Sales Hotline : 09448001653       Download App



လတ်တလော Uniteam Training နဲ့ ပတ်သက်လို့ အမေးများတဲ့ မေးခွန်းများ

လတ်တလော သင်တန်းသားများအမေးများတဲ့ မေးခွန်းများ-

Q1: Uniteam Training ( UT)  မှာ ဘာသင်တန်းတွေတက်လို့ရနေပြီလဲ?
A1: All in one သက်တမ်းတိုး သင်တန်းတွေဖြစ်တဲ့ BST(Revalidation), PSCRB (Revalidation), AFF(Revalidation), MEO Class III updating နဲ့ ETO updating သင်တန်းပဲဖြစ်ပါတယ်။ ကို အပတ်စဉ် Online မှတစ်ဆင့် ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

Q2: ဒီအတန်းမှာ မတက်ဖြစ်ရင် နောက်တစ်တန်းဘယ်တော့လောက်ထပ်ဖွင့်ဖို့ရှိမလဲ?
A2: အပတ်စဉ် ဖွင့်ပေးနေပါတယ်။ သင်တန်းသားဦးရေပေါ်မူတည်၍ များရင်များသလိုဖွင့်ပေးမှာဖြစ်ပါတယ်။

Q3: တစ်တန်းမှာသင်တန်းသားဦးရေဘယ်နှစ်ယောက်လက်ခံမှာပါလဲ?
A3: အများဆုံး (20)ဉီးသာ လက်ခံသင်ကြားပေးပါတယ်။

Q4: သင်တန်းတက်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ?
A4: PSCRB(R) နဲ့ AFF(R) အတွက်ကတော့
Valid Medical Certificate, CDC, COC, All in one, Photo
BST(R) အတွက်ကတော့ Valid Medical Certificate, CDC, All in one, Photo
ETO updating နဲ့ MEO Class III updating အတွက် ကတော့ CDC, COC(All in one), Photo
သင်တန်းအပ်လိုပါကအောက်ဖော်ပြပါလင့်တွင် Booking လုပ်ထားပြီး Uniteam Training မှ ဆက်သွယ်လာသည့် email လိပ်စာအတိုင်း လိုအပ်တဲ့စာရွက်စာတမ်းများကို ပို့ပေးရမှာပဲဖြစ်ပါတယ်။ 
Booking Link >>>> Click Here

Q5: သင်တန်းကြေးကို ဘယ်လိုသွင်းရမှာလဲ?
A5: Online Banking (KBZ/AYA) မှတဆင့်ပေးသွင်းနိူင်ပါတယ်။
သင်တန်းကြေးပေးသွင်းပြီးကြောင်း အထောက်အထားကို Email မှတစ်ဆင့် တက်ရောက်မည့်သင်တန်းနာမည်၊ CDC နံပါတ်နဲ့အတူ ပြန်ပို့ပေးပါ။

Q6: ကျွန်တော်က C/O ပါ။ All in one သက်တမ်းတိုးဖို့ ဘာသင်တန်းတွေ တက်ရမလဲ?
A6: Officerရာထူးအတွက်ဆိုရင်တော့ PSCRB(R), AFF(R) သင်တန်းကို အပတ်စဉ် ဖွင့်ပေးနေပါတယ်။ 

Q7: ABအတွက်ဆိုရင်ရော?
A7: Rating ရာထူးအတွက်ဆိုရင်တော့ PSCRB(R) နဲ့ BST(R) သင်တန်းကို အပတ်စဉ် ဖွင့်ပေးနေပါတယ်။ 

Q8: သင်တန်းကြေးတွေက ဘယ်လောက်ပါလဲ?
A8: BST(R) = 20,000 Kyats + 4,000 Kyats (DMA သင်တန်းစာအုပ်ကြေး)
PSCRB(R) = 20,000 Kyats
AFF(R) = 20,000 Kyats
MEO Class III updating = 40,000 Kyats
ETO updating = 40,000 Kyats 

Q9: သင်တန်းချိန် ဘယ်လောက်ကြာလဲ?
A9: သင်တန်းပေါ်မူတည်ပြီး ၃နာရီမှ ၆နာရီအထိ

Q10: ဘယ် Software ကိုအသုံးပြုမှာပါလဲ?
A10: Miscrosoft Teams ကိုအသုံးပြုပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။
IT အခက်အခဲရှိတဲ့အချို့ကျောင်းသားတွေအနေနဲ့ ကြိုတင်ပြီး စမ်းသပ်ထားဖို့အကြုံပြုပါတယ်။

Q11: Moscrosoft Teams ကို join ဖို့ အတွက် ဘယ် device နဲ့အသုံးပြုရမလဲ?
A11: ဖုန်း ၊ Tablet ၊ ကွန်ပြူတာ အဆင်ပြေတာနဲ့ Join လို့ရပါတယ်။

Q12: ကျွန်တော်က တက်လက်စ Workshop skill သင်တန်းသားပါ၊ ဘယ်တော့ပြန်ဖွင့်မလဲသိချင်လို့ပါ?
A12: တက်လက်စသင်တန်းတွေက လက်တွေ့ပိုင်းတွေပါတာဖြစ်တဲ့အတွက် လက်ရှိဖြစ်ပွားနေတဲ့ COVID-19 အခြေအနေပေါ်မူတည်ပြီး ပြန်ဖွင့်တဲ့အခါ Uniteam  Page မှာ ပြန်ပြီးအကြောင်းကြားပေးမှာပဲဖြစ်ပါတယ်။

Q13: MEO Class l & II တွက် COC သက်တမ်းတိုးတက်ချင်ပါတယ်?
A13: ကျွန်တော်တို့ ဖွင့်ခွင့်လျှောက်ထားပါတယ် DMA ဖွင့်ခွင့်ရတာနဲ့ ကြေညာပေးပါမယ်။ Booking Linkမှတဆင့် ကြိုတင်စာရင်းပေးထားလို့ရပါတယ်။

Q14: တခြား သင်တန်းတွေရောဘယ်တော့ဖွင့်မှာလဲ?
A14: တခြားကျန်တဲ့သင်တန်းတွေကတော့ Physical Exercises တွေပါတာဖြစ်တဲ့အတွက် ယခုဖြစ်ပွားနေတဲ့ COVID-19 အခြေအနေ အရခေတ္တရပ်ဆိုင်းထားပြီး ပြန်ဖွင့်တဲ့အခါ Page မှာ အချိန်နဲ့တပြေးညီ ကြေညာ ပေးသွားမှာပဲဖြစ်ပါတယ်။

အခြားသင်တန်းများအတွက် ကြိုတင်စာရင်း ပေးထားလိုပါက UT Booking Link ကိုနှိပ်၍ တက်ချင်သည့်သင်တန်းကို စာရင်းပေးသွင်းထားနိူင်ပါတယ်။ Booking မှာ ဖြည့်ထားပေးတဲ့ ဖုန်းနံပါတ် သို့ Email ကို ဆက်သွယ်အကြောင်းကြားပေးမှာပဲဖြစ်ပါတယ်။

 

Latest Post News Read 913 times