Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဝန်ဆောင်မှုများကို အွန်လိုင်းမှရယူနိုင်

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၏ ဝန်ဆောင်မှုများကိုအွန်လိုင်းမှရယူနိုင် မည်ဟုUniversity of Yangon Library က ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းမှရယူနိုင်မည့် ဝန်ဆောင်မှုများမှာ စာအုပ်များ အလွယ်တကူရှာဖွေနိုင်ခြင်း၊ ငှားရမ်းမည့်နေ့ရက်ကို ကြိုတင်ချိတ်ဆက်နိုင်ခြင်း၊ ငှားရမ်းပြီးသား စာအုပ်ကို ငှားရမ်းရက် သက်တမ်းတိုးမြှင့်ခြင်းနဲ့ အချို့သော စာအုပ်များကို Download လုပ်ဆောင်ခြင်း စသည်တို့ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။

ကျောင်းသား/သူ၊ ဆရာ/ဆရာမများနှင့် သုတေသီများအနေဖြင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်(UYL)မှာ စုဆောင်းထားရှိသော အင်္ဂလိပ်၊ မြန်မာ စာအုပ်များ၊ eResource database များကို မိမိတို့နေအိမ်မှ UY website  https://www.uy.edu.mm/ မှတစ်ဆင့် UYLibrary ( https://www.uy.edu.mm/e-library/ ) မှာ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

ရှာဖွေရာတွင် လိုအပ်သည့် စာအုပ်များကို UYLibrary ရှိ Online Catalogue မှာ စာရေးသူအမည်၊ စာအုပ်အမည်၊ ပညာရပ်အမည်တို့ဖြင့် အလွယ်အကူ ရှာဖွေနိုင်မည်ဖြစ်သည်ဟုလည်း သိရပါတယ်။

Database A-Z အောက်တွင် eRsource database များမှ မိမိတို့လိုအပ်သည့် ebook များနှင့် article များကိုလည်း ရှာဖွေနိုင်မည်ဖြစ်သကဲ့သလို့ စာအုပ်ငှားကောင်တာမှ ငှားရမ်းထားတဲ့ စာအုပ်များကို စာအုပ်ငှားရက်ထပ်တိုးခြင်း ပြုလုပ်လိုပါက [email protected], ဖုန်း – ၀၉၅၁၅၃၇၂၅၀ မှ တစ်ဆင့် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

၎င်းအပြင် ရန်ကုန်တက္ကသိုလ်ရဲ့ Repository (uyr.uy.edu.mm) မှာ လွှင့်တင်ထားတဲ့ ပြည်တွင်း/ပြည်ပ သုတေသနစာစောင်များနှင့် ကျမ်းများ၏ အနှစ်ချုပ်များကို pdf full-text version နှင့် download ရယူ ဖတ်ရှုနိုင်မည်ဟု သိရပါတယ်။

သုတ/ရသ စာအုပ်များကို အသစ်ငှားရမ်းလိုပါက UYLibrary ရှိ Online Catalogue ရဲ့ https://www.uy.edu.mm/e-library/ မှ ငှားရမ်းလိုသော စာအုပ်ရဲ့ Call number (Class number, Author initial နဲ့ Accession number) တို့ကို မှတ်သားပြီး email, တယ်လီဖုန်းမှ တစ်ဆင့် ကြိုတင်အကြောင်းကြား၍ သတ်မှတ်သောရက်တွင် လာရောက် ငှားရမ်းနိုင်ကြောင်း University of Yangon Library က အသိပေး ထုတ်ပြန်ထားပါတယ်။

Credit: Internet Journal

Latest Post Tips Read 1009 times