Sales Hotline : 09448001653       Download App



သက်မွေးပညာရပ်ကို ငွေကျပ် (၃ သောင်း) ပါထောက်ပံ့ကြေးပေး၍ သင်တန်းပေးမည့် ရတနာဂဟေဆက်သင်တန်း

**Unicode**


အခြေခံပညာအလယ်တန်းအောင်မြင်သူများတက်ရောက်နိုင်မည့် ဂဟေဆက် သင်တန်းအတွက် သင်တန်းသားလျှောက်လွှာများကို စတင်ခေါ်ယူတော့မည်ဖြစ်ပါတယ်။

၎င်းသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် တိုတယ်မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရတနာစီမံကိန်း)တို့ပူးပေါင်းဖွင့်လှစ်သော သင်တန်းဖြစ်ပါတယ်။

သင်တန်းကို အခြေခံအလယ်တန်းအောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူများ တက်ရောက်သင်ကြားနိုင်ပါတယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အကျင့်စာရိတ္တကောင်းမွန်၍ လုပ်ငန်းခွင်နှင့် သင့်တော်သော ကျန်းမာရေးကောင်းမွန်သူ၊ သင်တန်းတက်ခွင့်ရသည့်နေ့တွင် အသက် (၁၈) နှစ်ထက်မကြီးသူများဖြစ်ရပါမယ်။

သင်တန်းကာလသည် (၆) ပတ်ကြာမြင့်မည်ဖြစ်ပါတယ်။ တက်ရောက်ခွင့်ရသူများသည် သင်တန်းကြေးအခမဲ့ဖြစ်ပါတယ်။
သင်တန်းတက်ရောက်နေစဉ်အတွင်း လစဉ်ငွေကျပ် (၃ သောင်း) ကိုရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်ပြီး သင်တန်းသားများအားလုံးအတွက် လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံအတွက် ကုန်ကျစရိတ်ကို သင်တန်းသားမှ ကုန်ကျခံရမည်ဖြစ်ပါတယ်။
သင်တန်းတက်ရောက်နေစဉ်အတွင်း လစဉ်ငွေကျပ် (၃ သောင်း) ကိုရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်ပြီး သင်တန်းသားများအားလုံးအတွက် လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံအတွက် ကုန်ကျစရိတ်ကို သင်တန်းသားမှ ကုန်ကျခံရမည်ဖြစ်ပါတယ်။

လျှောက်ထားလိုပါက ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) တွင် ဒီဇင်ဘာ (၂၁) ရက်မှ စတင်၍ နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီအတွင်းထုတ်ယူနိုင်မည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ ပတ်စ်ပို့ဆိုဒ်ရောင်စုံဓာတ်ပုံ (၂) ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ မွေးသက္ကရာဇ်နှင့်ပညာအရည်အချင်းအတွက်ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်များကို ပူးတွဲ၍ (၆-၁-၂၀၂၀) နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါတယ်။

Read More:>>>>>  ** အဝေးသင်ကျောင်းအပ်ရန် လိုအပ်သည့်အချက်များ **

အသေးစိတ်အချက်အလက်များသိလိုပါက ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) ဖုန်းနံပါတ် ၀၉-၇၇၇၃၈၇၃၆၉၊ ၀၉-၄၂၆၁၄၉၆၁၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

(www.edge.com.mm)

 

**Zawgyi**







Read More:>>>  ** အဝေးသင်ကျောင်းအပ်ရန် လိုအပ်သည့်အချက်များ **


(www.edge.com.mm)

News Latest Post Tips Read 2508 times