Sales Hotline : 09448001653       Download App



သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်ပါရန်

** Unicode **

Covid-19 ကူးစက်ရောဂါ ဖြစ်ပွားခြင်းမှကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ‌၂၀၂၀ခုနှစ်၊ မေလ (၁၅)ရက်နေ့အထိ Stay at home ပြုလုပ်ရန် ညွှန်ကြားထားပါတယ်။

ထိုကာလအလွန်တွင်လည်း လက်ရှိဖြစ်ပွားနေသော ကူးစက်မှုအခြေအနေပေါ်မူတည်၍ နိုင်ငံတော်မှ ချမှတ်လမ်းညွှန်သည့်အတိုင်း၊ ကျောင်းသား/သူများနှင့် ဆရာ/ ဆရာမ ဝန်ထမ်းများအားလုံး ရောဂါအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါတယ်။

သင်တန်းအသီးသီး၏ ‌ပထမနှစ်ဝက် စာမေးပွဲ ဖြေဆိုရန်နှင့် ဒုတိယနှစ်ဝက် တက်ရောက်ရန်အတွက် လည်းကောင်း၊ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများ၏ နိုင်ငံခြားကျောင်းသို့ မာစတာ Program လျှောက်ထားခြင်းကြောင့် အချိန်မီ ကျောင်းပြီးနိုင်မှုနှင့် Internship ဆင်းရန် စိုးရိမ်ပူပန်မှုများကို ဤတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့မှ ကောင်းစွာ နားလည်သ‌ဘော‌ပေါက်ပါကြောင်းနှင့် ကူးစက်ရောဂါအန္တရာယ်ကင်းရှင်း‌‌ရေးအပါအဝင် အကောင်းဆုံး စဉ်းစား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိစေအပ်ပါတယ်။

International Schools (153) နိုင်ငံတကာကျောင်းများ နှင့်ပတ်သက်ပြီး  (၁၅၃)ခု ရှာရန်နှိပ်ပါ။

ပထမနှစ်ဝက် စာမေးပွဲ ဖြေဆိုရမည့်ရက်ကို ကိုယ်ပိုင်စာကြည့်ချိန် ရရှိပြင်ဆင်နိုင်ရန်အတွက် အနည်းဆုံး တစ်ပတ်ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ပါကြောင်း သိစေအပ်ပါတယ်။

Credit: University of Information Technology - UIT


** Zawgyi **

Covid-19 ကူးစက္ေရာဂါ ျဖစ္ပြားျခင္းမွကာကြယ္ႏိုင္ရန္အတြက္ ႏိုင္ငံေတာ္အစိုးရမွ ‌၂၀၂၀ခုႏွစ္၊ ေမလ (၁၅)ရက္ေန႔အထိ Stay at home ျပဳလုပ္ရန္ ၫႊန္ၾကားထားပါတယ္။

ထိုကာလအလြန္တြင္လည္း လက္ရွိျဖစ္ပြားေနေသာ ကူးစက္မႈအေျခအေနေပၚမူတည္၍ ႏိုင္ငံေတာ္မွ ခ်မွတ္လမ္းၫႊန္သည့္အတိုင္း၊ ေက်ာင္းသား/သူမ်ားႏွင့္ ဆရာ/ ဆရာမ ဝန္ထမ္းမ်ားအားလုံး ေရာဂါအႏၲရာယ္ ကင္းရွင္းေရးအတြက္ လိုက္နာေဆာင္႐ြက္ရမည္ ျဖစ္ပါတယ္။

သင္တန္းအသီးသီး၏ ‌ပထမႏွစ္ဝက္ စာေမးပြဲ ေျဖဆိုရန္ႏွင့္ ဒုတိယႏွစ္ဝက္ တက္ေရာက္ရန္အတြက္ လည္းေကာင္း၊ ေနာက္ဆုံးႏွစ္ ေက်ာင္းသားေက်ာင္းသူမ်ား၏ ႏိုင္ငံျခားေက်ာင္းသို႔ မာစတာ Program ေလွ်ာက္ထားျခင္းေၾကာင့္ အခ်ိန္မီ ေက်ာင္းၿပီးႏိုင္မႈႏွင့္ Internship ဆင္းရန္ စိုးရိမ္ပူပန္မႈမ်ားကို ဤတကၠသိုလ္ စီမံခန႔္ခြဲေရးအဖြဲ႕မွ ေကာင္းစြာ နားလည္သ‌ေဘာ‌ေပါက္ပါေၾကာင္းႏွင့္ ကူးစက္ေရာဂါအႏၲရာယ္ကင္းရွင္း‌‌ေရးအပါအဝင္ အေကာင္းဆုံး စဥ္းစား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိေစအပ္ပါတယ္။

International Schools (153) ႏုိင္ငံတကာေက်ာင္းမ်ား ႏွင့္ပတ္သက္ျပီး  (၁၅၃)ခု ရွာရန္ႏွိပ္ပါ။

ပထမႏွစ္ဝက္ စာေမးပြဲ ေျဖဆိုရမည့္ရက္ကို ကိုယ္ပိုင္စာၾကည့္ခ်ိန္ ရရွိျပင္ဆင္ႏိုင္ရန္အတြက္ အနည္းဆုံး တစ္ပတ္ႀကိဳတင္အသိေပး ေၾကညာသြားမည္ျဖစ္ပါေၾကာင္း သိေစအပ္ပါတယ္။

Credit: University of Information Technology - UIT


 

Latest Post News Tips Read 3264 times