Sales Hotline : 09448001653       Download App



ဝူဟန်မြို့ရှိ ၁.၄ သန်းခန့်သော ကျောင်းသားများ ကျောင်းပြန်တက်ကြပြီ

တရားဝင်အချက်အလက်များအရ ဝူဟန်မြို့ရှိ သူငယ်တန်းကျောင်း၊ မူလတန်းကျောင်း နှင့် အလယ်တန်းကျောင်း ပေါင်း ၂၈၄၂ ကျောင်းသည် ၁.၄ သန်းခန့်သော ကျောင်းသားများကို ကြိုဆိုရန် ကျောင်းဂိတ်ပေါက်များကို ၂၀၂၀ စက်တင်ဘာလ ၁ ရက် အင်္ဂါနေ့က ပြန်လည် ဖွင့်ပေးခဲ့ကြောင်း သိရသည်။ 

မြို့တော် ပညာရေးဗျူရို၏ အဆိုအရ ဝူဟန်မြို့ရှိ မူလတန်းနှင့် အလယ်တန်းကျောင်းသားများသည် ကျောင်းတွင် မတ်စ်များ ဝတ်ဆင်ရန် မလိုသော်လည်း ကျောင်းသို့ သူတို့နှင့် အတူ မတ်စ်များ သယ်ဆောင်သင့်သည်ဟု ဆိုထားသည်။ 

COVID-19 ကပ်ရောဂါသည် တရုတ်နိုင်ငံတွင် ကူးစက်နှုန်း လျော့နည်းသွားသော်လည်း ကျောင်းများအားလုံးသည် ကျောင်းသားများ၏ ကျန်းမာရေးကို ကာကွယ်ရန် ကပ်ရောဂါတိုက်ဖျက်ရေးအစီအမံများကို ပြုလုပ်နေဆဲဖြစ်သည်။ 

COVID-19 စတင်ဖြစ်ပွားပြီး သေဆုံးမှု အများဆုံးဖြစ်ခဲ့သော ဝူဟန်မြို့သည် ယခုလက်ရှိတွင် ကူးစက်မှု အသစ်တစ်စုံတစ်ရာဖြစ်ပွားခြင်း မရှိသေးပါ။

တရုတ်ပြည်မကြီးတွင် တစ်နိုင်ငံလုံး အနေဖြင့် တနင်္လာနေ့အထိ COVID-19 ဖြစ်ပွားမှု ၂၁၆ ခုရှိကြောင်း အတည်ပြုခဲ့သည်။

By Myanmar Education Guide – EDGE 

Source: xinhuanet 


 

Latest Post News Read 5005 times