Sales Hotline : 09448001653       Download App
ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်းမှ သင်တန်းသားများခေါ်ယူခြင်း
** Unicode **
၁။ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် တိုတယ်မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရတနာစီမံကိန်း) တို့ပူးပေါင်း၍ ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) တွင် အောက်ဖော်ပြပါ ကာလတိုသင်တန်းများအားဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်းနှင့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူမျာ လျှောက်ထားနိုင်ပါသည်။
၂။ သင်တန်းအားလုံးအတွက် လျှောက်ထားသူများသည် နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ဂဟေဆက် လက်တွေ့လုပ်ငန်းအား အမှန်တကယ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။ သင်တန်းတက်ခွင့်ရသောနေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ်ထက်မကြီးသူဖြစ်ရမည်ဖြစ်ပါသည်။
၃။ လုပ်ငန်းခွင်ကျွမ်းကျင်သောသူများ မွေးထုတ်ပေးနိုင်ရေးအတွက် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။ သတ်မှတ်ကျောင်းခေါ်ချိန်ပြည့်မီ၍ သင်တန်းစာမေးပွဲအောင်မြင်သူများသည် သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိမည်ဖြစ်ပါသည်။
၄။ ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) သို့တက်ရောက်ခွင့်ရသူများသည် သင်တန်းကြေးအခမဲ့ဖြစ်ပြီး၊ သင်တန်းတက်ရောက်နေစဉ်ကာလအတွင် လစဉ်ငွေကျပ် (၃ သောင်း) ကိုရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ Arc Welding Training Course (SMAW, GMAW, GTAW) သင်တန်းမှ အသိအမှတ်ပြုလက်မှတ်ရ ထူးချွန်သော သင်တန်းသားများကို လက်တွေ့လုပ်ငန်းခွင်သင်တန်း တက်ရောက်ရန် ကုမ္ပဏီများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးပါမည်။ လက်တွေ့လုပ်ငန်းခွင်သင်တန်းတက်ရောက်ခွင့်ရပါက ရတနာစီမံကိန်းမှ ၎င်းသင်တန်းကာလတစ်လျှောက်သင့်လျှော်သောထောက်ပံ့ကြေးပေးမည်ဖြစ်ပါသည်။
၅။ သင်တန်းသားအတွက် လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) အတွက်ကုန်ကျစရိတ်ကို သင်တန်းသားမှ ကိုယ်တိုင်ကျခံရပါမည်။
၆။ သင်တန်းဖွင့်လှစ်မည့်ရက်မှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၃) ရက်ဖြစ်ပါသည်။သင်တန်းဖွင့်လှစ်မည့်နေရာမှာ ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပါသည်။ဖုန်းနံပါတ် ၀၉-၇၇၇၃၈၇၃၆၉၊ ၀၉-၄၂၆၁၄၉၆၁၉ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
College (108) ကောလိပ်နှင့်ပတ်သက်ပြီး (၁၀၈) ခုရှာရန်နှိပ်ပါ။
၇။ သင်တန်းလျှောက်လွှာများကို ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) တွင် (၂၄-၂-၂၀၂၀) ရက်မှစတင်၍ နံနက် (၉း၃၀) နာရီမှ ညနေ (၄) နာရီအတွင်း ထုတ်ယူနိုင်ပြီးလျှောက်လွှာများကို ပတ်စ်ပို့ဆိုဒ်ရောင်စုံဓာတ်ပုံ (၂) ပုံနှင့်အတူ ၎င်းသင်တန်းသို့ (၁၃-၃-၂၀၂၀) ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဖုန်းဆက်မေးမြန်းစုံစမ်းနိုင်ပါသည်။
Read More:>>>  (၂၀၂၀) ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု သင်္ချာဘာသာရပ်ဆိုင်ရာသိကောင်းစရာများ
(နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန)
(www.edge.com.mm)
** Zawgyi **
College (108) ကောလိပ်နှင့်ပတ်သက်ပြီး (၁၀၈) ခုရှာရန်နှိပ်ပါ။
Read More:>>>  (၂၀၂၀) ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု သင်္ချာဘာသာရပ်ဆိုင်ရာသိကောင်းစရာများ
(www.edge.com.mm)
Latest Post News Tips Read 1321 times