Sales Hotline : 09448001653   Find A Tutor     Download App



မြန်မာနိုင်ငံရှိတက္ကသိုလ်များကို သုတေသနနှင့် ဆန်းသစ်တီထွင်မှု အခြေပြုတက္ကသိုလ်အဖြစ် မျှော်မှန်း

မြန်မာနိုင်ငံတက္ကသိုလ်များကို သုတေသနနှင့် ဆန်းသစ်တီထွင်မှု အခြေ ပြုတက္ကသိုလ်များ ဖြစ်လာစေရေး ရည်မှန်းထားတယ်လို့ ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အောက် တိုဘာ ၄ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ (၁၇) ကြိမ်မြောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု (Science, Technology and Innovation – STI) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် ကျန်းမာရေးနယ်ပယ်တို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါလှကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇွန် ၂၅ ရက်က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဆက်လက်၍ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ (National STI Policy) ကို ရေးဆွဲလျက်ရှိကြောင်း၊ အမျိုးသား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒသည် မြန်မာနိုင်ငံတက္ကသိုလ်များကို သုတေသနနှင့် ဆန်းသစ်တီထွင်မှု အခြေပြုတက္ကသိုလ်များ ဖြစ်လာစေရေး ရည်မှန်းချက်ထားရှိကြောင်း၊ တက္ကသိုလ်များတွင် Open Science Access Centres များ တည်ထောင်ရေးကို အားပေးလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ပညာရေးဝန်ကြီးဌာန အနေဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ အရည်အသွေးမြှင့်တင်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ အတွက် ရင်းနှီးမြှုပ်နှံရေး၊ အသုံးချသုတေသန အားပေးရေး၊ ၂၁ ရာစု သင်ရိုးညွှန်းတမ်းများ ရေးဆွဲရေး၊ အသင်းအဖွဲ့ အသွင်ဖြင့် သင်ကြား သင်ယူရေး၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိက ပူးပေါင်းမှု၊ တက္ကသိုလ်နှင့် အလုပ်ရုံများ ပူးပေါင်းမှုကို အားပေးရေး၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ထိရောက်စွာ၊ ကျွမ်းကျင်စွာ၊ ပွင့်လင်းမြင်သာစွာ အသုံးချရေးတို့ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals) အောင်မြင်ရေးအတွက် ဆန်းသစ်တီထွင်မှုများဖြင့် ဆက်လက်အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲ သို့ နိုင်ငံတကာမှ သိပ္ပံနှင့် နည်းပညာဝန်ကြီး ၄၀ ဦး တက်ရောက်ခဲ့ကြသလို ဂျပန်နိုင်ငံ သိပ္ပံနှင့် နည်းပညာမူဝါဒဝန်ကြီး Mr.HE Inoue Shinji လည်း တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။

Source: Internet Journal 

Government School Latest Post News Read 449 times