Sales Hotline : 09448001653       Download App



ရေးဖြေစာမေးပွဲများ ကျင်းပနိုင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ အသိပေး 

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၀)ခု ရှိလစ်လပ် ရာထူး (၁၉၅) နေရာ အတွက် စာမေးပွဲများကျင်းပနိုင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အသိပေးကြေညာထားသည်။

ပထမအဆင့် ပဏာမ စစ်ဆေးခြင်း (Screening Rest) နှင့် ဒုတိယအဆင့် ရေးဖြေစာမေးပွဲများအသီးသီး ကျင်းပရန်  (၁၄-၇-၂၀၂၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် (၁၅-၇-၂၀၂၀) ရက်နေ့ထုတ် ကြေးမုံသတင်းစာ တို့တွင် ကြေညာချက် အမှတ် ၇/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။

သို့သော် ပြည်တွင်း ကူးစက်မှု ဟုသုံးသပ်ရသော Covid-19 ရောဂါ ကူးစက်ခံရသူများ ရှိလာသောကြောင့် ကြေညာထားသည့် အထက်ပါ  စာမေးပွဲများအား ကျင်းပနိုင်ခြင်း မရှိသေးဘဲ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများပေါ်မူတည်၍  ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်းသိရသည်။ 

ကျင်းပမည့်နေ့ရက်များကို နိုင်ငံပိုင်သတင်းစာများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website၊ Facebook Page နှင့် Myanmar National Web Portal တို့မှ တဆင့် အချိန်မီထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

By Myanmar Education Guide (EDGE)

Latest Post News Read 8114 times