Sales Hotline : 09448001653       Download App



(Covid-19) ကြောင့် ၂၀၂၁ နွေ ဦး အားလပ်ရက်ကိုဖျက်သိမ်းလိုက်သည့် အိုဟိုင်းယိုတက္ကသိုလ်

အမေရိကန် နိုင်ငံ အိုဟိုင်းယိုးပြည်နယ်တွင် လာမည့် စာသင်နှစ်အတွက် နွေရာသီအားလပ်ရက်များကို ဖျက်သိမ်းရန်ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

အကြောင်းအရင်းမှာ တက္ကသိုလ်များတွင် Covid-19 ရောဂါကူးစက်မှုကို ကာကွယ်ရန်အတွက် ဖြစ်သည်။ ကျောင်းသားများ၊ ဆရာများနှင့် ၀န်ထမ်းများ အတွက် သောကြာနေ့တွင် ထုတ်ပြန်ခဲ့သော စာအရ အမှုဆောင်ဒုဥက္ကဋ္ဌ နှင့် သင်းအုပ်ဆရာ Bruce A. McPheron မှ နွေရာသီအားလပ်ရက် တက္ကသိုလ်များတွင် သင်တန်းများမရှိတော့ဘဲ ဖေဖော်ဝါရီလ ၉ ရက်နှင့်မတ်လ ၃၁ ရက် နေ့တွင်သာ ပို့ချမှု နှစ်ခုရှိမည်ဟု ပါရှိသည်။

“ဒီနည်းလမ်းဟာ ကျောင်းသားနှင့် ဆရာများကို စာသင်နှစ်အတွက် အတူတကွ ရှိစေပြီး ခရီးသွားခြင်းနှင့် ပတ်သက်သည့် ထိတွေ့မှုများကို လျော့ချနိုင်မည်” ဟု McPheron မှ ရှင်းလင်းထားသည်။

“ကြားရတဲ့ သတင်းက သေချာပေါက် အကောင်းဆုံး မဟုတ်ပေမဲ့ ဒါဟာ ပိုပြီးသင့်တော်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော်ထင်တယ်၊ ကလေးတွေကို သူတို့အဆောင်မှာ သို့မဟုတ် အိမ်မှာ နေစေခြင်းကသူတို့ကို ပိုပြီးလုံခြုံစေတယ်” ဟု Ohio State University မှ ကျောင်းသား တစ်ဦးက ပြောကြားထားသည်။

ကြာသပတေးနေ့တွင် Ohio State University တွင် Covid-19 ကူးစက်သည့် ကျောင်းသားပေါင်း ၂၀၉၇ ရှိပြီးဖြစ်သည်။

ယခုနှစ် အစပိုင်းတွင် တိုင်းပြည်တွင် coronavirusကူးစက်မှုများနှင့် ကြုံတွေ့နေရစဉ် အချို့ကျောင်းသားများနှင့်၎င်းတို့၏မိသားစုများသည် ဘေးကင်းရန်အတွက် အိမ်တွင် နေထိုင်ရန်ရွေးချယ်ခဲ့ကြသည်။

သို့သော် အချို့မှာ သတိ‌ပေးချက်များကို လျစ်လျူရှုကာ ကမ်း‌ခြေများဆီသို့ အစုအပြုံလိုက်သွားခဲ့ကြသည်။ မတ်လလယ်တွင် ကောလိပ်တစ်ခုသည် နွေရာသီအားလပ်ရက်အဖြစ် မက်ဆီကန် ကမ်းခြေကို သွားရောက်ခဲ့ကြရာ ထိုကာလအတွင်း Covid- 19 ကူးစက်သူ ၆၄ ဦးအထိရှိခဲ့သည်ဟု Texas တက္ကသိုလ်မှ Austin သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

Ohio State Universityသည် ယခုနှစ် ဆောင်းဦးရာသီအတွက် စာသင်နှစ်ကို ဩဂုတ်လ ၂၅ရက်တွင်စတင်ခဲ့သည် ဖြစ်ရာ ယခုအခါ ရက်သတ္တပတ်အနည်းငယ်သာရှိသေးသည်။

McPheron အနေဖြင့်လည်း လာမည့် နွေရာသီအားလပ်ရက်တွင် ကျောင်းသားများနှင့် ဆရာများနှင့် ဝန်ထမ်းများအတွက် ကာကွယ်ရေးဆိုင်ရာ အစီအစဉ်များ စီစဉ်လိုကြောင်း ဆိုထားသည်။

OSU အနေဖြင့် လာမည့်စာသင်နှစ်တွင် လူကိုယ်တိုင်သင်သည့် သင်တန်းများနှင့် အွန်လိုင်းသင်တန်းများ ကိုတွဲဖွင့်ရန် စီစဉ်နေကြပြီး ဇန်နဝါရီလ ၁၁ ရက်မှစတင်ကာ ပထမအပတ်ကို အွန်လိုင်းသင်တန်း အဖြစ်သင်ကြားမည် ဖြစ်ပြီး ထိုအချိန်အပိုင်းသည် သီးသန့်နေထိုင်ရန်အတွက် လုံလောက်သည့် အချိန်ပမာဏ ဖြစ်သည်။

OSUသည် နွေရာသီအားလပ်ရက်တွင် လူကိုယ်တိုင်ပါဝင်နိုင်မည့် လှုပ်ရှားမှုကိုတတ်နိုင်သမျှ တိုးချဲ့နိုင်ရန် ကြိုးစားနေပြီး ထိုဆုံးဖြတ်ချက်များသည် Covid-19 ရောဂါ အခြေအနေများအပေါ် မူတည်၍ ပြောင်းလဲနိုင်သည် ဟု McPheron က ဆိုထားသည်။

ပုံသေအနေဖြင့် ဆရာများ၊ ကျောင်းသားများ နှင့် ဝန်ထမ်းများ အားလုံးသည် စမ်းသပ်မှုများ၊ အဆက်အသွယ်များကို ခြေရာခံခြင်း၊ မျက်နှာဖုံး နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း နှင့် အကွာအဝေးတစ်ခု တွင်နေထိုင်ခြင်း အစရှိသည့် စည်းကမ်းများကို မဖြစ်မနေလိုက်နာကြရမည် ဖြစ်သည်။

 

By Myanmar Education Guide- EDGE

Ref: CNN news

Latest Post News Read 461 times