    



ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သင်ကြားရေးရာထူးများ ရာထူးတိုးမြှင့်ပြောင်းရွှေ့လျှောက်လွှာခေါ်ယူခြင်း

 ၁။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန် ဘာသာ၊ ကိုရီးယားဘာသာ၊ မြန်မာဘာသာ၊ ရုရှားဘာသာ၊ စပိန်ဘာသာ၊ ထိုင်းဘာသာ၊ သမိုင်း၊ နိုင်ငံတကာဆက်ဆံရေး ပညာ၊ အီတာလျံဘာသာ၊ ဘာသာဗေဒ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒဘာသာရပ်ဌာနများတွင် သတ်မှတ် အရည်အချင်းများနှင့်ပြည့်စုံသော ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ | တက္ကသိုလ်၊ ဒီဂရီကောလိပ်/ကောလိပ်များမှ ရာထူးတိုးမြှင့်လျှောက်ထားလိုသူ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက် ကထိက၊ နည်းပြများနှင့် အပြောင်းအရွှေ့လျှောက်ထားလိုသူ (အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်ထားသော တက္ကသိုလ်ဒီဂရီကောလိပ်/ကောလိပ်များအလိုက် အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် နှစ်သတ်မှတ်ချက်၊ အသားတင် ကာလပြည့်မီသူ) ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများသည် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများမှတစ်ဆင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ထံလိပ်မူ၍ အထောက်အထားများ ပြည့်စုံစွာဖြင့် ၁၅-၁၀-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ 

၂။ သတ်မှတ်ပုံစံနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ Website ဖြစ်သော www.yufl.edu.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

၃။ သတ်မှတ်ရက်ထက် ကျော်လွန်ပြီးတင်သွင်းသည့် လျောက်လွှာများနှင့် အချက်အလက်ပြည့်စုံမှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ 

၄။ အသေးစိတ်အချက်အလက်များကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဌာနမှူး(စီမံ/ဘဏ္ဍာ) ဖုန်း-၀၉-၂၅၀၀၇၅၀၉၉၊ ဌာနခွဲမှူး(စီမံ) ဖုန်း- ၀၉၂၅၄၃၈၃၁၆၈ ၊ ဌာနစုမှူး (စီမံ) ဖုန်း- ၀၉၄၂၀၁၂၄၀၇၆ နှင့် ရုံးဖုန်းအမှတ်(၀၉-၈၈၂၇၅၃၂၁၁) တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ရာထူးခေါ်စာနှင့် သတ်မှတ်ပုံစံများကို အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ Email ဖြင့်လည်း ဖြန့်ဝေပေးပို့ထားမည်ဖြစ်ပါသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
 

Latest Post News Read 595 times