Sales Hotline : 09448001653       Download App



"ဂဟေအကြောင်းသိကောင်းစရာ" ဟောပြောပွဲ ကျင်းပမည်

Myanmar Society of Mechanical Engineers မှ ကြီးမှူး၍၊ စက်မှုအင်ဂျင်နီယာဘာသာရပ်အထူးပြုကျောင်းသားကျောင်းသူများ နှင့် အင်ဂျင်နီယာငယ်များအပါအဝင် စက်မှုအင်ဂျင်နီယာများအတွက် နည်းပညာဆိုင်ရာဟောပြောပွဲများ အပတ်စဉ်ပြုလုပ်သွားရန်စီစဉ်လျက်ရှိကြောင်း သိရပါသည်။ 

ပထမဦးဆုံး အစီအစဉ်အနေဖြင့်  "ဂဟေအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် "Welding" ဘာသာရပ်အကြောင်းသိကောင်းစရာများနှင့် ဆက်စပ်အလုပ်အကိုင်အခွင့်အလမ်းများ၊ လေ့လာပြင်ဆင်သင့်သည်များကို ဦးနိုင်သီဟစိုး မှဆွေးနွေးဟောပြောပေးမည်ဖြစ်ပါသဖြင့် စက်မှုအင်ဂျင်နီယာကျောင်းသားများနှင့် အင်ဂျင်နီယာများအားလုံးတက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

ဟောပြောမည့်သူ။ ။ ဦးနိုင်သီဟစိုး
Deputy General Manager, Ship Construction (Hull), MS-AMECC JV Company Limited

B.E., (mechanical), YIT
Dip. in International Welding Engineer
Dip. In International Welding Inspector
PE (Myanmar)

နေ့စွဲ။ ။ 2 November 2020
အချိန်။ ။ 10:00 am to 12:00 noon

ဟောပြောဆွေးနွေးမှုကို ယခု Myanmar Society of Mechanical Engineers ၏ Facebook Page တွင် Live လွှင့်မည်ဖြစ်ပါသည်။ စိတ်ဝင်စားသူအားလုံး အခမဲ့တက်ရောက်နိုင်ပါသည်။

>>> Click Here <<< 

Source: Myanmar Society of Mechanical Engineers

Latest Post News Read 730 times