Sales Hotline : 09448001653       Download App



ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းဖွင့်မည်

**Zawgyi**

ရန္ကုန္ပညာေရးတကၠသုိလ္ အမ်ိဳးသားလူ႔စြမ္းအားအရင္းအျမစ္ဖြံ႔ၿဖိဳးမႈဌာနမွ ေရွးဦးကေလးသူငယ္ ျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာ ဘြဲ႔လြန္ဒီပလိုမာသင္တန္းအပတ္စဥ္ (၃)အတြက္ ဝင္ခြင့္ေလ်ွာက္လႊာမ်ား ေအာက္တိုဘာ (၃၁) ရက္မွစ၍ ထုတ္ေပးေနၿပီျဖစ္ေၾကာင္း ၄င္းဌာနမွ သိရပါတယ္။
၄င္းသင္တန္းဝင္ခြင့္ေလ်ွာက္လႊာမ်ားကို www.yuoe.edu.mm တြင္Dip in ECCD သင္တန္းဝင္ခြင့္ေလ်ွာက္လႊာ Link မွ Download ရယူႏိုင္ၿပီး ေအာက္တိုဘာ (၃၁) ရက္မွ ႏိုဝင္ဘာ (၈) ရက္အထိ ရန္ကုန္ပညာေရးတကၠသုိလ္သင္တန္းေရးရာဌာနတြင္ တင္ရမည္ျဖစ္ၿပီး သင္တန္းသားဦးေရ ကန္႔သတ္မထားေၾကာင္း ရန္ကုန္ပညာေရးတကၠသုိလ္ သင္တန္းေရးရာဌာနထံမွ သိရပါတယ္။
၄င္းသင္တန္းကို ရန္ကုန္ပညာေရးတကၠသိုလ္တြင္ ဒီဇင္ဘာ (၂) ရက္တြင္ ဖြင့္လွစ္မည္ျဖစ္ၿပီး တနလၤာေန႔မွ ေသာၾကာေန႔ အထိ ညေန (၄) နာရီခြဲမွ (၆) နာရီအထိတက္ရမည္ျဖစ္ၿပီး သင္တန္းကာလသည္ (၁၀)လျဖစ္၍ သင္တန္းေၾကး(၂) သိန္းျဖစ္ပါတယ္။
သင္တန္းၿပီးဆုံးပါက Diploma in Early Childhood Care and Development (Dip ECCD) ဘြဲ႔ေပးအပ္မည္ျဖစ္ေၾကာင္း ၄င္းဌာနထံမွ သိရပါတယ္။
သင္တန္းတက္ေရာက္လိုသူမ်ားသည္ ဘြဲ႔ရရွိသူျဖစ္ရမည္ျဖစ္ၿပီး ရန္ကုန္အတြင္းရွိ ECCD စင္တာမ်ားႏွင့္ မူႀကိဳေက်ာင္းမ်ားတြင္ လက္ေတြ႔ကြင္းဆင္းႏိုင္သူျဖစ္ရန္ စသည္တို႔ သတ္မွတ္ထားၿပီးဝင္ခြင့္ရရွိရန္ ေရးေျဖ၊ ႏႈတ္ေျဖႏွင့္ လူတေြ႔စစ္ေဆးျခင္းမ်ား ေျဖဆိုရမည္ျဖစ္ေၾကာင္း အမ်ိဳးသားလူ႔စြမ္းအားအရင္းအျမစ္ဖြံၿဖိဳးမႈဌာနထံမွ သိရပါတယ္။
၄င္းသင္တန္းကို ၂၀၁၇ တြင္စတင္ဖြင့္လွစ္ခဲ့ေၾကာင္း သင္တန္းေရးရာဌာနထံမွ သိရပါတယ္။
Source: The Voice

Read More:>>> ေလးႏွစ္ပညာေရးဘြဲ႕သင္တန္းအတြက္ ေက်ာင္းသား၊ ေက်ာင္းသူ (၃၃၀၀) ေက်ာ္ဝင္ခြင့္ရ

**Unicode**

ရန်ကုန်ပညာရေးတက္ကသိုလ် အမျိုးသားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းအပတ်စဉ် (၃)အတွက် ဝင်ခွင့်လျှောက်လွှာများ အောက်တိုဘာ (၃၁) ရက်မှစ၍ ထုတ်ပေးနေပြီဖြစ်ကြောင်း ၎င်းဌာနမှ သိရပါတယ်။
၎င်းသင်တန်းဝင်ခွင့်လျှောက်လွှာများကို www.yuoe.edu.mm တွင်Dip in ECCD သင်တန်းဝင်ခွင့်လျှောက်လွှာ Link မှ Download ရယူနိုင်ပြီး အောက်တိုဘာ (၃၁) ရက်မှ နိုဝင်ဘာ (၈) ရက်အထိ ရန်ကုန်ပညာရေးတက္ကသိုလ်သင်တန်းရေးရာဌာနတွင် တင်ရမည်ဖြစ်ပြီး သင်တန်းသားဦးရေ ကန့်သတ်မထားကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် သင်တန်းရေးရာဌာနထံမှ သိရပါတယ်။
၎င်းသင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဒီဇင်ဘာ (၂) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့ အထိ ညနေ (၄) နာရီခွဲမှ (၆) နာရီအထိတက်ရမည်ဖြစ်ပြီး သင်တန်းကာလသည် (၁၀)လဖြစ်၍ သင်တန်းကြေး(၂) သိန်းဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက Diploma in Early Childhood Care and Development (Dip ECCD) ဘွဲ့ပေးအပ်မည်ဖြစ်ကြောင်း ၎င်းဌာနထံမှ သိရပါတယ်။
သင်တန်းတက်ရောက်လိုသူများသည် ဘွဲ့ရရှိသူဖြစ်ရမည်ဖြစ်ပြီး ရန်ကုန်အတွင်းရှိ ECCD စင်တာများနှင့် မူကြိုကျောင်းများတွင် လက်တွေ့ကွင်းဆင်းနိုင်သူဖြစ်ရန် စသည်တို့ သတ်မှတ်ထားပြီးဝင်ခွင့်ရရှိရန် ရေးဖြေ၊ နှုတ်ဖြေနှင့် လူတွေ့စစ်ဆေးခြင်းများ ဖြေဆိုရမည်ဖြစ်ကြောင်း အမျိုးသားလူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးမှုဌာနထံမှ သိရပါတယ်။
၎င်းသင်တန်းကို ၂၀၁၇ တွင်စတင်ဖွင့်လှစ်ခဲ့ကြောင်း သင်တန်းရေးရာဌာနထံမှ သိရပါတယ်။
Source: The Voice

Read More:>>> လေးနှစ်ပညာရေးဘွဲ့သင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူ (၃၃၀၀) ကျော်ဝင်ခွင့်ရ

News News Latest Post Read 685 times