Sales Hotline : 09448001653       Download App



ရန်​ကုန်​တက္ကသိုလ်​ နှစ်​လည်​ပန်းချီပြပွဲ

ရန်​ကုန်​တက္ကသိုလ်​ နှစ်​လည်​ပန်းချီပြပွဲ

၁၆ ကြိမ်​​မြောက်​ ရန်​ကုန်​တက္ကသိုလ်​ နှစ်​လည်​ပန်းချီပြပွဲ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို တတိယအကြိမ်​ ကံ့​ကော်​ရနံ့ပန်းချီပြပွဲ ဖြစ်ပါတယ်။

 

ရန်ကုန်တက္ကသိုလ် အနုပညာအသင်း ပန်းချီသင်တန်းမှ ကြီးမှူးကျင်းပသည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ပန်းချီပြပွဲကို ၂၀၁၉ သြဂတ်လ () ရက်မှ () ရက်နေ့အထိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ ( Recreation Center- RC ) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါတယ်။

 

ပြပွဲတွင် တက္ကသိုလ်​၊ ဒီဂရီ​ကောလိပ်​ အသီးသီးမှ ပန်းချီဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများ ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ပါတယ်။

 

ပြပွဲတွင် မိမိနှစ်သက်ရာဆေးဖြင့် ရေးဆွဲထားသော ပန်းချီကား () ကားအထိ ပါဝင်ပြသနိုင်ပါသည်။ ပန်းချီကားများသည် 2’ x 3’ ထက် မကြီးရပါ။

 

ပန်းချီကားများကို လိုအပ်​ပါက စီစစ်​မှုရှိပါမည်​။ အ​ကြောင်းကိစ္စတစ်​စုံ​တစ်​ရာ​ပေါ်​ပေါက်​လာပါက ပြပွဲကျင်းပ​ရေး​ကော်​မတီ၏ အဆုံးအဖြတ်​သာ အတည်​ဖြစ်​သည်​။ ပြပွဲဝင်​​ကြေးမှာ တစ်​ဦးလျှင်​ (၂၀၀၀) ကျပ်​ဖြစ်​ပါသည်​။

 

ပန်းချီကားမျာကို ဇူလိုင် ( ၂၀ ) မှ ( ၃၁ ) အထိ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမသို့ လာရောက်ပေးပို့နိုင်ပါသည်။ ပြပွဲ​နောက်​ဆုံး​နေ့တွင်​ ပန်းချီကားမျာကို ပြန်လည် လာယူရပါမည်။ သတ်မှတ်ရက်ထက် ကျော်လွန်ပြီးမှ လာယူသော ကားများအတွက် တာဝန်ယူမည် မဟုတ်ပါ။

 

Read More: မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

 

ပန်းချီကားများပေးပို့ရာတွင် ကျောင်းသားကတ် မိတ္တူ (သို့) ၀န်ထမ်းကတ် မိတ္တူ ယူဆောင်လာရပါမည်။ ပန်းချီကားများကို ချိတ်ဆွဲရန် အသင့်ပြင်ပေးရပါမည်။ ဘောင်၊ မောက်၊ ဧကွင်းအပြည့်အစုံ ပါလာရပါမည်။

 

ဆက်သွယ်ရန်ဖုန်း-၀၉၇၆၄၃၄၁၉၀၄,၀၉၇၉၆၄၆၄၅၀၃


လိပ်စာ - ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမ၊ ၀ိဇ္ဇာခန်းမနောက်ဖက်။

 

ကျင်းပမည့်ရက် (--၂၀၁၉)မှ (-၈၂၀၁၉) ဖြစ်ပါသည်။

 

Source: University News

News Read 1414 times